Return to Video

videos.engagemedia.org/.../sekolah-final-mp4.webm

  • 0:08 - 0:11
    ပါပူရာတို့ကျောင်း
  • 0:22 - 0:27
    ကျွန်တော်နေနေတဲ့ဟောဒီကမ္ဘာကြီးနဲ့ ပတ်သတ်သမျှအားလုံးကို ကျွန်တော် သိဖို့လိုပါတယ်။ ကျွန်တော့်ဝန်းကျင်ကဖြစ်ပျက်သမျှကိုလည်း ကျွန်တော် သိတယ်.
  • 0:27 - 0:29
    ပင်လယ်...ငါး...ပြီးတော့ ငါးကို ဘယ်လိုဖမ်းမယ် စသဖြင့်ပေါ့
  • 0:29 - 0:34
    ကျွန်တော်ကအမေနဲ့အတူ လယ်ထဲကို လိုက်လေ့ရှိတယ်။ အပင်တွေဘယ်လိုကြီးတယ်..အပင်တွေကို သဘာဝက ဘယ်လိုအစာအာဟာရပေးတယ်ဆိုတာကအစ ကျွန်တော်သိတယ်
  • 0:34 - 0:37
    အမေ့နောက်လိုက်ရင် ကျွန်တော်သိပ်ပျော်တယ်.
  • 0:39 - 0:44
    ဘာကများခက်ခဲနေရမှာလဲ။ ကျွန်တော်ကျောင်းကပြန်လာတယ်။ အိမ်စာတွေလုပ်ဖို့မလိုဘူးလေ.
  • 0:50 - 0:57
    ကိုလိုနီအချိန်တုန်းက ဆရာမတွေရဲ့ သင်ကြားနည်းက တစ်မျိုးဗျ.
  • 0:58 - 1:04
    ကလေးတွေကို စာရေး၊စာဖတ်တတ်ဖို့ သူတို့ သင်ကြားခဲ့တာဟာ ဒီနေ့ သင်ကြားနည်းနဲ့ အတော်ကွာတယ်.
  • 1:06 - 1:14
    အခုအချိန်မှာ အများစုက ကျောင်းသားကို ဖိအားပေးစနစ်နဲ့ သင်တယ်.
  • 1:34 - 1:36
    ဘာကြောင့်များ ကလေးတွေကို အိမ်စာတွေ ပေးနေဦးမှာလဲ.
  • 1:36 - 1:41
    ကျွန်တော်တို့ဟာ သူတို့လေးတွေပျော်ရွှင်အောင် ကစားချိန်ပေးသင့်တယ်။ ဒီတော့ သူတို့လေးတွေ ဆော့ ဖို့အချိန်ရပြီး ကောင်းကောင်းလည်းအိပ်ပျော်မယ်။
  • 1:41 - 1:43
    သူတို့ပခုံးပေါ်မှာ လေးလံတဲ့ ၀န်ထုပ်ဝန်ပိုးတွေ မရှိဘဲနဲ့ပေါ့ဗျာ.
  • 1:43 - 1:47
    သူတို့ခမျာ ကစားချင်တဲ့အချိန်မှာတောင် အိမ်စာတွေရှိပါသေးလားလို့ သတိရရှာကြသေးတာမဟုတ်လား။
  • 1:47 - 1:50
    သူတို့အမေတွေကို သူတို့မေးကြပေမယ့် အမေတွေကမှ အဲဒီအိမ်စာတွေကို နားမလည်တာ.
  • 1:50 - 1:53
    ဒီလိုပဲ အစ်ကိုတွေလည်းမေးရပြီ။ အဲဒီအချိန် အပြင်မှာကလည်း မှောင်နေပြီ။ နောက်ကျနေပြီ။ မနက်ဖြန်ဆို အိမ်စာက တင်ရတော့မှာ..
  • 1:53 - 1:59
    ဒီတော့ အိမ်စာတွေကြောင့် ဖိစီးနေရတာတွေကို ကန့်သတ်ဖို့လိုပြီ..
  • 2:06 - 2:11
    ပိုကြောက်လေ ပိုဖျဉ်းလေပါပဲ။ အကြောက်တရားက အတွေးအခေါ်ကို ပိုအားနည်းစေတယ်.
  • 2:16 - 2:22
    ဘာကြောင့်လဲဆိုတော့ တစ်ချို့ကလေးတွေက မြင်ရုံနဲ့နားလည်တယ်။တစ်ချို့က ကြားမှနားလည်တာ။ တစ်ချို့ကတော့ ဒီအတိုင်းကို နားလည်လွယ်တယ်.
  • 2:22 - 2:26
    ဒီကိစ္စနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ နားလည်ဖို့ လိုတာတွေ အများကြီးရှိတယ်.
  • 2:26 - 2:29
    သူတို့လေးတွေဟာ အပြင်ကိုကြည့်နေနိုင်တယ်။ ဒါပေမယ့် စာသင်တာကိုတော့ နားထောင်နေကြဆဲပဲ..
  • 2:29 - 2:35
    အခုကျ ကျောင်းသားတွေကို စာသင်ခန်းထဲမှာ ပိတ်မိစေပြီး ဆရာတွေက ဖိအားပေးသူတွေဖြစ်လာပြီး..
  • 2:35 - 2:39
    ဒီလိုအော်ကြတယ်...ဟေ့..မင်း ဘာကိုကြည့်နေတာလဲ.
  • 2:39 - 2:45
  • 2:52 - 2:54
    အခု ကျွန်တော်တို့မှာ တကယ့်တော်တဲ့ အတန်း ရှိတယ်..
  • 2:56 - 3:02
    ဒီတော့ ကျွန်တော်တို့က ကလေးတွေကို အသင်တတ်မြန်တဲ့ကလေးနဲ့ မမြန်တဲ့ကလေးဆိုပြီးခွဲခြားလိုက်တယ်.
  • 3:02 - 3:06
    နည်းနည်းသိပြီးသား ကလေးဆိုရင် တခြားဆရာတွေကိုပါ သူတို့လေးတွေကို သင်ခွင့်ပြုတယ်.
  • 3:10 - 3:16
    ဒါကြောင့် ရိုးရိုးမသင်ဘူး။ ကဏ္ဍ အလိုက် ချင့်ချိန်ရတယ်.
  • 3:21 - 3:28
    လမ်းညွှန်ခြင်းအတွက်တော့ ဆရာဟာ တပည့်တွေနဲ့ အမှန်တကယ်နီးစပ်ဖို့လိုတယ်.သူတို့လေးတွေလက်ကို ဟောဒီလိုကိုင်ပြီး...
  • 3:28 - 3:33
    ကျွန်တော်တို့က စာသင်ခန်းထဲဝင်လာ သူတို့စာအုပ်ထဲ တစ်ခုခုရေးခိုင်း၊ အဲဒါကို ကျောင်းသားတွေ ထပ်ခါထပ်ခါ ရေးဖို့ ညွှန်ကြားမယ်ပေါ့.
  • 3:48 - 3:55
    မိဘတွေနဲ့တွေ့တဲ့ ဆွေးနွေးပွဲအချို့မှာတော့ ကျွန်တော်က ပြောခဲ့တယ်. ခင်ဗျားတို့ဟာ ယူနီဖောင်းတစ်စုံနဲ့ပတ်သတ်တာတွေအတွက် ကလေးတွေကို ကန့်သတ်ချုပ်ခြယ်နေတာပဲ လို့လေ..
  • 3:59 - 4:12
    တကယ်လို့များ သူတို့လေးတွေ ယူနီဖောင်းက စိုနေဦးမယ်ဆိုရင် တီရှပ်နဲ့ကျောင်းလာလည်းရပါတယ်.တကယ်လို့များ သူတို့ဖိနပ်တွေ ပြတ်မယ်၊ ခိုးခံရမယ် ဆိုလည်း ဖိနပ်သစ်ပေးနိုင်သလို ခြေဗလာနဲ့လည်း သွားနိုင်သားပဲ.
  • 4:12 - 4:15
    အရေးကြီးဆုံးအချက်က ကလေးဟာ စာသင်ဖို့စိတ် ရှိနေဖို့ပဲ.
  • 4:19 - 4:24
    တစ်ချိန်က ဒတ်ခ်ျကိုလိုနီဖြစ်ခဲ့တဲ့ အချိန်နဲ့ ဒီနေ့ကို နှိုင်းယှဉ်ရင်တော့ အတော်ကြီးကွာခြားပါတယ်.
  • 4:26 - 4:31
    ကိုလိုနီတွေက ကျောင်းတွေတော့ မဆောက်ပေးသွားဘူးဗျ...သူတို့ကဒီမှာ မြေစမ်းခရမ်းပျိုးပဲလေ့လာခဲ့တာ.
  • 4:31 - 4:36
    ကမ်းရိုးတစ်လျှောက်က တောင်တန်းတွေ ချိုင့်ဝှုမ်းတွေ စမ်းချောင်းတွေ..မှာ လေ့လာခဲ့ကြတာပေါ့.
  • 4:36 - 4:43
    အဲဒီနောက်မှာတော့ ပညာရေးစံတစ်မျိုးကို ဒီမှာ ပုံစံချဖို့ သူတို့ဆုံးဖြတ်ခဲ့တယ်..
  • 4:45 - 4:52
    သူတို့ဟာ ဒေသတွင်းပုံပြင်တွေကိုစုစည်းပြီး စာဖတ်ချင်လာအောင် ဖန်တီးခဲ့တယ်.
  • 4:53 - 4:57
    ဒါကြောင့်လည်း ကလေးတွေအတွက် ဖတ်စရာစာပေက သူတို့မွေးဖွားကြီးပြင်းတဲ့ ဒီနယ်မြေက ဒီနေရာတွေကိုပဲ အခြေတည်တယ်.
  • 4:57 - 5:04
    ကလေးတွေက အဲဒီပုံပြင်တွေကို နားလည်ကြတယ်။ သူတို့ သိပြီးသားမို့ပါ။ သူတို့မှာ ၀က်ကလေးတွေ ရှိကြတယ်.
  • 5:04 - 5:09
    သူတို့ကျောင်းတွေကို ဘယ်လိုတည်ဆောက်သလဲဆိုတာ ကြည့်မယ်ဆိုရင်
  • 5:19 - 5:22
    အရမ်းအကန့်အသတ်များပြီး ကလေးတွေခမျာ စာသင်ခန်းထဲပိတ်မိနေတယ်.ဒီတော့အပြင်လောကအပေါ်..
  • 5:22 - 5:25
    ဘုရားသခင်ဖန်ဆင်းတဲ့ ဟောဒီအပြင်လောကအပေါ် စိတ်ဝင်စားမှုနည်းလာတယ်.
  • 5:25 - 5:28
    အရင်တုန်းကတော့ ကျောင်းတွေရဲ့နံရံတွေကို ကလေးတစ်ယောက်ရဲ့ ပုခုံးသေးသေးလေးထက် ပိုမြင့်အောင်သာ တည်ဆောက်ခဲ့ကြတယ်.
  • 5:28 - 5:31
    ဒါကြောင့်လည်း ငှက်တွေပျံနေတာ မိုးတွေရွာနေတာကို ကလေးတွေမြင်ရတော့ သင်ကြားချိန်မှာ စိတ်ပင်ပန်းလာရင် ဒါလေးတွေ ကြည့်ပြီးရွှင်လန်းနိုင်တယ်လေ.
  • 5:32 - 5:40
    ကျွန်တော်ကျောင်းတက်ခဲ့တဲ့နှစ်တွေတုန်းကတော့ ကျောင်းတက်ရက်ဟာ ပုံဆွဲတာတို့ သီချင်းဆိုတာတို့နဲ့ပြည့်နေခဲ့တယ်။ ကျောင်းလွှတ်ခါနီးချိန်ဆို ကျွန်တော်တို့ သီချင်းဆိုလေ့ရှိတယ်.
  • 5:46 - 5:54
    ဒီတော့ ဒီသင်ကြားရေးစနစ်က အတွေးကို နှိုးဆွခြင်းကို အခြေခံတယ်ပေါ့..ပြဿနာတွေကို ပုံဆွဲခြင်းနဲ့ အဖြေရှာဆွေးနွေးကြတယ်ပေါ့.
  • 5:54 - 6:00
    အင်ဒိုနီးရှားမှာဖွင့်ထားတဲ့ ပါပူရာကျောင်း လို့ ကျွန်တော်ခေါ်ရတဲ့ အကြောင်းရင်းက ဒီက ကျောင်းသားအများစုက ပါပူရာနယ်သားတွေ ဖြစ်နေလို့ပါပဲ.
  • 6:05 - 6:12
    ပါပူရာနယ်သားနဲ့ ပါပူရာ မဟုတ်သူကျောင်းသားအတွက် ကျွန်တော်တို့မှာ မတူညီတဲ့ သင်ရိုးတွေရှိပါတယ်.
  • 6:12 - 6:21
    ပါပူရာမဟုတ်တဲ့ကျောင်းသားကို ကျွန်တော်တို့က (၁)နဲ့(၁)ပေါင်း ဘယ်လောက်ရလဲမေးရင် သူက (၂)ရတယ်လို့ ဖြေလိမ့်မယ်
  • 6:22 - 6:27
    ပါပူရာတွေအတွက်ကျ ဒီသင်ခန်းစာကို ဒီ့ထက်ဂရုစိုက်ဖို့လိုအပ်သွားပြီ.
  • 6:27 - 6:32
    (၁)နဲ့(၁)ပေါင်း၊ဘာကြောင့် (၂) လို့မဖြေနို်င်တာလဲ။ ဒါဟာ သူတို့တွေ ညံ့လို့မဟုတ်ပါဘူး။
  • 6:32 - 6:36
    သူတို့လေးတွေက မှားသွားမှာကြောက်ပြီး စဉ်းစားလွန်နေလို့ပါ.
  • 6:36 - 6:40
    ဒါကြောင့်လည်း ဒတ်ခ်ျဆရာတွေဟာ ပါပူရာကျောင်းသားတွေနဲ့ တခြားကျောင်းသားတွေကို ရောနှောမထားခဲ့တာ.
  • 6:40 - 6:46
    ဒါဟာ ခွဲခြားဆက်ဆံခြင်းတော့ မဟုတ်ဘူး.
  • 6:48 - 6:52
    တကယ်လို့များ ပါပူရာကျောင်းသားနဲ့ အင်ဒိုနီးရှားကျောင်းသားကို အတန်းတစ်ခုထဲထားမယ်ဆိုရင် အင်ဒိုနီးရှားကျောင်းသားက ပိုထူးချွန်မှာပါ.
  • 6:52 - 6:57
    အင်ဒိုနီးရှားမိဘတွေက သူတို့သားသမီးတွေကို အိမ်မှာတင် သင်ကြားနိုင်ဖို့ ထောက်ပံ့ပေးနိုင်ကြတယ်.
  • 6:57 - 7:01
    ပါပူရာတွေအတွက်ကျ..သူတို့မိဘတွေဟာ တကယ့် ထိပ်တန်းဖြစ်တယ်ဆိုရင်တောင် ကလေးတွေကိုအိမ်မှာ သင်ကြားပေးလေ့ မရှိကြဘူး.
  • 7:01 - 7:06
    ဒ့ါကြောင့်လည်း ဆရာတွေအနေနဲ့ အတော်အခက်တွေ့ရတာပါပဲ.
  • 7:06 - 7:08
    ဒါကြောင့် ပါပူရာကလေးတွေအတွက် သင်ကြားရေးဟာ အချိန်နဲ့နေရာကို သူများထက်ပိုလိုတယ်.သူတို့ညံ့လို့ မဟုတ်ပါဘူး.
  • 7:08 - 7:12
    ဒါက ဘာနဲ့တူသလဲဆိုတော့ လက်ခုပ်ကို တစ်ဖက်ထဲတီးနေရသလိုပဲ..လက်တစ်ဖက်ထဲနဲ့တော့ အသံမထွက်နိုင်ဘူးလေ.
  • 7:12 - 7:15
    မိဘ၊ဆရာတွေကပါ ပူးပေါင်းဆွေးနွေးမှ လက်ခုပ်သံထွက်မှာပါ.
  • 7:15 - 7:19
    ဒါကပဲ ကလေးတွေအတွက် အကောင်းဆုံး အဖြေဖြစ်ပါလိမ့်မယ်.
Title:
videos.engagemedia.org/.../sekolah-final-mp4.webm
Video Language:
Indonesian
Team:
EngageMedia
Duration:
08:03

Burmese subtitles

Revisions