Return to Video

Circles: Radius, Diameter and Circumference

  • 0:01 - 0:05
    စက်ဝိုင်းဟာ စကြာဝဠာထဲမှာ အခြေခံအကျဆုံး ပုံစံတစ်ခု ဖြစ်ကြောင်းကို
  • 0:05 - 0:08
    ဂြိုလ်ပတ်လမ်းကြောင်းတွေ ဖြစ်ဖြစ်၊
  • 0:08 - 0:11
    ဘီးတွေရဲ့  ပုံစံဘဲဖြစ်ဖြစ်
  • 0:11 - 0:13
    မော်လီကျူး အဆင့် အရာဝတ္တုတွေ ကိုကြည့်ရင်ဘဲ ဖြစ်ဖြစ် သိနိုင်ပါတယ်။
  • 0:13 - 0:16
    စက်ဝိုင်း ပုံစံကို နေရာပေါင်းစုံမှာ
  • 0:16 - 0:17
    အမြဲတမ်းတွေ့ မြင်နေရပါတယ်။
  • 0:17 - 0:21
    ဒါမို့ စက်ဝိုင်းနဲ့ ပက်သက်တဲ့
  • 0:21 - 0:23
    ဂုဏ်သတ္တိတွေ နားလည်တာ ဟာ တို့တတွေ အတွက် အကျိုးရှိနိုင်ပါတယ်။
  • 0:23 - 0:26
    လူတွေ စက်ဝိုင်းတွေ အကြောင်း တွေ့ရှိကြတဲ့ အခါ ဦးဆုံး
  • 0:26 - 0:29
    ပြောမဲ့ အချက်ကတော့ စက်ဝိုင်းရဲ့  ဂုဏ်သတ္တိက ဘာတွေ ဖြစ်မလည်းဆိုတာပါဘဲ။
  • 0:29 - 0:32
    မင်း လည်း လ ကို တစ်ချက်
  • 0:32 - 0:33
    လောက်ကြည့်လိုက်ပါဦး။
  • 0:33 - 0:36
    ပထမအချက်အနေနဲ့ စက်ဝိုင်းတစ်ခုတွင်
  • 0:36 - 0:39
    အမှတ်များ အားလုံး
  • 0:39 - 0:40
    ဗဟိုမှနေ တူညီစွာ ကွာဝေးကြပါတယ်။
  • 0:40 - 0:44
    အစွန်းမှာ ရှိနေတဲ့ အမှတ်တွေ အားလုံး
  • 0:44 - 0:45
    ဗဟိုကနေ တူညီသော အကွာအဝေးမှာ ရှိကြပါတယ်။
  • 0:45 - 0:48
    ဦးဆုံး အချက်များ အနက် မေးလိုတာကတော့
  • 0:48 - 0:50
    ဗဟိုကနေ တူညီစွာ ရှိနေတဲ့ အဆိုပါ အကွာအဝေးဟာ
  • 0:50 - 0:52
    ဘာလည်း ဆိုတာ ပါဘဲ။
  • 0:52 - 0:53
    ဒီနေရာမှာ
  • 0:53 - 0:58
    အထက်ပါ အကွာအဝေးကို စက်ဝိုင်းရဲ့  အချင်းဝက် လို့ ခေါ်ပါတယ်။
  • 0:58 - 1:00
    ဌင်းဟာ ဗဟိုနဲ့ အစွန်းကြား အကွာအဝေး ဘဲ ဖြစ်ပါတယ်။
  • 1:00 - 1:03
    အကယ်၍ ထို အချင်းဝက်ဟာ ၃ စင်တီမီတာဆို
  • 1:03 - 1:04
    ဒီ အချင်းဝက်ဟာလည်း ၃ စင်တီမီတာဘဲ ဖြစ်နေပါမယ်။
  • 1:04 - 1:07
    ဒီအချင်းဝက် ၃ စင်တီမီတာ ဖြစ်မယ်ဆိုရင်
  • 1:07 - 1:08
    ဒါဟာ ဘယ်တော့မှ ပြောင်းသွားလိမ့်မှာ မဟုတ်ပါ။
  • 1:08 - 1:12
    အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် စက်ဝိုင်းဆိုတာ အမှတ်အားလုံး
  • 1:12 - 1:13
    ဗဟိုမှနေ တူညီစွာ ကွာဝေးတဲ့ အရာတစ်ခုပါဘဲ။
  • 1:13 - 1:17
    အဆိုပါ တူညီတဲ့ အကွာအဝေးကို အချင်းဝက်လို့ ခေါ်ပါတယ်။
  • 1:17 - 1:20
    နောက်ထပ် စက်ဝိုင်းနဲ့ ပက်သက်ပြီး စိတ်ဝင်စားကောင်းတဲ့ အချက်တစ်ခု ကိုပြောကြမယ် ဆိုရင်
  • 1:20 - 1:22
    စက်ဝိုင်းတစ်ခု ဟာ ဘယ်လောက်ကြီး သလည်း ဆိုတာပါဘဲ။
  • 1:22 - 1:26
    စက်ဝိုင်းရဲ့  အကျယ်ဆုံး အမှတ်မှာ အကျယ်ဘယ်လောက်ရှိလိမ့်မလည်း?
  • 1:26 - 1:29
    တစ်နည်းအားဖြင့် ဌင်းရဲ့  အကျယ်ဆုံး အမှတ်ကြားကို ဖြတ်တိုင်းရင်
  • 1:29 - 1:30
    အကွာအဝေး ဘယ်လောက်ရနိုင်သလည်း?
  • 1:30 - 1:32
    ဒီနေရာမှာတင်မက
  • 1:32 - 1:35
    ဤနေရာမှာ ဖြတ်ရင်လည်း အလွယ်တကူဘဲ ရနိုင်ပါသေးတယ်။
  • 1:35 - 1:39
    အခု နေရာတွေကိုတော့ မဖြတ် ပြတောပါဘူး။
  • 1:39 - 1:40
    ဘာလို့လည်း ဆိုတော့ ဒါဟာ အကျယ်ဆုံး အမှတ်နေရာ မဟုတ်လို့ပါဘဲ။
  • 1:40 - 1:42
    အကျယ်ဆုံး အမှတ်နေရာ ကို ဖြတ်သွားတဲ့
  • 1:42 - 1:43
    နေရာ အများကြီး ရှိပါတယ်။
  • 1:43 - 1:47
    ကဲ အချင်းဝက်ကို ကြည့်ရအောင်။ နောက် အကျယ်ဆုံး အမှတ်ကိုကြည့်မယ်ဆိုရင်
  • 1:47 - 1:50
    ဗဟိုကို ဖြတ်ပြီး တောက်လျှောက် ဆက်သွားတာတွေ့ ရမယ်။
  • 1:50 - 1:53
    ဒါကြောင့် ဌင်းဟာ အချင်းဝက် ၂ ခုပါဘဲ။
  • 1:53 - 1:56
    ဒီမှာ အချင်းဝက်တစ်ခု၊ ဟိုမှာ လည်း နောက်ထပ်
  • 1:56 - 1:57
    အချင်းဝက်တစ်ခု ရပါမယ်။
  • 1:57 - 2:01
    စက်ဝိုင်းရဲ့  အကျယ်ဆုံး အမှတ်၊ ဒီအကွာအဝေးကို
  • 2:01 - 2:03
    အချင်း လို့ ခေါ်ပါတယ်။
  • 2:03 - 2:06
    ဒါဟာ စက်ဝိုင်းတစ်ခုရဲ့  အချင်း ဖြစ်ပါတယ်။
  • 2:06 - 2:09
    ဌင်းဟာ အချင်းဝက်နဲ့ အလွန်ရိုးရှင်းတဲ့ ဆက်နွယ်မှူ့  ရှိပါပြီ။
  • 2:09 - 2:16
    အချင်းဟာ အချင်းဝက်ရဲ့  နှစ်ဆ ရှိပါတယ်။
  • 2:19 - 2:22
    နောက်ထပ် စိတ်ဝင်စားစရာ အချက်တစ်ခုကတော့
  • 2:22 - 2:25
    စက်ဝိုင်းတစ်ခု ဟာ ပတ်ပတ်လည် ဘယ်လောက် ရှည်တယ်ဆိုတာပါဘဲ။
  • 2:25 - 2:27
    ပေကြိုးနဲ့ စက်ဝိုင်း ပတ်ပတ်လည် တိုင်းကြည့်မယ်ဆိုရင်
  • 2:27 - 2:36
    ရမဲ့ အကွာအဝေးဟာ ဘာဖြစ်ပါသလည်း။
  • 2:36 - 2:45
    ဒါကို စက်ဝိုင်းတစ်ခုရဲ့  အ၀န်း လို့ ခေါ်ပါတယ်။
  • 2:45 - 2:47
    အခုဆို အချင်းနဲ့ အချင်းဝက် ဘယ်လို ဆက်နွယ်မှူ့ ရှိတယ်ဆိုတာ သိကြပြီ။
  • 2:47 - 2:50
    အ၀န်း နဲ့ အချင်း ဟာ ဘယ်လို ဆက်စပ်နေတယ် ဆိုတာ ပြောနိုင်မလည်း။
  • 2:50 - 2:52
    အချင်းဟာ ဘာလည်း ဆိုတာ မသိခဲ့ ရင်တောင်
  • 2:52 - 2:54
    အချင်းဝက်နဲ့ ဆက်စပ်လိုက် ရင် ဒါဟာ အလွယ်လေး ဖြစ်သွားပါမယ်။
  • 2:54 - 2:57
    လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ပေကြိုး ကိုသုံးပြီး
  • 2:57 - 2:59
    အ၀န်းနဲ့
  • 2:59 - 3:00
    အချင်းဝက် တို့ကို တိုင်းတာခဲ့ကြတယ်။
  • 3:00 - 3:03
    ပေကြိုးသုံပြီး တိုင်းတာ သိပ်မကောင်းဘူး ဆိုပါစို့။
  • 3:03 - 3:05
    အ၀န်းကို တိုင်းကြည်တဲ့ အခါ
  • 3:05 - 3:08
    ၃ လောက်ရနေတယ်။
  • 3:08 - 3:12
    ဆက်ပြီး အချင်းဝက် (သို့) အချင်းကို တိုင်းတဲ့ အခါ
  • 3:12 - 3:14
    ကဲ အချင်း လို့ ဘဲပြောရအောင်။
  • 3:14 - 3:16
    အဲ့ အချင်းဟာ ၁ လောက်ဖြစ်နေတယ်။
  • 3:16 - 3:18
    အဲ့အခါ သူတို့ ပြောမှာက
  • 3:18 - 3:22
    ကဲကဲ အချိုး အကြောင်း ထားလိုက်ဦး။
  • 3:22 - 3:23
    ဒီလို မျိုး အ၀န်းနဲ့ အချင်း တို့ရဲ့ အချိုး ကို ရေးချလိုက်မယ်။
  • 3:23 - 3:34
    အ၀န်း နဲ့ အချင်းတို့ ရဲ့  အချိုးဘဲ ဖြစ်ပါတယ်။
  • 3:38 - 3:41
    တစ်ယောက်ယောက် ဆွဲထားတဲ့ စက်ဝိုင်းလေးရှိမယ် ဆိုပါစို့
  • 3:41 - 3:43
    ပထမဆုံး အကြိမ် တိုင်းတဲ့ အခါ သိပ်မကောင်းဘူး
  • 3:43 - 3:46
    သူတို့ အ၀န်းတစ်လျှောက် တိုင်းကြည့်တဲ့အခါ
  • 3:46 - 3:49
    အကြမ်းဖျင်း ပတ်ပတ်လည် ၃ မီတာ လောက်ရတယ်လို့ ပြောတယ်။
  • 3:49 - 3:50
  • 3:50 - 3:53
    ပြီးတော့ စက်ဝိုင်းရဲ့ အချင်းကို တိုင်းကြည့်တဲ့ အခါ
  • 3:53 - 3:55
    ၁ မီတာလောက် ရနေတယ်။
  • 3:55 - 3:56
    ဟုတ်ပြီ။ စိတ်ဝင်စားစရာ ကောင်းလာပြီ။
  • 3:56 - 3:58
    အ၀န်း နဲ့ အချင်း တို့ရဲ့  အချိုးဟာ
  • 3:58 - 3:58
    ၃ ဖြစ်ကောင်း ဖြစ်နိုင်တယ်။
  • 3:58 - 4:01
    ဒါဆို အ၀န်းဟာ အမြဲတမ်း
  • 4:01 - 4:02
    အချင်းရဲ့  ၃ ဆ ဖြစ်ကောင်းဖြစ်လိမ့်မယ်။
  • 4:02 - 4:04
    ဒါဟာ အဲ့ စက်ဝိုင်းအတွက်ဘဲ ဖြစ်မယ်။ ဒါပေမဲ့
  • 4:04 - 4:06
    ဒီမှာရှိတဲ့ အခြားစက်ဝိုင်းတွေကို တိုင်းကြည့်တဲ့ခါ
  • 4:06 - 4:08
    ဒီလို ဖြစ်မယ်။ ကဲ ပိုပြီး သေးအောင် ဆွဲလိုက်ပြီ။
  • 4:08 - 4:11
    ဒီစက်ဝိုင်းမှာတော့ တိုင်းကြည့်လိုက်တဲ့ အခါ
  • 4:11 - 4:15
    အ၀န်း က ၆ စင်တီမီတာလောက် ဖြစ်တာတွေ့ ရတယ်။
  • 4:15 - 4:18
    တိုင်းတာ တာ သိပ်တိတိကျကျ မဟုတ်တောင်
  • 4:18 - 4:22
    အချင်း က
  • 4:22 - 4:24
    အကြမ်းဖျင်း ၂ စင်တီမီတာ လောက်ရ နေတယ်။
  • 4:24 - 4:25
    အခု တစ်ကြိမ်လည်း အ၀န်းနဲ့ အချင်း တို့ အချိုး ဟာ
  • 4:25 - 4:30
    အကြမ်းဖျင်း ၃ ဖြစ်နေပြန်ပြီ။
  • 4:30 - 4:32
    ဟုတ်ပြီ။ ဒါဟာ စက်ဝိုင်းတွေရဲ့  လှပတဲ့ ဂုဏ်သတ္တိ တစ်ခုပါဘဲ။
  • 4:32 - 4:35
    ဘယ် စက်ဝိုင်းမှာ မဆို အ၀န်းနဲ့ အချင်းတို့ အချိုးဟာ
  • 4:35 - 4:38
    တသတ်မတ်တည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
  • 4:38 - 4:40
    ဒါဆို ဆက်လက်ပြီး လေ့လာကြည့်ရအောင်။
  • 4:40 - 4:43
    ပိုပြီး တိတိကျကျ တိုင်းထားတာတွေ ရလာပါတယ်။
  • 4:43 - 4:45
    ပိုပြီး တိကျတဲ့ တိုင်းတာမှူ့ တွေ ရလာတဲ့ အခါ
  • 4:45 - 4:48
    အချင်းက ၁ တိတိကျကျ ရတယ်ပေါ့။
  • 4:48 - 4:49
    အချင်း က အတိအကျ ၁ ရ နေတယ်။
  • 4:49 - 4:52
    ဒါပေမဲ့ အ၀န်းကို တိုင်းတဲ့ အခါ
  • 4:52 - 4:53
    ၃.၁ လောက် ဖြစ်နေတယ်။
  • 4:56 - 4:57
    ဒီမှာ လည်း တူတူဘဲ ဖြစ်နေတယ်။
  • 4:57 - 4:59
    အချိုးဟာ ၃.၁ နဲ့ နီးစပ်တယ်လို့ သတိထားမိကြတယ်။
  • 4:59 - 5:02
    ပိုပြီး ကောင်းသထက်ကောင်းအောင် တိုင်းကြည့်ကြတဲ့ အခါ
  • 5:02 - 5:05
    ဒီ အချိုးကို ဘဲ ရနေတယ် ဆိုတာ နားလည် လာကြတယ်။
  • 5:05 - 5:07
    ဆက်လက်ပြီး ပိုမိုတိကျအောင် တိုင်းတာကြတဲ့ အခါ
  • 5:07 - 5:11
    အချိုးဟာ ၃.၁၄၁၅၉ ဆိုတာ ရလာကြတယ်။
  • 5:11 - 5:13
    ဒဿမကိန်းတွေ ဆက်ဆက်ထည့်ကြည့်တဲ့ အခါ
  • 5:13 - 5:14
    ဒီ အချိုးထဲမှာ ဂဏန်းတွေ မထပ်တာ တွေ့ ရတယ်။
  • 5:14 - 5:17
    ဒါဟာ ထူးဆန်းပြီး စိတ်ဝင်စားဖွယ် ကောင်းတဲ့ အဆုံးမရှိတဲ့
  • 5:17 - 5:18
    ကိန်း တစ်ခု ဖြစ်လာခဲ့တယ်။
  • 5:18 - 5:21
    ဒီ ကိန်း စကြာဝဠာကြီး အတွက် အလွန် အခြေခံ ကျပါတယ်။
  • 5:21 - 5:24
    ဘာလိုလည်း ဆိုတော့ စက်ဝိုင်းဟာ စကြာဝဠာရဲ့  ပင်မ အရင်းအမြစ် ဖြစ်လို့ ပါဘဲ။
  • 5:24 - 5:27
    ပြီးတော့ ဘယ် စက်ဝိုင်း တိုင်းမှာ မဆို ဒီကိန်း ကို တွေ့ကြရမှာပါ။
  • 5:27 - 5:29
    အ၀န်း နဲ့ အချင်းတို့ရဲ့  အချိုး ဖြစ်တဲ့
  • 5:29 - 5:32
    ဒီ မှော်ဆန်တဲ့ ကိန်း လေးကို နာမည်ပေးခဲ့ ပါတယ်။
  • 5:32 - 5:38
    ဒီကိန်းလေးကို Pi လို့ ခေါ်ပြီး လက်တင် (သို့)
  • 5:38 - 5:42
    ဂရိ အက္ခရာ Pi နဲ့ ကိုယ်စားပြုလိုက်ပါတယ်။
  • 5:42 - 5:45
    ဒီ အမှတ်အသားလေးဟာ စကြာဝဠာထဲမှာ အံသြဖွယ်
  • 5:45 - 5:47
    အကောင်းဆုံး ဖြစ်တဲ့ Pi ကို ကိုယ်စားပြူလိုက်ပါတယ်။
  • 5:47 - 5:50
    ဦးစွာ ဒီ ကိန်းကို အ၀န်း နဲ့ အချင်း တို့ရဲ့  အချိုး အဖြစ်တွေ့ ရတယ်။
  • 5:50 - 5:54
    နောက်ပိုင်း မှာ သချာင်္ ကို ပိုပြီး လေ့လာ သွားတာနဲ့အမျှ
  • 5:54 - 5:57
    ဒီ ကိန်း လေးကို နေရာ တိုင်း မှာ မင်း တွေ့ ရ လိမ့်မယ်။
  • 5:57 - 6:00
    Pi ဟာ စကြာဝဠာရဲ့  မူလကျတဲ့ အရာများစွာ အနက်က တစ်ခု ဖြစ်တဲ့ အတွက်
  • 6:00 - 6:03
    ဒါဟာ သေသေချာချာ စီစဉ်ထားတာလားလို့တောင် မင်း တွေးမိလိမ့်မယ်။
  • 6:03 - 6:08
    ကဲ ဘာဖြစ်ဖြစ်လေ ဒီ ကိန်းကို
  • 6:08 - 6:09
    တို့တတွေရဲ့  အခြေခံ သချာင်္မှာ ဘယ်လို အသုံးချကြမလည်း?
  • 6:09 - 6:12
    အ၀န်းနဲ့ အချင်းရဲ့  အချိုး လို့
  • 6:12 - 6:19
    ပြောလိုက်တဲ့ အခါ
  • 6:19 - 6:21
    ဒါဟာ အ၀န်းကို အချင်းနဲ့ စားပါလို့ ဆို သွယ်ဝိုက် ဆိုလိုတာ ဖြစ်ပြီး
  • 6:21 - 6:28
    မင်းဟာ Pi ကို ရပါလိမ့်မယ်။
  • 6:28 - 6:30
    Pi ဟာ ဒီ ကိန်းလေးပါဘဲ။
  • 6:30 - 6:34
    ၃.၁၄၁၅၉ လို့ရေးနိုင်တယ်။ ဆက်ပြီး ကိန်းတွေ ထပ်ထည့်သွားလည်းရတယ်။
  • 6:34 - 6:36
    ဒါပေမဲ့ နေရာတွေ ပုပ်ပြီး အသုံးပြုရတာ
  • 6:36 - 6:39
    ခက်သွားမယ်။ ဒါမို့ လူတွေက ဒီ ဂရိ အက္ခရာ
  • 6:39 - 6:40
    Pi ကိုဘဲ ရေးလိုက်ကြတယ်။
  • 6:40 - 6:42
    ဒါကို ဘယ်လိုမျိုး ဆက်နွယ်လို့ ရမလည်း?
  • 6:42 - 6:45
    နှစ်ဖက်လုံးကို အချင်းနဲ့ မြှေက်လိုက်မယ်ဆိုရင်
  • 6:45 - 6:49
    အ၀န်း ဟာ အချင်းရဲ့ 
  • 6:49 - 6:51
    Pi အဆ ရှိမယ်လို့ ပြောနိုင်ပါတယ်။
  • 6:51 - 6:56
    အချင်းဟာ အချင်းဝက်ရဲ့  ၂ ဆ ဖြစ်တဲ့ အတွက်
  • 6:56 - 6:59
    အ၀န်းဟာ အချင်းဝက်ရဲ့  Pi နှစ်ခုစာ ရှိမယ်လို့
  • 6:59 - 7:00
    ပြောနိုင်ပါတယ်။
  • 7:00 - 7:03
    မင်း များသော အားဖြင့် တွေ့ရမဲ့ ပုံစံကတော့
  • 7:03 - 7:07
    2 Pi r ဘဲ ဖြစ်ပါတယ်။
  • 7:07 - 7:11
    ကဲ ဒါကို ပုစ္ဆာ အချို့မှာ ဘယ်လို အသုံးချနိုင်မလည်း ဆိုတာ ကြည့်ရအောင်။
  • 7:11 - 7:17
    စက်ဝိုင်းတစ်ခုရှိတယ် ဆိုပါစို့။
  • 7:17 - 7:23
    အဲ့ စက်ဝိုင်းရဲ့  အချင်းဝက် က ၃ ရှိတယ်ဆိုပါစို့။
  • 7:23 - 7:29
    အချင်းဝက်က ၃ လို့ ချရေးလိုက်ပြီ။
  • 7:29 - 7:32
    ဒါက ၃ မီတာ လည်း ဖြစ်နိုင်တယ်။ ယူနစ်ကို ထည့်လိုက်မယ်။
  • 7:32 - 7:35
    အဲ့ စက်ဝိုင်းရဲ့  အ၀န်းက ဘယ်လောက်ဖြစ်မလည်း?
  • 7:35 - 7:38
    အ၀န်း က ၂ x Pi နဲ့ ဖြစ်တယ်။
  • 7:38 - 7:42
    ဒါဟာ ၂ x Pi x အချင်းဝက် နဲ့ တူတူဘဲ ဖြစ်မယ်။
  • 7:42 - 7:47
    ဒါဟာ ၆ မီတာ အမြှောက် Pi
  • 7:47 - 7:50
    သို့မဟုတ် ၆ Pi မီတာ ဖြစ်မယ်။
  • 7:50 - 7:52
    ၆ Pi မီတာ။
  • 7:52 - 7:54
    ဒါကို ထည့်ရှင်းလိုက်လို့ ရပြီ။
  • 7:54 - 7:56
    Pi ဟာ ကိန်းတစ်ခုဘဲဆိုတာ သတိပြုပါ။
  • 7:56 - 8:00
    Pi ဟာ ၃.၁၄၁၅၉ ဖြစ်ပြီး အဆုံးမရှိ ကိန်းတစ်ခု ဖြစ်တယ်။
  • 8:00 - 8:03
    ဒါကို ၆ နဲ့ မြှောက်ရင် ၁၈ ကျော်ကျော်
  • 8:03 - 8:06
    ဒဿမ တစ်ခုခု ရလိမ့်မယ်။
  • 8:06 - 8:08
    ဂဏန်းပေါင်းစက် သုံးပြီး ရှင်းချင်ရင် လည်း ရပါတယ်။
  • 8:08 - 8:10
    ဒါပေမဲ့ ကိန်းတွေကို
  • 8:10 - 8:12
    Pi နဲ့ အတူ ဒီအတိုင်းဘဲထားလိုကြပါတယ်။
  • 8:12 - 8:14
    အခု တော့ ၆ နဲ့  ၃.၁၄၁၅၉ မြှောက်ရင် ဘယ်လောက်ရမယ်ဆိုတာ ငါတော့ သေချာ မပြောနိုင်ဘူး။
  • 8:14 - 8:19
    ၁၉ ဒါမှမဟုတ် ၁၈ လောက်ရမယ်။
  • 8:19 - 8:21
    ၁၈ နောက် ဒဿမကိန်း တစ်ခုခု လည်း ရနိုင်တယ်။
  • 8:21 - 8:22
    ဒဿမ ကိန်း တစ်ခုခုပေါ့။
  • 8:22 - 8:23
    ဂဏန်းပေါင်းစက်တော့ မရှိပါဘူး။
  • 8:23 - 8:25
    ရမဲ့ ဒဿမကိန်း ရေးမဲ့ အစား
  • 8:25 - 8:27
    ၆ Pi လို့ ရေးလိုက်ပြီ။
  • 8:27 - 8:30
    တကယ်တော့ အဖြေက
  • 8:30 - 8:31
    ၁၉ ပြည့်မယ် မထင်ဘူး။
  • 8:31 - 8:34
    နောက်ထပ် မေးခွန်း တစ်ခု ထပ်မေးပါရစေဦး။
  • 8:34 - 8:35
    စက်ဝိုင်း ရဲ့  အချင်းက ဘယ်လောက်ဖြစ်သလည်း။
  • 8:39 - 8:43
    အချင်းဝက် ၃ ဆိုပါစို့။ အချင်းက ၂ ဆဖြစ်မယ်။
  • 8:43 - 8:46
    ဒါဆို ၃ x ၂ သို့မဟုတ် ၃+၃ ဆိုတော့
  • 8:46 - 8:47
    ၆ မီတာ ရပါမယ်။
  • 8:47 - 8:51
    ဒါဆို အ၀န်းက ၆ Pi မီတာ၊ အချင်းက ၆ မီတာ နဲ့
  • 8:51 - 8:54
    အချင်းဝက် က ၃ မီတာ ဖြစ်ပါမယ်။
  • 8:54 - 8:55
    အခြားနည်းလမ်း တွေကို သွားကြည့်ရအောင်။
  • 8:55 - 8:57
    အခြား စက်ဝိုင်းတစ်ခု ရှိမယ်ဆိုပါစို့။
  • 8:57 - 9:01
    အခြား စက်ဝိုင်းတစ်ခု ဒီနေရမှာ ရှိတယ်ပေါ့။
  • 9:01 - 9:05
    ငါ က မင်းကို အ၀န်းက
  • 9:05 - 9:09
    ၁၀ မီတာရှိတယ်လို့ပြောမယ်။ ဒါဟာ အ၀န်းနော်။
  • 9:09 - 9:11
    မင်း က ပေကြိုးနဲ့ ပတ်ပတ်လည် တိုင်းကြည့်လိုက်တယ်။
  • 9:11 - 9:18
    တစ်ယောက်ယောက်က မင်းကို ဒီစက်ဝိုင်းရဲ့  အချင်းဟာ ဘယ်လောက်လည်းလို့ မေးလာမယ်ဆိုပါစို့။
  • 9:18 - 9:23
    ကောင်းပြီ တို့ တတွေ သိကြတာ
  • 9:23 - 9:27
    အ၀န်းက အချင်းရဲ့ Pi ဆနဲ့ ညီတယ်။
  • 9:27 - 9:29
    အ၀န်းက ၁၀ မီတာ ရှိတယ်ပေါ့။
  • 9:29 - 9:31
    ဒါကို ရှင်းဖို့ ညီမျှချင်း နှစ်ဖက်စလုံးကို
  • 9:31 - 9:33
    Pi နဲ့ စားလိုက်မယ်။
  • 9:33 - 9:36
    အချင်းက ၁၀ မီတာ/Pi
  • 9:36 - 9:39
    သို့မဟုတ် ၁၀/Pi မီတာ ရမယ်။
  • 9:39 - 9:40
    ဒါဟာ တကယ်တော့ ကိန်းတစ်ခုဘဲ ဖြစ်တယ်။
  • 9:40 - 9:43
    မင်းမှာ ဂဏန်းပေါင်းစက်သာ ရှိရင်
  • 9:43 - 9:46
    ၁၀ ကို ၃.၁၄၁၅၉ နဲ့ စားရင်
  • 9:46 - 9:48
    ၃ ဒဿမ ကျော်ကျော် ရမယ်။
  • 9:48 - 9:49
    ဒါကိုတော့ ငါစိတ်တွက်နဲ့ တွက်လို့ မရဘူး။
  • 9:49 - 9:50
    ဒါပေမဲ့ Pi ဟာ ကိန်းတစ်ခုဘဲနော်။
  • 9:50 - 9:53
    ရှူပ်ထွေးမသွားဖို့ အတွက် ဒီအတိုင်းဘဲ ထားလေ့ရှိကြတယ်။
  • 9:53 - 9:55
    ဒါဆို အချင်းဝက်ကရော?
  • 9:55 - 9:59
    ကဲ အချင်းဝက်ကတော့ အချင်းရဲ့  တစ်ဝက် ဖြစ်တယ်။
  • 9:59 - 10:03
    ဒီ အကွာအဝေးတစ်ခုလုံးဟာ ၁၀/Pi မီတာ ဖြစ်တယ်။
  • 10:03 - 10:06
    အချင်းဝက်ကို လိုချင်ရင် ဒါကို တစ်ဝက် ၀က်လိုက်မှာပေါ့။
  • 10:06 - 10:08
    ဒါကို ၁/၂ နဲ့ မြှောက်လိုက်ရင် အချင်းဝက်ကို ရမှာပါ။
  • 10:08 - 10:13
    ဒါဆို ၁/၂ အမြှောက် ၁၀/Pi ဒါမှမဟုတ်
  • 10:13 - 10:17
    ၁/၂ x ၁၀ ဒါမှမဟုတ်
  • 10:17 - 10:18
    ပိုင်းဝေနဲ့ ပိုင်းခြေကို ၂ နဲ့စားလိုက်တယ်လို့ ပြောလို့ရတယ်။
  • 10:18 - 10:21
    ဒီဘက်မှာ ၅ ရတဲ့ အတွက် နောက်ဆုံး ၅/Pi ရမယ်။
  • 10:21 - 10:24
    ဒီဘက်က အချင်းဝက်က ၅/Pi ရမယ်။
  • 10:24 - 10:26
    ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။
  • 10:26 - 10:30
    ရှူပ်ထွေးသွားနိုင်တာက လူအများစုက Pi ကို ကိန်းတစ်ခုအဖြစ်
  • 10:30 - 10:32
    သဘောမပေါက်ကြတာပါ။
  • 10:32 - 10:39
    Pi ဟာ ၃.၁၄၁၅၉ ဖြစ်ပြီး အဆုံးမရှိတဲ့ ကိန်းတစ်ခုပါဘဲ။
  • 10:39 - 10:42
    အပြင်မှာ Pi နဲ့ ပက်သက်ပြီး စာအုပ်တွေ ထောင်ချီ ရေးသားခဲ့ပြီးပါပြီ။
  • 10:42 - 10:45
    ငါလည်း စာအုပ်ထောင်ချီ ရှိမယ်ဆိုတာ အတိအကျတော့ မသိပါဘူး။
  • 10:45 - 10:48
    ငါ ချဲ့ကားပြောလွန်းတာလည်း ဖြစ်မယ်။ ဒါပေမဲ့ ဒီကိန်းနဲ့ ပက်သက်ပြီး စာအုပ်ပေါင်းများစွာ ရေးလို့ ရပါတယ်။
  • 10:48 - 10:49
    ဒါပေမဲ့ Pi ဟာ ဂဏန်း တစ်လုံး ပါဘဲ။
  • 10:49 - 10:52
    ဒါဟာ အလွန် အရေးပါတဲ့ ကိန်းတစ်ခု ဖြစ်ပါတယ်။ မင်းက ဒီကိန်းကို ဖော်ပြချင်တယ်ဆို
  • 10:52 - 10:54
    ပုံမှန် ကိန်းဂဏန်းတွေကို ရေးတဲ့ အတိုင်း ထည့်ရေးနိုင်ပြီး
  • 10:54 - 10:56
    ကျန်ကိန်းတွေနဲ့ မြှောက်ပေးလိုက်ရုံ ပါဘဲ။
  • 10:56 - 10:59
    များသောအားဖြင့် လူအများစုက
  • 10:59 - 11:01
    Pi ကိန်း အစားမထိုးဘဲ ဒီအတိုင်းဘဲ ထားချင်ကြပါတယ်။
  • 11:01 - 11:02
    ကောင်းပြီ ဒီမှာဘဲ ရပ်ကြရအောင်။
  • 11:02 - 11:05
    နောက် ဗီဒီယိုမှာတော့ စက်ဝိုင်း ဧရိယာနဲ့ ပက်သက်ပြီး စဉ်းစားကြရအောင်။
Title:
Circles: Radius, Diameter and Circumference
Description:

Understanding the relationship between the radius diameter and circumference of a circle.

more » « less
Video Language:
English
Duration:
11:05

Burmese subtitles

Incomplete

Revisions