1 00:00:08,042 --> 00:00:10,993 ပါပူရာတို့ကျောင်း 2 00:00:22,331 --> 00:00:26,527 ကျွန်တော်နေနေတဲ့ဟောဒီကမ္ဘာကြီးနဲ့ ပတ်သတ်သမျှအားလုံးကို ကျွန်တော် သိဖို့လိုပါတယ်။ ကျွန်တော့်ဝန်းကျင်ကဖြစ်ပျက်သမျှကိုလည်း ကျွန်တော် သိတယ်. 3 00:00:26,527 --> 00:00:29,275 ပင်လယ်...ငါး...ပြီးတော့ ငါးကို ဘယ်လိုဖမ်းမယ် စသဖြင့်ပေါ့ 4 00:00:29,335 --> 00:00:33,996 ကျွန်တော်ကအမေနဲ့အတူ လယ်ထဲကို လိုက်လေ့ရှိတယ်။ အပင်တွေဘယ်လိုကြီးတယ်..အပင်တွေကို သဘာဝက ဘယ်လိုအစာအာဟာရပေးတယ်ဆိုတာကအစ ကျွန်တော်သိတယ် 5 00:00:33,996 --> 00:00:36,602 အမေ့နောက်လိုက်ရင် ကျွန်တော်သိပ်ပျော်တယ်. 6 00:00:39,162 --> 00:00:44,374 ဘာကများခက်ခဲနေရမှာလဲ။ ကျွန်တော်ကျောင်းကပြန်လာတယ်။ အိမ်စာတွေလုပ်ဖို့မလိုဘူးလေ. 7 00:00:50,280 --> 00:00:57,130 ကိုလိုနီအချိန်တုန်းက ဆရာမတွေရဲ့ သင်ကြားနည်းက တစ်မျိုးဗျ. 8 00:00:58,170 --> 00:01:04,117 ကလေးတွေကို စာရေး၊စာဖတ်တတ်ဖို့ သူတို့ သင်ကြားခဲ့တာဟာ ဒီနေ့ သင်ကြားနည်းနဲ့ အတော်ကွာတယ်. 9 00:01:06,307 --> 00:01:13,543 အခုအချိန်မှာ အများစုက ကျောင်းသားကို ဖိအားပေးစနစ်နဲ့ သင်တယ်. 10 00:01:34,142 --> 00:01:36,473 ဘာကြောင့်များ ကလေးတွေကို အိမ်စာတွေ ပေးနေဦးမှာလဲ. 11 00:01:36,483 --> 00:01:40,524 ကျွန်တော်တို့ဟာ သူတို့လေးတွေပျော်ရွှင်အောင် ကစားချိန်ပေးသင့်တယ်။ ဒီတော့ သူတို့လေးတွေ ဆော့ ဖို့အချိန်ရပြီး ကောင်းကောင်းလည်းအိပ်ပျော်မယ်။ 12 00:01:40,524 --> 00:01:43,105 သူတို့ပခုံးပေါ်မှာ လေးလံတဲ့ ၀န်ထုပ်ဝန်ပိုးတွေ မရှိဘဲနဲ့ပေါ့ဗျာ. 13 00:01:43,105 --> 00:01:46,910 သူတို့ခမျာ ကစားချင်တဲ့အချိန်မှာတောင် အိမ်စာတွေရှိပါသေးလားလို့ သတိရရှာကြသေးတာမဟုတ်လား။ 14 00:01:46,910 --> 00:01:49,805 သူတို့အမေတွေကို သူတို့မေးကြပေမယ့် အမေတွေကမှ အဲဒီအိမ်စာတွေကို နားမလည်တာ. 15 00:01:49,805 --> 00:01:53,152 ဒီလိုပဲ အစ်ကိုတွေလည်းမေးရပြီ။ အဲဒီအချိန် အပြင်မှာကလည်း မှောင်နေပြီ။ နောက်ကျနေပြီ။ မနက်ဖြန်ဆို အိမ်စာက တင်ရတော့မှာ.. 16 00:01:53,490 --> 00:01:58,888 ဒီတော့ အိမ်စာတွေကြောင့် ဖိစီးနေရတာတွေကို ကန့်သတ်ဖို့လိုပြီ.. 17 00:02:05,993 --> 00:02:11,353 ပိုကြောက်လေ ပိုဖျဉ်းလေပါပဲ။ အကြောက်တရားက အတွေးအခေါ်ကို ပိုအားနည်းစေတယ်. 18 00:02:16,168 --> 00:02:22,043 ဘာကြောင့်လဲဆိုတော့ တစ်ချို့ကလေးတွေက မြင်ရုံနဲ့နားလည်တယ်။တစ်ချို့က ကြားမှနားလည်တာ။ တစ်ချို့ကတော့ ဒီအတိုင်းကို နားလည်လွယ်တယ်. 19 00:02:22,043 --> 00:02:25,504 ဒီကိစ္စနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ နားလည်ဖို့ လိုတာတွေ အများကြီးရှိတယ်. 20 00:02:25,504 --> 00:02:29,131 သူတို့လေးတွေဟာ အပြင်ကိုကြည့်နေနိုင်တယ်။ ဒါပေမယ့် စာသင်တာကိုတော့ နားထောင်နေကြဆဲပဲ.. 21 00:02:29,371 --> 00:02:34,656 အခုကျ ကျောင်းသားတွေကို စာသင်ခန်းထဲမှာ ပိတ်မိစေပြီး ဆရာတွေက ဖိအားပေးသူတွေဖြစ်လာပြီး.. 22 00:02:34,656 --> 00:02:38,791 ဒီလိုအော်ကြတယ်...ဟေ့..မင်း ဘာကိုကြည့်နေတာလဲ. 23 00:02:38,791 --> 00:02:45,228 24 00:02:51,504 --> 00:02:53,912 အခု ကျွန်တော်တို့မှာ တကယ့်တော်တဲ့ အတန်း ရှိတယ်.. 25 00:02:55,742 --> 00:03:01,651 ဒီတော့ ကျွန်တော်တို့က ကလေးတွေကို အသင်တတ်မြန်တဲ့ကလေးနဲ့ မမြန်တဲ့ကလေးဆိုပြီးခွဲခြားလိုက်တယ်. 26 00:03:01,651 --> 00:03:06,190 နည်းနည်းသိပြီးသား ကလေးဆိုရင် တခြားဆရာတွေကိုပါ သူတို့လေးတွေကို သင်ခွင့်ပြုတယ်. 27 00:03:09,760 --> 00:03:15,549 ဒါကြောင့် ရိုးရိုးမသင်ဘူး။ ကဏ္ဍ အလိုက် ချင့်ချိန်ရတယ်. 28 00:03:21,027 --> 00:03:27,598 လမ်းညွှန်ခြင်းအတွက်တော့ ဆရာဟာ တပည့်တွေနဲ့ အမှန်တကယ်နီးစပ်ဖို့လိုတယ်.သူတို့လေးတွေလက်ကို ဟောဒီလိုကိုင်ပြီး... 29 00:03:28,068 --> 00:03:33,089 ကျွန်တော်တို့က စာသင်ခန်းထဲဝင်လာ သူတို့စာအုပ်ထဲ တစ်ခုခုရေးခိုင်း၊ အဲဒါကို ကျောင်းသားတွေ ထပ်ခါထပ်ခါ ရေးဖို့ ညွှန်ကြားမယ်ပေါ့. 30 00:03:48,359 --> 00:03:55,022 မိဘတွေနဲ့တွေ့တဲ့ ဆွေးနွေးပွဲအချို့မှာတော့ ကျွန်တော်က ပြောခဲ့တယ်. ခင်ဗျားတို့ဟာ ယူနီဖောင်းတစ်စုံနဲ့ပတ်သတ်တာတွေအတွက် ကလေးတွေကို ကန့်သတ်ချုပ်ခြယ်နေတာပဲ လို့လေ.. 31 00:03:58,968 --> 00:04:11,524 တကယ်လို့များ သူတို့လေးတွေ ယူနီဖောင်းက စိုနေဦးမယ်ဆိုရင် တီရှပ်နဲ့ကျောင်းလာလည်းရပါတယ်.တကယ်လို့များ သူတို့ဖိနပ်တွေ ပြတ်မယ်၊ ခိုးခံရမယ် ဆိုလည်း ဖိနပ်သစ်ပေးနိုင်သလို ခြေဗလာနဲ့လည်း သွားနိုင်သားပဲ. 32 00:04:11,960 --> 00:04:15,404 အရေးကြီးဆုံးအချက်က ကလေးဟာ စာသင်ဖို့စိတ် ရှိနေဖို့ပဲ. 33 00:04:18,685 --> 00:04:23,805 တစ်ချိန်က ဒတ်ခ်ျကိုလိုနီဖြစ်ခဲ့တဲ့ အချိန်နဲ့ ဒီနေ့ကို နှိုင်းယှဉ်ရင်တော့ အတော်ကြီးကွာခြားပါတယ်. 34 00:04:25,585 --> 00:04:30,944 ကိုလိုနီတွေက ကျောင်းတွေတော့ မဆောက်ပေးသွားဘူးဗျ...သူတို့ကဒီမှာ မြေစမ်းခရမ်းပျိုးပဲလေ့လာခဲ့တာ. 35 00:04:30,944 --> 00:04:36,008 ကမ်းရိုးတစ်လျှောက်က တောင်တန်းတွေ ချိုင့်ဝှုမ်းတွေ စမ်းချောင်းတွေ..မှာ လေ့လာခဲ့ကြတာပေါ့. 36 00:04:36,008 --> 00:04:42,942 အဲဒီနောက်မှာတော့ ပညာရေးစံတစ်မျိုးကို ဒီမှာ ပုံစံချဖို့ သူတို့ဆုံးဖြတ်ခဲ့တယ်.. 37 00:04:44,822 --> 00:04:51,997 သူတို့ဟာ ဒေသတွင်းပုံပြင်တွေကိုစုစည်းပြီး စာဖတ်ချင်လာအောင် ဖန်တီးခဲ့တယ်. 38 00:04:52,727 --> 00:04:56,820 ဒါကြောင့်လည်း ကလေးတွေအတွက် ဖတ်စရာစာပေက သူတို့မွေးဖွားကြီးပြင်းတဲ့ ဒီနယ်မြေက ဒီနေရာတွေကိုပဲ အခြေတည်တယ်. 39 00:04:56,820 --> 00:05:03,573 ကလေးတွေက အဲဒီပုံပြင်တွေကို နားလည်ကြတယ်။ သူတို့ သိပြီးသားမို့ပါ။ သူတို့မှာ ၀က်ကလေးတွေ ရှိကြတယ်. 40 00:05:03,573 --> 00:05:09,235 သူတို့ကျောင်းတွေကို ဘယ်လိုတည်ဆောက်သလဲဆိုတာ ကြည့်မယ်ဆိုရင် 41 00:05:18,780 --> 00:05:21,909 အရမ်းအကန့်အသတ်များပြီး ကလေးတွေခမျာ စာသင်ခန်းထဲပိတ်မိနေတယ်.ဒီတော့အပြင်လောကအပေါ်.. 42 00:05:21,909 --> 00:05:24,788 ဘုရားသခင်ဖန်ဆင်းတဲ့ ဟောဒီအပြင်လောကအပေါ် စိတ်ဝင်စားမှုနည်းလာတယ်. 43 00:05:24,788 --> 00:05:27,657 အရင်တုန်းကတော့ ကျောင်းတွေရဲ့နံရံတွေကို ကလေးတစ်ယောက်ရဲ့ ပုခုံးသေးသေးလေးထက် ပိုမြင့်အောင်သာ တည်ဆောက်ခဲ့ကြတယ်. 44 00:05:27,657 --> 00:05:31,397 ဒါကြောင့်လည်း ငှက်တွေပျံနေတာ မိုးတွေရွာနေတာကို ကလေးတွေမြင်ရတော့ သင်ကြားချိန်မှာ စိတ်ပင်ပန်းလာရင် ဒါလေးတွေ ကြည့်ပြီးရွှင်လန်းနိုင်တယ်လေ. 45 00:05:31,737 --> 00:05:40,067 ကျွန်တော်ကျောင်းတက်ခဲ့တဲ့နှစ်တွေတုန်းကတော့ ကျောင်းတက်ရက်ဟာ ပုံဆွဲတာတို့ သီချင်းဆိုတာတို့နဲ့ပြည့်နေခဲ့တယ်။ ကျောင်းလွှတ်ခါနီးချိန်ဆို ကျွန်တော်တို့ သီချင်းဆိုလေ့ရှိတယ်. 46 00:05:46,324 --> 00:05:54,012 ဒီတော့ ဒီသင်ကြားရေးစနစ်က အတွေးကို နှိုးဆွခြင်းကို အခြေခံတယ်ပေါ့..ပြဿနာတွေကို ပုံဆွဲခြင်းနဲ့ အဖြေရှာဆွေးနွေးကြတယ်ပေါ့. 47 00:05:54,012 --> 00:05:59,516 အင်ဒိုနီးရှားမှာဖွင့်ထားတဲ့ ပါပူရာကျောင်း လို့ ကျွန်တော်ခေါ်ရတဲ့ အကြောင်းရင်းက ဒီက ကျောင်းသားအများစုက ပါပူရာနယ်သားတွေ ဖြစ်နေလို့ပါပဲ. 48 00:06:04,747 --> 00:06:11,696 ပါပူရာနယ်သားနဲ့ ပါပူရာ မဟုတ်သူကျောင်းသားအတွက် ကျွန်တော်တို့မှာ မတူညီတဲ့ သင်ရိုးတွေရှိပါတယ်. 49 00:06:12,086 --> 00:06:21,228 ပါပူရာမဟုတ်တဲ့ကျောင်းသားကို ကျွန်တော်တို့က (၁)နဲ့(၁)ပေါင်း ဘယ်လောက်ရလဲမေးရင် သူက (၂)ရတယ်လို့ ဖြေလိမ့်မယ် 50 00:06:22,390 --> 00:06:27,194 ပါပူရာတွေအတွက်ကျ ဒီသင်ခန်းစာကို ဒီ့ထက်ဂရုစိုက်ဖို့လိုအပ်သွားပြီ. 51 00:06:27,194 --> 00:06:31,998 (၁)နဲ့(၁)ပေါင်း၊ဘာကြောင့် (၂) လို့မဖြေနို်င်တာလဲ။ ဒါဟာ သူတို့တွေ ညံ့လို့မဟုတ်ပါဘူး။ 52 00:06:31,998 --> 00:06:36,329 သူတို့လေးတွေက မှားသွားမှာကြောက်ပြီး စဉ်းစားလွန်နေလို့ပါ. 53 00:06:36,329 --> 00:06:39,770 ဒါကြောင့်လည်း ဒတ်ခ်ျဆရာတွေဟာ ပါပူရာကျောင်းသားတွေနဲ့ တခြားကျောင်းသားတွေကို ရောနှောမထားခဲ့တာ. 54 00:06:39,770 --> 00:06:45,673 ဒါဟာ ခွဲခြားဆက်ဆံခြင်းတော့ မဟုတ်ဘူး. 55 00:06:48,373 --> 00:06:52,442 တကယ်လို့များ ပါပူရာကျောင်းသားနဲ့ အင်ဒိုနီးရှားကျောင်းသားကို အတန်းတစ်ခုထဲထားမယ်ဆိုရင် အင်ဒိုနီးရှားကျောင်းသားက ပိုထူးချွန်မှာပါ. 56 00:06:52,442 --> 00:06:56,961 အင်ဒိုနီးရှားမိဘတွေက သူတို့သားသမီးတွေကို အိမ်မှာတင် သင်ကြားနိုင်ဖို့ ထောက်ပံ့ပေးနိုင်ကြတယ်. 57 00:06:56,961 --> 00:07:01,481 ပါပူရာတွေအတွက်ကျ..သူတို့မိဘတွေဟာ တကယ့် ထိပ်တန်းဖြစ်တယ်ဆိုရင်တောင် ကလေးတွေကိုအိမ်မှာ သင်ကြားပေးလေ့ မရှိကြဘူး. 58 00:07:01,481 --> 00:07:05,548 ဒ့ါကြောင့်လည်း ဆရာတွေအနေနဲ့ အတော်အခက်တွေ့ရတာပါပဲ. 59 00:07:05,855 --> 00:07:08,417 ဒါကြောင့် ပါပူရာကလေးတွေအတွက် သင်ကြားရေးဟာ အချိန်နဲ့နေရာကို သူများထက်ပိုလိုတယ်.သူတို့ညံ့လို့ မဟုတ်ပါဘူး. 60 00:07:08,427 --> 00:07:11,989 ဒါက ဘာနဲ့တူသလဲဆိုတော့ လက်ခုပ်ကို တစ်ဖက်ထဲတီးနေရသလိုပဲ..လက်တစ်ဖက်ထဲနဲ့တော့ အသံမထွက်နိုင်ဘူးလေ. 61 00:07:11,989 --> 00:07:14,512 မိဘ၊ဆရာတွေကပါ ပူးပေါင်းဆွေးနွေးမှ လက်ခုပ်သံထွက်မှာပါ. 62 00:07:14,512 --> 00:07:18,707 ဒါကပဲ ကလေးတွေအတွက် အကောင်းဆုံး အဖြေဖြစ်ပါလိမ့်မယ်.