ပါပူရာတို့ကျောင်း ကျွန်တော်နေနေတဲ့ဟောဒီကမ္ဘာကြီးနဲ့ ပတ်သတ်သမျှအားလုံးကို ကျွန်တော် သိဖို့လိုပါတယ်။ ကျွန်တော့်ဝန်းကျင်ကဖြစ်ပျက်သမျှကိုလည်း ကျွန်တော် သိတယ်. ပင်လယ်...ငါး...ပြီးတော့ ငါးကို ဘယ်လိုဖမ်းမယ် စသဖြင့်ပေါ့ ကျွန်တော်ကအမေနဲ့အတူ လယ်ထဲကို လိုက်လေ့ရှိတယ်။ အပင်တွေဘယ်လိုကြီးတယ်..အပင်တွေကို သဘာဝက ဘယ်လိုအစာအာဟာရပေးတယ်ဆိုတာကအစ ကျွန်တော်သိတယ် အမေ့နောက်လိုက်ရင် ကျွန်တော်သိပ်ပျော်တယ်. ဘာကများခက်ခဲနေရမှာလဲ။ ကျွန်တော်ကျောင်းကပြန်လာတယ်။ အိမ်စာတွေလုပ်ဖို့မလိုဘူးလေ. ကိုလိုနီအချိန်တုန်းက ဆရာမတွေရဲ့ သင်ကြားနည်းက တစ်မျိုးဗျ. ကလေးတွေကို စာရေး၊စာဖတ်တတ်ဖို့ သူတို့ သင်ကြားခဲ့တာဟာ ဒီနေ့ သင်ကြားနည်းနဲ့ အတော်ကွာတယ်. အခုအချိန်မှာ အများစုက ကျောင်းသားကို ဖိအားပေးစနစ်နဲ့ သင်တယ်. ဘာကြောင့်များ ကလေးတွေကို အိမ်စာတွေ ပေးနေဦးမှာလဲ. ကျွန်တော်တို့ဟာ သူတို့လေးတွေပျော်ရွှင်အောင် ကစားချိန်ပေးသင့်တယ်။ ဒီတော့ သူတို့လေးတွေ ဆော့ ဖို့အချိန်ရပြီး ကောင်းကောင်းလည်းအိပ်ပျော်မယ်။ သူတို့ပခုံးပေါ်မှာ လေးလံတဲ့ ၀န်ထုပ်ဝန်ပိုးတွေ မရှိဘဲနဲ့ပေါ့ဗျာ. သူတို့ခမျာ ကစားချင်တဲ့အချိန်မှာတောင် အိမ်စာတွေရှိပါသေးလားလို့ သတိရရှာကြသေးတာမဟုတ်လား။ သူတို့အမေတွေကို သူတို့မေးကြပေမယ့် အမေတွေကမှ အဲဒီအိမ်စာတွေကို နားမလည်တာ. ဒီလိုပဲ အစ်ကိုတွေလည်းမေးရပြီ။ အဲဒီအချိန် အပြင်မှာကလည်း မှောင်နေပြီ။ နောက်ကျနေပြီ။ မနက်ဖြန်ဆို အိမ်စာက တင်ရတော့မှာ.. ဒီတော့ အိမ်စာတွေကြောင့် ဖိစီးနေရတာတွေကို ကန့်သတ်ဖို့လိုပြီ.. ပိုကြောက်လေ ပိုဖျဉ်းလေပါပဲ။ အကြောက်တရားက အတွေးအခေါ်ကို ပိုအားနည်းစေတယ်. ဘာကြောင့်လဲဆိုတော့ တစ်ချို့ကလေးတွေက မြင်ရုံနဲ့နားလည်တယ်။တစ်ချို့က ကြားမှနားလည်တာ။ တစ်ချို့ကတော့ ဒီအတိုင်းကို နားလည်လွယ်တယ်. ဒီကိစ္စနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ နားလည်ဖို့ လိုတာတွေ အများကြီးရှိတယ်. သူတို့လေးတွေဟာ အပြင်ကိုကြည့်နေနိုင်တယ်။ ဒါပေမယ့် စာသင်တာကိုတော့ နားထောင်နေကြဆဲပဲ.. အခုကျ ကျောင်းသားတွေကို စာသင်ခန်းထဲမှာ ပိတ်မိစေပြီး ဆရာတွေက ဖိအားပေးသူတွေဖြစ်လာပြီး.. ဒီလိုအော်ကြတယ်...ဟေ့..မင်း ဘာကိုကြည့်နေတာလဲ. အခု ကျွန်တော်တို့မှာ တကယ့်တော်တဲ့ အတန်း ရှိတယ်.. ဒီတော့ ကျွန်တော်တို့က ကလေးတွေကို အသင်တတ်မြန်တဲ့ကလေးနဲ့ မမြန်တဲ့ကလေးဆိုပြီးခွဲခြားလိုက်တယ်. နည်းနည်းသိပြီးသား ကလေးဆိုရင် တခြားဆရာတွေကိုပါ သူတို့လေးတွေကို သင်ခွင့်ပြုတယ်. ဒါကြောင့် ရိုးရိုးမသင်ဘူး။ ကဏ္ဍ အလိုက် ချင့်ချိန်ရတယ်. လမ်းညွှန်ခြင်းအတွက်တော့ ဆရာဟာ တပည့်တွေနဲ့ အမှန်တကယ်နီးစပ်ဖို့လိုတယ်.သူတို့လေးတွေလက်ကို ဟောဒီလိုကိုင်ပြီး... ကျွန်တော်တို့က စာသင်ခန်းထဲဝင်လာ သူတို့စာအုပ်ထဲ တစ်ခုခုရေးခိုင်း၊ အဲဒါကို ကျောင်းသားတွေ ထပ်ခါထပ်ခါ ရေးဖို့ ညွှန်ကြားမယ်ပေါ့. မိဘတွေနဲ့တွေ့တဲ့ ဆွေးနွေးပွဲအချို့မှာတော့ ကျွန်တော်က ပြောခဲ့တယ်. ခင်ဗျားတို့ဟာ ယူနီဖောင်းတစ်စုံနဲ့ပတ်သတ်တာတွေအတွက် ကလေးတွေကို ကန့်သတ်ချုပ်ခြယ်နေတာပဲ လို့လေ.. တကယ်လို့များ သူတို့လေးတွေ ယူနီဖောင်းက စိုနေဦးမယ်ဆိုရင် တီရှပ်နဲ့ကျောင်းလာလည်းရပါတယ်.တကယ်လို့များ သူတို့ဖိနပ်တွေ ပြတ်မယ်၊ ခိုးခံရမယ် ဆိုလည်း ဖိနပ်သစ်ပေးနိုင်သလို ခြေဗလာနဲ့လည်း သွားနိုင်သားပဲ. အရေးကြီးဆုံးအချက်က ကလေးဟာ စာသင်ဖို့စိတ် ရှိနေဖို့ပဲ. တစ်ချိန်က ဒတ်ခ်ျကိုလိုနီဖြစ်ခဲ့တဲ့ အချိန်နဲ့ ဒီနေ့ကို နှိုင်းယှဉ်ရင်တော့ အတော်ကြီးကွာခြားပါတယ်. ကိုလိုနီတွေက ကျောင်းတွေတော့ မဆောက်ပေးသွားဘူးဗျ...သူတို့ကဒီမှာ မြေစမ်းခရမ်းပျိုးပဲလေ့လာခဲ့တာ. ကမ်းရိုးတစ်လျှောက်က တောင်တန်းတွေ ချိုင့်ဝှုမ်းတွေ စမ်းချောင်းတွေ..မှာ လေ့လာခဲ့ကြတာပေါ့. အဲဒီနောက်မှာတော့ ပညာရေးစံတစ်မျိုးကို ဒီမှာ ပုံစံချဖို့ သူတို့ဆုံးဖြတ်ခဲ့တယ်.. သူတို့ဟာ ဒေသတွင်းပုံပြင်တွေကိုစုစည်းပြီး စာဖတ်ချင်လာအောင် ဖန်တီးခဲ့တယ်. ဒါကြောင့်လည်း ကလေးတွေအတွက် ဖတ်စရာစာပေက သူတို့မွေးဖွားကြီးပြင်းတဲ့ ဒီနယ်မြေက ဒီနေရာတွေကိုပဲ အခြေတည်တယ်. ကလေးတွေက အဲဒီပုံပြင်တွေကို နားလည်ကြတယ်။ သူတို့ သိပြီးသားမို့ပါ။ သူတို့မှာ ၀က်ကလေးတွေ ရှိကြတယ်. သူတို့ကျောင်းတွေကို ဘယ်လိုတည်ဆောက်သလဲဆိုတာ ကြည့်မယ်ဆိုရင် အရမ်းအကန့်အသတ်များပြီး ကလေးတွေခမျာ စာသင်ခန်းထဲပိတ်မိနေတယ်.ဒီတော့အပြင်လောကအပေါ်.. ဘုရားသခင်ဖန်ဆင်းတဲ့ ဟောဒီအပြင်လောကအပေါ် စိတ်ဝင်စားမှုနည်းလာတယ်. အရင်တုန်းကတော့ ကျောင်းတွေရဲ့နံရံတွေကို ကလေးတစ်ယောက်ရဲ့ ပုခုံးသေးသေးလေးထက် ပိုမြင့်အောင်သာ တည်ဆောက်ခဲ့ကြတယ်. ဒါကြောင့်လည်း ငှက်တွေပျံနေတာ မိုးတွေရွာနေတာကို ကလေးတွေမြင်ရတော့ သင်ကြားချိန်မှာ စိတ်ပင်ပန်းလာရင် ဒါလေးတွေ ကြည့်ပြီးရွှင်လန်းနိုင်တယ်လေ. ကျွန်တော်ကျောင်းတက်ခဲ့တဲ့နှစ်တွေတုန်းကတော့ ကျောင်းတက်ရက်ဟာ ပုံဆွဲတာတို့ သီချင်းဆိုတာတို့နဲ့ပြည့်နေခဲ့တယ်။ ကျောင်းလွှတ်ခါနီးချိန်ဆို ကျွန်တော်တို့ သီချင်းဆိုလေ့ရှိတယ်. ဒီတော့ ဒီသင်ကြားရေးစနစ်က အတွေးကို နှိုးဆွခြင်းကို အခြေခံတယ်ပေါ့..ပြဿနာတွေကို ပုံဆွဲခြင်းနဲ့ အဖြေရှာဆွေးနွေးကြတယ်ပေါ့. အင်ဒိုနီးရှားမှာဖွင့်ထားတဲ့ ပါပူရာကျောင်း လို့ ကျွန်တော်ခေါ်ရတဲ့ အကြောင်းရင်းက ဒီက ကျောင်းသားအများစုက ပါပူရာနယ်သားတွေ ဖြစ်နေလို့ပါပဲ. ပါပူရာနယ်သားနဲ့ ပါပူရာ မဟုတ်သူကျောင်းသားအတွက် ကျွန်တော်တို့မှာ မတူညီတဲ့ သင်ရိုးတွေရှိပါတယ်. ပါပူရာမဟုတ်တဲ့ကျောင်းသားကို ကျွန်တော်တို့က (၁)နဲ့(၁)ပေါင်း ဘယ်လောက်ရလဲမေးရင် သူက (၂)ရတယ်လို့ ဖြေလိမ့်မယ် ပါပူရာတွေအတွက်ကျ ဒီသင်ခန်းစာကို ဒီ့ထက်ဂရုစိုက်ဖို့လိုအပ်သွားပြီ. (၁)နဲ့(၁)ပေါင်း၊ဘာကြောင့် (၂) လို့မဖြေနို်င်တာလဲ။ ဒါဟာ သူတို့တွေ ညံ့လို့မဟုတ်ပါဘူး။ သူတို့လေးတွေက မှားသွားမှာကြောက်ပြီး စဉ်းစားလွန်နေလို့ပါ. ဒါကြောင့်လည်း ဒတ်ခ်ျဆရာတွေဟာ ပါပူရာကျောင်းသားတွေနဲ့ တခြားကျောင်းသားတွေကို ရောနှောမထားခဲ့တာ. ဒါဟာ ခွဲခြားဆက်ဆံခြင်းတော့ မဟုတ်ဘူး. တကယ်လို့များ ပါပူရာကျောင်းသားနဲ့ အင်ဒိုနီးရှားကျောင်းသားကို အတန်းတစ်ခုထဲထားမယ်ဆိုရင် အင်ဒိုနီးရှားကျောင်းသားက ပိုထူးချွန်မှာပါ. အင်ဒိုနီးရှားမိဘတွေက သူတို့သားသမီးတွေကို အိမ်မှာတင် သင်ကြားနိုင်ဖို့ ထောက်ပံ့ပေးနိုင်ကြတယ်. ပါပူရာတွေအတွက်ကျ..သူတို့မိဘတွေဟာ တကယ့် ထိပ်တန်းဖြစ်တယ်ဆိုရင်တောင် ကလေးတွေကိုအိမ်မှာ သင်ကြားပေးလေ့ မရှိကြဘူး. ဒ့ါကြောင့်လည်း ဆရာတွေအနေနဲ့ အတော်အခက်တွေ့ရတာပါပဲ. ဒါကြောင့် ပါပူရာကလေးတွေအတွက် သင်ကြားရေးဟာ အချိန်နဲ့နေရာကို သူများထက်ပိုလိုတယ်.သူတို့ညံ့လို့ မဟုတ်ပါဘူး. ဒါက ဘာနဲ့တူသလဲဆိုတော့ လက်ခုပ်ကို တစ်ဖက်ထဲတီးနေရသလိုပဲ..လက်တစ်ဖက်ထဲနဲ့တော့ အသံမထွက်နိုင်ဘူးလေ. မိဘ၊ဆရာတွေကပါ ပူးပေါင်းဆွေးနွေးမှ လက်ခုပ်သံထွက်မှာပါ. ဒါကပဲ ကလေးတွေအတွက် အကောင်းဆုံး အဖြေဖြစ်ပါလိမ့်မယ်.