Return to Video

အဘယ်ကြောင့် အမျိုးသမီးခေါင်းဆောင်တွေ မရှိသလောက်နည်းရသလဲ

  • 0:00 - 0:02
    ဒီနေ့ ဒီအခန်းထဲမှာရှိနေကြတဲ့ကျွန်မတို့တွေအားလုံး
  • 0:02 - 0:05
    ကံကောင်းကြတယ်လို့ ဝန်ခံကြရင်း စတင်လိုက်ကြရအောင်ရှင်
  • 0:05 - 0:06
    ကျွန်မတို့ဟာ ကျွန်မတို့အမေတွေ ကျွန်မတို့ အဘွားတွေနေခဲ့ကြတဲ့
  • 0:08 - 0:09
    အလုပ်အကိုင်ရွေးချယ်ခွင့်တွေသိပ်ကိုအကန့်အသတ်နဲ့သာရှိခဲ့တဲ့
  • 0:09 - 0:12
    ကမ္ဘာမှာနေနေတာမဟုတ်ပါဘူး
  • 0:12 - 0:14
    ဒီနေ့ဒီအခန်းထဲမှာ ရှိနေကြတယ်ဆိုရင်
  • 0:14 - 0:16
    ကျွန်မတို့ထဲကအများစုဟာ အခြေခံလူမှုအခွင့်အရေးတွေရှိတဲ့
  • 0:16 - 0:19
    ကမ္ဘာတစ်ခုမှာကြီးပြင်းခဲ့တာပါ။
  • 0:19 - 0:21
    ပြီးတော့ အံ့သြစရာကောင်းလောက်အောင်ပဲ တချို့သောအမျိုးသမီးတွေက
  • 0:21 - 0:23
    ဒီအခွင့်အရေးတွေကိုမရသေးတဲ့ ကမ္ဘာမှာနေနေကြတာပါ
  • 0:23 - 0:25
    ဒါပေမဲ့ ဒါတွေအားလုံးကိုဘေးဖယ်ထားပြီး ကျွန်မတို့မှာပြဿနာတစ်ခုရှိပါသေးတယ်
  • 0:25 - 0:27
    နောက်ပြီး ဒါကတကယ့်ပြဿနာတစ်ခုပါ
  • 0:27 - 0:29
    ပြဿနာကတော့ ဒီလိုပါ
  • 0:29 - 0:31
    အမျိုးသမီးတွေဟာ ကမ္ဘာပေါ်ကမည်သည့်နေရာမှာမဆို
  • 0:31 - 0:33
    အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုရဲ့ ထိပ်ပိုင်းကို
  • 0:33 - 0:35
    ရောက်မလာကြပါဘူး
  • 0:35 - 0:37
    ကိန်းဂဏန်းတွေက ဒီအကြောင်းကို တော်တော်လေးရှင်းရှင်းလင်းလင်းပြောပြနေပါတယ်
  • 0:37 - 0:39
    နိုင်ငံ့ခေါင်းဆောင် ၁၉၀ ဦးမှာ
  • 0:39 - 0:41
    ကိုးဦးဟာ အမျိုးသမီးတွေဖြစ်ပါတယ်
  • 0:41 - 0:43
    ကမ္ဘာပေါ်ရှိ လွှတ်တော်ကလူတွေအားလုံးမှာ
  • 0:43 - 0:45
    ၁၃ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပါတယ်
  • 0:45 - 0:47
    အကြီးစားစီးပွားရေးကဏ္ဍမှာ
  • 0:47 - 0:49
    ထိပ်ပိုင်းနေရာတွေ အုပ်ချုပ်ရေးမှူးအဆင့်ရာထူးတွေ (C-level jobs)
  • 0:49 - 0:51
    ဘုတ်အဖွဲ့ဝင်နေရာတွေမှာရှိတဲ့ အမျိုးသမီးအရေအတွက်က
  • 0:51 - 0:54
    ၁၅ ၊ ၁၆ ရာခိုင်နှုန်းအများဆုံးပါပဲ
  • 0:54 - 0:56
    ဒီကိန်းဂဏန်းတွေဟာ ၂၀၀၂ ခုနှစ်ကတည်းကပြောင်းလဲမလာဘဲ
  • 0:56 - 0:59
    လွဲမှားတဲ့လမ်းကြောင်းဆီကိုတောင် ဦးတည်နေပါတယ်
  • 0:59 - 1:01
    အမျိုးသမီးတွေဦးဆောင်မယ်လို့ ကျွန်မတို့
  • 1:01 - 1:03
    တစ်ခါတစ်လေ ထင်ထားတဲ့လောကဖြစ်တဲ့
  • 1:03 - 1:05
    အကျိုးအမြတ်နဲ့မဆိုင်တဲ့လောကမှာတောင်
  • 1:05 - 1:07
    အမျိုးသမီးတွေက ထိပ်ပိုင်းမှာရှိနေတာ ၂၀ ရာခိုင်နှုန်းပါ
  • 1:07 - 1:09
    ကျွန်မတို့မှာအခြားပြဿနာတစ်ခုလည်းရှိပါသေးတယ်
  • 1:09 - 1:12
    အမျိုးသမီးတွေဟာ အသက်မွေးဝမ်းကြောင်းဆိုင်ရာအောင်မြင်မှုနဲ့
  • 1:12 - 1:15
    ပုဂ္ဂလပြီးပြည့်စုံမှုကြားမှာ ပိုပြီးခက်ခဲတဲ့ရွေးချယ်မှုတွေကိုရင်ဆိုင်ရလေ့ရှိပါတယ်
  • 1:15 - 1:17
    အမေရိကန်ပြည်ထောင်စုမှာ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့
  • 1:17 - 1:20
    သုတေသနတစ်ခုကဖော်ပြတာကတော့ အိမ်ထောင်ရှိအကြီးတန်းမန်နေဂျာတွေထဲမှာ
  • 1:20 - 1:23
    အိမ်ထောင်ရှိအမျိုးသားတွေရဲ့ ၃ ပုံ၂ ပုံ ဟာ ကလေးရှိပြီး
  • 1:23 - 1:26
    အိမ်ထောင်ရှိအမျိုးသမီးတွေရဲ့ ၃ ပုံ ၁ ပုံ ကသာ ကလေးရှိကြပါတယ်
  • 1:26 - 1:28
    နှစ်အနည်းငယ်လောက်က ကျွန်မနယူးယောက်မှာရောက်နေပါတယ်
  • 1:28 - 1:30
    သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုနေတာပါ
  • 1:30 - 1:32
    (ပစ္စည်းပေါင်နှံရာတွင်) စာချုပ်အရ ပေးရန် ငွေ အားလုံး နုတ်ပယ်ပြီးနောက် လက်ကျန် တန် (law esp Brit) ဥပဒေအရမဟုတ်ဘဲ လူမှုရေး အရ စာနာ ထောက်ထားသောအားဖြင့် သက်ညှာရန် လျှောက်ထား and I was in one of those fancy New York private equity offices
  • 1:32 - 1:34
    you can picture.
  • 1:34 - 1:37
    ကျွန်မကအစည်းအဝေးထဲမှာပါ သုံးနာရီလောက်ကြာတဲ့အစည်းအဝေးပါ
  • 1:37 - 1:40
    နှစ်နာရီကြာပြီးသွားရော ကျန်းမာရေးကိစ္စခဏနားဖို့ပေါ်လာပါတယ်
  • 1:40 - 1:42
    ပြီးတော့ အားလုံးမတ်တပ်ထရပ်ကြပါတယ်
  • 1:42 - 1:44
    အစည်းအဝေးကိုဦးဆောင်နေတဲ့လုပ်ဖော်ကိုင်ဖက်က
  • 1:44 - 1:46
    အကျပ်ရိုက်နေတဲ့ပုံပေါ်လာပါတယ်
  • 1:46 - 1:48
    နောက်တော့ ကျွန်မသဘောပေါက်သွားတာ သူ့ရုံးမှာ
  • 1:48 - 1:50
    အမျိုးသမီးသန့်စင်ခန်းဘယ်နားရှိမှန်း သူမသိဘူးဆိုတာပါ
  • 1:50 - 1:52
    ဒီတော့ ကျွန်မက သူတို့တွေ အခုမှပြောင်းလာတာလားလို့တွေးမိပြီး
  • 1:52 - 1:55
    ပစ္စည်းသယ်တဲ့ပုံးတွေများရှိမလားလို့ လှည့်ပတ်ကြည့်လိုက်တော့လည်းမတွေ့မိပါဘူး
  • 1:55 - 1:58
    ဒီတော့ ကျွန်မက "ရှင်တို့ ဒီရုံးခန်းကို ပြောင်းလာကာစပဲရှိသေးတာလား" လို့မေးလိုက်ပါတယ်
  • 1:58 - 2:01
    သူက "မဟုတ်ပါဘူး ကျွန်တော်တို့ဒီရောက်တာ တစ်နှစ်လောက်ရှိပါပြီ" တဲ့
  • 2:01 - 2:04
    ဒီတော့ ကျွန်မကပြောလိုက်ပါတယ် "ကျွန်မက တစ်နှစ်လုံးမှာ
  • 2:04 - 2:06
    ဒီရုံးခန်းထဲ စာချုပ်လာချုပ်တဲ့
  • 2:06 - 2:09
    တစ်ဦးတည်းသောအမျိုးသမီးလို့ ရှင်ဆိုလိုနေတာလား" ပေါ့
  • 2:09 - 2:11
    သူကကျွန်မကိုကြည့်လိုက်ပါတယ် ပြီးတော့ပြောလိုက်တာက
  • 2:11 - 2:14
    "ဟုတ်ပါတယ်။ ဒါမှမဟုတ် သန့်စင်ခန်းသွားဖို့ဖြစ်လာတဲ့ တစ်ဦးတည်းသောအမျိုးသမီးဖြစ်နိုင်ပါတယ်"တဲ့
  • 2:14 - 2:16
    (ရယ်သံများ)
  • 2:16 - 2:18
    ဒီတော့ မေးခွန်းက
  • 2:18 - 2:21
    ကျွန်မတို့ ဒါကိုဘယ်လိုပြုပြင်ပြောင်းလဲမလဲဆိုတာပါ
  • 2:21 - 2:24
    ထိပ်ဆုံးက ဂဏန်းတွေကို ဘယ်လိုပြောင်းလဲကြမလဲ
  • 2:24 - 2:27
    ဒါကိုပြောင်းလဲလာအောင် ကျွန်မတို့ဘယ်လိုလုပ်ကြပါ့မလဲ
  • 2:27 - 2:29
    ကျွန်မဒါကို စတင်ချင်တာက
  • 2:29 - 2:31
    ကျွန်မဒီအကြောင်းပြောလေ့ရှိပါတယ်
  • 2:31 - 2:33
    လုပ်ငန်းခွင်မှာအမျိုးသမီးတွေကိုထိန်းသိမ်းထားခြင်းပါ
  • 2:33 - 2:35
    ဘာလို့လဲဆိုတော့ ဒါကအဖြေလို့ကျွန်မတကယ်ထင်လို့ပါ
  • 2:35 - 2:37
    ကျွန်မတို့လုပ်အားကဏ္ဍရဲ့ လစာငွေအမြင့်ပိုင်းမှာ
  • 2:37 - 2:40
    Fortune 500 စာရင်းဝင် CEO တွေလိုမျိုး
  • 2:40 - 2:42
    အခြားလုပ်ငန်းကဏ္ဍတွေရဲ့ အလားတူနေရာမျိုးမှာ
  • 2:42 - 2:45
    ထိပ်ဆုံးကိုရောက်လာဖြစ်ကြတဲ့လူတွေထဲမှာ
  • 2:45 - 2:47
    ပြဿနာဖြစ်နေတာကတော့ အမျိုးသမီးတွေဟာ
  • 2:47 - 2:49
    လုပ်ငန်းကနေ စွန့်ခွာနေတယ်လို့ ကျွန်မယုံကြည်ပါတယ်
  • 2:49 - 2:51
    အခုတော့ လူတွေဒီအကြောင်းကိုအများကြီးပြောကြပါတယ်
  • 2:51 - 2:53
    သူတို့တွေက ပြောင်းလွယ်ပြင်လွယ်ရှိတဲ့အလုပ်ချိန်နဲ့ လမ်းညွှန်ပြသမှုလိုဟာမျိုးတွေ
  • 2:53 - 2:56
    ကုမ္ပဏီတွေမှာရှိသင့်တဲ့ အမျိုးသမီးတွေကိုလေ့ကျင့်ပေးတဲ့ အစီအစဉ်တွေအကြောင်းတွေကိုပြောကြပါတယ်
  • 2:56 - 2:58
    ဒါတွေက တကယ်ကိုအရေးပါတယ်ဆိုပေမယ့်
  • 2:58 - 3:00
    ကျွန်မဒီနေ့တော့ ဒါတွေတစ်ခုမှ မပြောချင်ပါဘူးရှင်
  • 3:00 - 3:03
    ကျွန်မ ဒီနေ့ အဓိကထားပြောချင်တာကတော့ တစ်ဦးချင်းစီအနေနဲ့ကျွန်မတို့ဘာလုပ်နိုင်မလဲဆိုတာပါ
  • 3:03 - 3:06
    ကျွန်မတို့အချင်းချင်း ဘယ်လို အတွေးအမြင်တွေလက်ဆင့်ကမ်းသင့်ပါသလဲ
  • 3:06 - 3:09
    ကျွန်မတို့အတူတူလုပ်ကြတဲ့ ကျွန်မတို့အတွက်အလုပ်လုပ်ပေးကြတဲ့ အမျိုးသမီးတွေကို ဘယ်လိုအတွေးအမြင်တွေပေးသင့်ပါသလဲ
  • 3:09 - 3:11
    ကျွန်မတို့သမီးတွေကို ဘယ်လိုအတွေးအမြင်တွေ ပြောပြသင့်ပါသလဲ
  • 3:11 - 3:13
    အခုပွဲဦးထွက်ကတည်းကရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောပြထားချင်တာက
  • 3:13 - 3:16
    အခုပြောတာတွေက ဘယ်လိုဝေဖန်ပိုင်းခြားမှုမျိုးကနေလာတာမျိုးမဟုတ်ပါဘူး
  • 3:16 - 3:18
    ကျွန်မမှာ အဖြေမှန်ဆိုတာမရှိပါဘူး
  • 3:18 - 3:20
    ကျွန်မကိုယ်တိုင်မှာတောင် မရှိပါဘူး
  • 3:20 - 3:23
    တနင်္လာနေ့က ကျွန်မနေတဲ့ ဆန်ဖရန်စစ္စကိုကနေ ထွက်ခဲ့ပါတယ်
  • 3:23 - 3:25
    ကျွန်မက ဒီတွေ့ဆုံပွဲကိုလာဖို့ လေယာဉ်ပေါ်ကိုတက်တော့မလို့ပါ
  • 3:25 - 3:28
    သုံးနှစ်အရွယ်ကျွန်မသမီးက မူကြိုကနေကျွန်မသူ့ကိုသွားကြိုလာတော့
  • 3:28 - 3:30
    ခြေထောက်ကိုဆွဲပြီးဖက်ထားပါတယ်
  • 3:30 - 3:32
    ငိုပြီးတော့ "မေမေရယ် လေယာဉ်ပေါ်မတက်ပါနဲ့ " ဆိုတာမျိုးလုပ်ပါတော့တယ်
  • 3:32 - 3:35
    ဒီလိုမျိုးကမလွယ်လှပါဘူး တစ်ခါတစ်လေကျွန်မအပြစ်ရှိသလိုခံစားရပါတယ်
  • 3:35 - 3:37
    အိမ်တွင်ဖြစ်စေ လုပ်ငန်းခွင်တွင်ဖြစ်စေ
  • 3:37 - 3:39
    ဒီလိုမျိုးတစ်ခါတစ်လေမခံစားရဖူးတဲ့ အမျိုးသမီးတစ်ဦးမှ
  • 3:39 - 3:41
    ကျွန်မ မတွေ့ဖူးပါဘူး
  • 3:41 - 3:44
    ဒီတော့ လုပ်ငန်းခွင်မှာ ဆက်လက်နေခြင်းဟာ
  • 3:44 - 3:46
    လူတိုင်းအတွက်မှန်ကန်တဲ့အရာလို့တော့ ကျွန်မ မပြောပါဘူး
  • 3:46 - 3:49
    ကျွန်မဒီနေ့ပြောမှာက တကယ်လို့ အလုပ်ခွင်ထဲမှာနေချင်တယ်ဆိုရင်
  • 3:49 - 3:51
    ရှိသင့်တဲ့အတွေးအမြင်တွေအကြောင်းပါ
  • 3:51 - 3:53
    ကျွန်မကတော့ အချက်သုံးချက်ရှိတယ်လို့ထင်ပါတယ်
  • 3:53 - 3:56
    တစ်အချက် စားပွဲမှာထိုင်ပါ
  • 3:56 - 3:59
    နှစ်အချက် သင့်လက်တွဲဖော်ကို တကယ့်လက်တွဲဖော်ဖြစ်အောင်လုပ်ပါ
  • 3:59 - 4:03
    နောက်သုံးအချက် တကယ်မထွက်ခင် မထွက်လိုက်ပါနဲ့
  • 4:03 - 4:05
    နံပါတ်တစ်အချက်: စားပွဲတွင်ထိုင်ပါ
  • 4:05 - 4:07
    လွန်ခဲ့တဲ့အပတ်အနည်းငယ်လောက်က ဖေ့ဘွတ်ခ်မှာ
  • 4:07 - 4:10
    တကယ့်ကိုရာထူးကြီးကြီးအစိုးရအရာရှိကြီးတစ်ဦးကိုကျွန်မတို့ကြိုဆိုတွေ့ဆုံခဲ့ပါတယ်
  • 4:10 - 4:12
    သူက ဆီလီကွန်တောင်ကြားတစ်ဝိုက်က အကြီးတန်းအုပ်ချုပ်ရေးသမားတွေနဲ့
  • 4:12 - 4:15
    တွေ့ဖို့လာခဲ့တာပါ
  • 4:15 - 4:17
    လူတိုင်းလိုလိုစားပွဲမှာထိုင်လိုက်ပါတယ်
  • 4:17 - 4:20
    သူ့ဌာနမှာတော်တော်လေးစီနီယာကျတဲ့
  • 4:20 - 4:22
    သူနဲ့အတူခရီးသွားလာနေတဲ့ ဒီအမျိုးသမီးနှစ်ဦးပါလာပါတယ်
  • 4:22 - 4:25
    ကျွန်မကသူတို့ကို "စားပွဲမှာထိုင်ပါ လာပါ စားပွဲမှာထိုင်ပါ" ဆိုတာမျိုးပြောမိပါတယ်
  • 4:25 - 4:28
    သူတို့က အခန်းရဲ့ဘေးခြမ်းမှာ ထိုင်ကြတယ်ရှင့်
  • 4:28 - 4:30
    ကျွန်မကောလိပ်နောက်ဆုံးနှစ်မှာ
  • 4:30 - 4:33
    ဥရောပအတွေးအမြင်သမိုင်းဆိုတဲ့ သင်တန်းတစ်ခုတက်ပါတယ်
  • 4:33 - 4:35
    ကောလိပ်ကအဲဒီလိုမျိုးတွေမကြိုက်ဘူးလားဆိုရင်
  • 4:35 - 4:37
    အခုကျွန်မကြိုက်နိုင်ရင်တော့ကောင်းပါမယ်
  • 4:37 - 4:39
    ကျွန်မအဲဒါကို အခန်းဖော် ကယ်ရီနဲ့အတူတူတက်ပါတယ်
  • 4:39 - 4:41
    ထွန်းပေါက်တဲ့ စာပေကျောင်းသူတစ်ဦးဖြစ်ခဲ့ပြီး
  • 4:41 - 4:43
    ထွန်းပေါက်တဲ့စာပေပညာရှင်တစ်ယောက်ဆက်ဖြစ်လာတဲ့သူပါ
  • 4:43 - 4:45
    ပြီးတော့ လူတော်တစ်ယောက် ဒါပေမဲ့ ဝါးတားပိုလိုကစားတဲ့
  • 4:45 - 4:47
    တတိယနှစ်ဆေးကြိုကျောင်းသားဖြစ်တဲ့
  • 4:47 - 4:49
    ကျွန်မမောင်လည်းပါပါတယ်
  • 4:49 - 4:51
    ကျွန်မတို့သုံးယောက် ဒီအတန်းကိုအတူတူတက်ကြပါတယ်
  • 4:51 - 4:53
    ကယ်ရီကတော့ မူရင်း ဂရိနဲ့ လက်တင်ဘာသာနဲ့
  • 4:53 - 4:55
    စာအုပ်တွေအားလုံးကိုဖတ်ပါတယ်
  • 4:55 - 4:57
    ပို့ချတန်းအားလုံးကို တက်ပါတယ်
  • 4:57 - 4:59
    ကျွန်မကတော့ အင်္ဂလိပ်လို စာအုပ်တွေအားလုံးကိုဖတ်ပြီး
  • 4:59 - 5:01
    ပို့ချတန်းအများစုကိုတက်ပါတယ်
  • 5:01 - 5:03
    ကျွန်မမောင်ကတော့ နည်းနည်းအလုပ်များပါတယ်
  • 5:03 - 5:05
    စာအုပ် ၁၂ အုပ်မှာ တစ်အုပ်ကိုဖတ်ပြီး
  • 5:05 - 5:07
    ပို့ချတန်းနည်းနည်းပါးပါးကို တက်ပါတယ်
  • 5:07 - 5:09
    စာမေးပွဲမတိုင်ခင်ရက်ပိုင်းလောက်ရောက်ရင်
  • 5:09 - 5:12
    သူကိုစာသင်ပေးဖို့ ကျွန်မတို့အခန်းဆီကို ရောက်ချလာပါတော့တယ်
  • 5:12 - 5:15
    ကျွန်မတို့သုံးယောက်သားစာမေးပွဲဆီအတူတူသွားကြတယ် ထိုင်ချလိုက်ကြတယ်
  • 5:15 - 5:17
    ကျွန်မတို့ သုံးနာရီကြာဖြေကြပါတယ်
  • 5:17 - 5:20
    နောက်ပြီး မှတ်စုစာအုပ်အပြာရောင်လေးတွေလည်းပါပါတယ် -- ဟုတ်ကဲ့ ကျွန်မကအဲဒီလောက်အသက်ကြီးနေပါပြီ
  • 5:20 - 5:23
    ကျွန်မတို့ထွက်လာတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး "ဘယ်လိုနေလဲ" လို့မေးကြတယ်
  • 5:23 - 5:26
    ကယ်ရီက "အမယ်လေးနော် ငါတော့ ဟေဂန်၏ယုတ္တိဗေဒနည်းကျ အမှန်ကို ဆန်းစစ်ခြင်း ရဲ့
  • 5:26 - 5:28
    အဓိကအချက်ကိုမဆွဲထုတ်မိခဲ့ဘူးထင်တယ်" တဲ့
  • 5:28 - 5:31
    ကျွန်မကပြောပါတယ် "ဘုရားရေ ငါ ဂျွန်လော့ခ်ရဲ့ လုပ်အားဖြင့်ပိုင်ဆိုင်မှုသီအိုရီ နဲ့
  • 5:31 - 5:34
    အဲဒါကိုလိုက်နာတဲ့ ဒဿနသမားတွေကို ချိတ်ဆက်ဖြေခဲ့ရင်ကောင်းမှာပဲ"
  • 5:34 - 5:36
    ကျွန်မမောင်ကတော့
  • 5:36 - 5:39
    "ငါကတော့ အခန်းထဲမှာ ထိပ်ဆုံးအဆင့်ပဲ" တဲ့
  • 5:40 - 5:42
    "နင်ကအခန်းထဲမှာထိပ်ဆုံးအဆင့်ဟုတ်လား
  • 5:42 - 5:45
    နင်ကဘာမှသိတာမဟုတ်ဘူး"
  • 5:45 - 5:47
    ဒီဇာတ်လမ်းတွေမှာ ဖြစ်နေတဲ့ပြဿနာကို
  • 5:47 - 5:50
    အချက်အလက်တွေကပြသလိုသူတို့ကလည်းပြနေပါတယ်
  • 5:50 - 5:53
    အမျိုးသမီးတွေက သူတို့ရဲ့ကိုယ်ပိုင်စွမ်းဆောင်နိုင်ရည်တွေကို ပုံမှန်အားဖြင့် လျှော့တွက်လေ့ရှိပါတယ်
  • 5:53 - 5:55
    အမျိုးသားတွေနဲ့ အမျိုးသမီးတွေကိုစမ်းသပ်ကြည့်ပြီး
  • 5:55 - 5:58
    GPA လိုမျိုး လုံးဝဓမ္မဓိဌာန်ကျတဲ့ စံညွှန်းမှတ်ကျောက်တွေအကြောင်း မေးကြည့်ရင်
  • 5:58 - 6:00
    အမျိုးသားတွေကမှားဖြေတာမသိမသာပိုများပါတယ်
  • 6:00 - 6:03
    အမျိုးသမီးတွေကမှားဖြေတာကတော့မသိမသာပိုနည်းပါတယ်
  • 6:03 - 6:06
    အမျိုးသမီးတွေကို လုပ်ငန်းခွင်မှာသူတို့ကိုယ်တိုင်အတွက်ညှိနှိုင်းတာမျိုးမလုပ်ကြပါဘူး
  • 6:06 - 6:08
    လွန်ခဲ့တဲ့နှစ်နှစ်ကလုပ်ခဲ့တဲ့ ကောလိပ်ကထွက်လာပြီး
  • 6:08 - 6:10
    အလုပ်ခွင်ဝင်ကြတဲ့လူတွေနဲ့ပတ်သက်ပြီးလေ့လာချက်တစ်ခုက
  • 6:10 - 6:13
    ပြသခဲ့တာက ဝင်လာတဲ့ယောက်ျားလေးတွေ ဒါမှမဟုတ်
  • 6:13 - 6:15
    ကျွန်မထင်တယ် အမျိုးသားတွေရဲ့ ၅၇ ရာခိုင်နှုန်းက
  • 6:15 - 6:17
    သူတို့ရဲ့ပထမဆုံးလစာကိုညှိနှိုင်းမှုလုပ်ကြပြီး
  • 6:17 - 6:20
    အမျိုးသမီး ၇ရာခိုင်နှုန်းကသာ ဒီလိုလုပ်ကြပါတယ်
  • 6:20 - 6:22
    အရေးကြီးဆုံးကတော့
  • 6:22 - 6:25
    အမျိုးသားတွေဟာ သူတို့ရဲ့အောင်မြင်မှုဟာ သူတို့ကိုယ်တိုင်ကြောင့်လို့ဆိုပြီး
  • 6:25 - 6:28
    အမျိုးသမီးတွေကတော့ အခြားပြင်ပအကြောင်းရင်းတွေကြောင့်လို့ပြောလို့ရှိပါတယ်
  • 6:28 - 6:30
    အမျိုးသားတွေကို သူတို့ရဲ့အလုပ်ဘာလို့အောင်မြင်သလဲလို့မေးရင်
  • 6:30 - 6:33
    သူတို့က "ကျွန်တော်ကတော်တယ်လေ။ အသိသာကြီးကို။
  • 6:33 - 6:36
    ဘာလို့များမေးနေတာလဲ" လို့ပြောပါလိမ့်မယ်
  • 6:36 - 6:38
    အမျိုးသမီးတွေကို သူတို့ရဲ့အလုပ်တစ်ခုဘာလို့အောင်မြင်လဲမေးရင်တော့
  • 6:38 - 6:40
    သူတို့ပြောမှာက တစ်ယောက်ယောက်ကူညီလို့ပါ
  • 6:40 - 6:42
    ကံကောင်းထောက်မလို့ပါ တကယ်ကို ကြိုးကြိုးစားစားလုပ်ခဲ့လို့ပါ ဆိုတာတွေပါ
  • 6:42 - 6:44
    ဒါကဘာလို့အရေးကြီးတာလဲ
  • 6:44 - 6:46
    အမယ်လေး ဒါအရမ်းကိုအရေးကြီးတာပေါ့
  • 6:46 - 6:49
    ဘာလို့လဲဆိုတော့ ဘယ်သူမှ စားပွဲမှာမထိုင်ဘဲ
  • 6:49 - 6:51
    ဘေးခြမ်းမှာထိုင်နေပြီး ထောင့်ရုံးခန်း ( အရာရှိနေရာ ) ကိုရမှာမဟုတ်ပါဘူး
  • 6:51 - 6:53
    ကိုယ့်ကိုယ်ကို အောင်မြင်မှုနဲ့ထိုက်တန်တယ်လို့မယူဆရင်
  • 6:53 - 6:56
    ဒါမှမဟုတ် ကိုယ်ပိုင်အောင်မြင်မှုကိုနားမလည်ရင်
  • 6:56 - 6:59
    ဘယ်သူမှ ရာထူးတိုးခြင်းဆိုတာမျိုးရလာမှာမဟုတ်ပါဘူး
  • 6:59 - 7:01
    အဖြေကလွယ်မယ်သာဆိုရင် ကောင်းမှာပဲရှင်
  • 7:01 - 7:03
    ကျွန်မအလုပ်လုပ်ပေးနေတဲ့ အမျိုးသမီးတွေအားလုံး
  • 7:03 - 7:05
    ဒီအံ့ဖွယ်မိန်းမသားတွေဆီကို သွားပြီးပြောလို့ရရင်သိပ်ကောင်းမှာပဲရှင်
  • 7:05 - 7:07
    "ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ကိုယ်တိုင်အတွက်ညှိနှိုင်းပါ။
  • 7:07 - 7:09
    ကိုယ်ပိုင်အောင်မြင်မှုကို ကိုယ်တိုင်ထိန်းသိမ်းထားပါ" လို့ပေါ့ရှင့်
  • 7:09 - 7:12
    ဒါကို ကျွန်မသမီးကိုပြောပြနိုင်ရင်သိပ်ကောင်းမှာပါပဲ
  • 7:12 - 7:14
    ဒါပေမဲ့ ဒါကဒီလောက်မရိုးရှင်းပါဘူး
  • 7:14 - 7:17
    အကြောင်းက အချက်အလက်တွေအားလုံးကပြနေတာ အခြားအရာတွေအားလုံးထက် တစ်ခုသောအရာပါ
  • 7:17 - 7:19
    ဘာလဲဆိုတော့ အောင်မြင်မှုနဲ့ နှစ်သက်ဖွယ်ကောင်းမှုက
  • 7:19 - 7:22
    အမျိုးသားတွေမှာ အညမညသဘောအပြန်အလှန်ဆက်စပ်နေပြီး
  • 7:22 - 7:24
    အမျိုးသမီးတွေမှာ ဆန့်ကျင်ဖီလာစွာဆက်စပ်နေပါတယ်
  • 7:24 - 7:26
    လူတိုင်းခေါင်းညိတ်နေကြပါတယ်
  • 7:26 - 7:28
    ဒါအမှန်ပဲဆိုတာ ကျွန်မတို့အားလုံးသိတာကိုးရှင့်
  • 7:28 - 7:31
    ဒီအချက်ကိုသေသေချာချာကို ဖော်ထုတ်ပြတဲ့ တကယ်ကိုကောင်းတဲ့လေ့လာချက်တစ်ခုရှိပါတယ်
  • 7:31 - 7:33
    ဟေဒီရွိင်ဇန်ဆိုတဲ့ အမျိုးသမီး နဲ့ပတ်သက်ပြီး ထင်ရှားလှတဲ့
  • 7:33 - 7:35
    ဟားဗတ်စီးပွားရေးတက္ကသိုလ် လေ့လာချက်တစ်ခုရှိပါတယ်
  • 7:35 - 7:37
    သူက ဆီလီကွန်တောင်ကြားက ကုမ္ပဏီတစ်ခုမှာ
  • 7:37 - 7:39
    အော်ပရေတာတစ်ယောက်ပါ
  • 7:39 - 7:41
    သူ့မှာရှိတဲ့အဆက်အသွယ်တွေကို သုံးပြီး
  • 7:41 - 7:44
    အရမ်းကိုအောင်မြင်တဲ့ အရင်းအနှီးထုတ်ပေးတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာပါတယ်
  • 7:44 - 7:46
    သိပ်မကြာသေးလှတဲ့ ၂၀၀၂ ခုနှစ်မှာ
  • 7:46 - 7:48
    ကိုလံဘီယာတက္ကသိုလ်က ပါမေက္ခတစ်ဦးက
  • 7:48 - 7:51
    ဒီဖြစ်စဉ်ကိုယူပြီး ဟောင်းဝဒ်ရိုင်ဇန်လို့ လုပ်လိုက်ပါတယ်
  • 7:51 - 7:53
    သူက ဒီလူနှစ်ဦးစလုံးရဲ့ ဒီဖြစ်စဉ်ကို
  • 7:53 - 7:55
    ကျောင်းသားအဖွဲ့နှစ်ခုကို ပေးလိုက်ပါတယ်
  • 7:55 - 7:57
    သူက "ဟေဒီ" ကနေ "ဟောင်းဝဒ်" ဆိုပြီး
  • 7:57 - 7:59
    စာလုံးလေးတစ်လုံးပဲပြောင်းလိုက်ပါတယ်
  • 7:59 - 8:02
    ဒါပေမဲ့ အဲဒီ့တစ်လုံးက တကယ်ကိုကြီးမားတဲ့ခြားနားမှုကိုဖြစ်စေခဲ့ပါတယ်
  • 8:02 - 8:04
    ပြီးနောက် သူက ကျောင်းသားတွေကို စစ်တမ်းကောက်လိုက်ပါတယ်
  • 8:04 - 8:07
    သတင်းကောင်းကတော့ ကျောင်းသားတိုင်း ကျားမမရွေး
  • 8:07 - 8:09
    ဟေဒီ နဲ့ ဟောင်းဝဒ်နှစ်ဦးစလုံးက တူညီတဲ့အရည်အချင်းရှိတယ်လို့ယူဆကြပါတယ်
  • 8:09 - 8:11
    ဒါကတော့ ကောင်းပါတယ်
  • 8:11 - 8:13
    သတင်းဆိုးကတော့ လူတိုင်းက ဟောင်းဝဒ်ကိုသဘောကျကြတယ်ရှင့်
  • 8:13 - 8:15
    သူကလူတော်တစ်ယောက် သူအတွက်အလုပ်လုပ်ချင်ကြတယ်
  • 8:15 - 8:17
    သူနဲ့ငါးမျှားရင်း တစ်နေ့တာကုန်ဆုံးချင်ကြတယ်
  • 8:17 - 8:19
    ဒါပေမဲ့ ဟေဒီကရော? သိပ်မသေချာပါဘူး
  • 8:19 - 8:22
    သူကကိုယ့်အတွက်နည်းနည်းကြည့်တယ် နိုင်ငံရေးနည်းနည်းဆန်တယ်
  • 8:22 - 8:25
    သူအတွက် အလုပ်လုပ်ပေးချင်ကြသလားဆိုတာမသေချာပါဘူး
  • 8:25 - 8:27
    ဒါက ရှုပ်ထွေးမှုပါပဲ
  • 8:27 - 8:29
    ကျွန်မတို့က ကျွန်မတို့ရဲ့ သမီးတွေ လုပ်ဖော်ကိုင်ဖက်တွေကို
  • 8:29 - 8:31
    ကျွန်မတို့ကိုယ်တိုင်ကိုပြောရမှာက ကျွန်မတို့ကိုယ်တိုင် အေအဆင့် ရခဲ့တယ်ဆိုတာယုံကြည်ဖို့
  • 8:31 - 8:33
    ရာထူးတိုးတက်ဖို့အတွက် ဦးတည်ကြိုးစားဖို့
  • 8:33 - 8:35
    စားပွဲမှာ ထိုင်ဖို့ ဆိုတာပါပဲ
  • 8:35 - 8:37
    ပြီးတော့ ကျွန်မတို့က ဒီလိုလုပ်နိုင်ဖို့ စတေးမှုတွေ
  • 8:37 - 8:40
    လုပ်ရတဲ့ ကမ္ဘာမှာ လုပ်ကြရမှာပါ
  • 8:40 - 8:43
    သူတို့ရဲ့ အစ်ကိုမောင်တွေမှာတော့ စတေးမှုတွေဆိုတာမရှိပေမဲ့လည်းပေါ့ရှင်
  • 8:44 - 8:47
    ဒါတွေအားလုံးနဲ့ပတ်သက်ပြီး ဝမ်းနည်းစရာအကောင်းဆုံးကတော့ ဒါကို မှတ်မှတ်သားသားရှိနေဖို့ တကယ့်ကိုခက်တယ်ဆိုတာပါပဲ
  • 8:47 - 8:50
    ကျွန်မအတွက်တကယ်ကို ရှက်စရာကောင်းပေမယ့် အရေးကြီးတယ်လို့ယူဆတဲ့
  • 8:50 - 8:52
    အဖြစ်အပျက်လေးတစ်ခုကို ပြောပြပါမယ်
  • 8:52 - 8:55
    ကျွန်မဒီဟောပြောချက်ကို အရမ်းမကြာသေးတဲ့အချိန်တုန်းက
  • 8:55 - 8:57
    ဖေ့ဘွတ်ခ်မှာ ဝန်ထမ်းပေါင်း ၁၀၀ ကျော်ကိုပေးခဲ့ပါတယ်
  • 8:57 - 9:00
    နာရီအနည်းငယ်လောက်လည်းကြာရော အဲဒီမှာအလုပ်လုပ်နေတဲ့
  • 9:00 - 9:02
    အမျိုးသမီးငယ်တစ်ယောက်က ကျွန်မအလုပ်စားပွဲအပြင်ဘက်မှာ ထိုင်ပြီး
  • 9:02 - 9:04
    ကျွန်မကို စကားပြောချင်နေပါတယ်
  • 9:04 - 9:06
    ကျွန်မက ကောင်းပါပြီ ဆိုပြီးထိုင်ချကာ ကျွန်မတို့စကားပြောကြပါတယ်
  • 9:06 - 9:08
    သူပြောလာတာက "ကျွန်မဒီနေ့ တစ်ခုနားလည်လိုက်တယ်
  • 9:08 - 9:10
    လက်ကိုအမြဲမြှောက်ထားရမယ်လို့ ကျွန်မနားလည်လိုက်တယ်ရှင်"တဲ့
  • 9:10 - 9:12
    ကျွန်မက "ရှင်ဘာကိုဆိုလိုတာလဲ" လို့မေးလိုက်ပါတယ်
  • 9:12 - 9:14
    သူကပြောလိုက်တာက "ဒီလိုလေ ရှင်ဟောပြောနေတုန်း
  • 9:14 - 9:16
    မေးခွန်းနှစ်ခုထပ်ဖြေမယ်လို့ပြောတော့ ကျွန်မက အခြားသူတွေအများကြီးနဲ့အတူ
  • 9:16 - 9:19
    လက်မြှောက်လိုက်ပါတယ် ရှင်နောက်ထပ်မေးခွန်းနှစ်ခုကိုဖြေပါတယ်
  • 9:19 - 9:22
    ကျွန်မကလက်ချလိုက်ပါတယ် ပြီးတော့အခြားအမျိုးသမီးတွေအားလုံးလည်း လက်တွေချလိုက်ပါတယ်
  • 9:22 - 9:24
    ပြီးတော့ နောက်ထပ်မေးခွန်းတွေထပ်ဖြေပါသေးတယ်
  • 9:24 - 9:26
    အမျိုးသားတွေဆီကပဲလေ
  • 9:26 - 9:28
    ကျွန်မကိုယ်ကျွန်မတွေးမိပါတယ်
  • 9:28 - 9:31
    အမယ်လေး ဒီဟောပြောချက်ကိုပို့ချနေတဲ့ကျွန်မက
  • 9:31 - 9:33
    ဘယ်သူမှဂရုမစိုက်မှန်းတော့ အသိသာကြီးဆိုပေမဲ့
  • 9:33 - 9:36
    ဟောပြောနေတုန်းမှာ အမျိုးသားတွေရဲ့လက်တွေမြှောက်ထားဆဲ
  • 9:36 - 9:39
    အမျိုးသမီးတွေရဲ့လက်တွေကမြှောက်ထားဆဲဆိုတာကိုတောင်
  • 9:39 - 9:41
    ကျွန်မသတိမပြုနိုင်ပါဘူး
  • 9:41 - 9:43
    ကုမ္ပဏီတွေရဲ့ အဖွဲ့အစည်းတွေရဲ့ စီမံခန့်ခွဲသူတွေအနေနဲ့
  • 9:43 - 9:45
    ကျွန်မတို့ဟာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်
  • 9:45 - 9:47
    ပိုပြီးအခွင့်အရေးဆီကို လက်လှမ်းနေတယ်ဆိုတာကို မြင်တတ်တဲ့နေရာမှာ
  • 9:47 - 9:49
    ဘယ်လောက်ထိတော်ကြပါသလဲ
  • 9:49 - 9:52
    အမျိုးသမီးတွေကို စားပွဲမှာထိုင်လာအောင်လုပ်ရပါမယ်
  • 9:52 - 9:55
    (လက်ခုပ်သံများ)
  • 9:55 - 9:57
    အတွေးအမြင်နံပါတ်နှစ်:
  • 9:57 - 9:59
    သင့်လက်တွဲဖော်ကို တကယ့်လက်တွဲဖော်ဖြစ်အောင်လုပ်ပါ
  • 9:59 - 10:02
    ကျွန်မကတော့ အိမ်မှာထက် လုပ်ငန်းခွင်မှာ
  • 10:02 - 10:04
    ပိုပြီးတိုးတက်မှုတွေ ရှိတယ်လို့ယုံကြည်ပါတယ်
  • 10:04 - 10:07
    ဒါကို အချက်အလက်တွေက ရှင်းရှင်းလင်းလင်း ပြနေပါတယ်
  • 10:07 - 10:09
    တကယ်လို့သာ မိန်းမတစ်ဦးနဲ့ ယောက်ျားတစ်ဦးအချိန်ပြည့်အလုပ်လုပ်ကြပြီး
  • 10:09 - 10:11
    ကလေးတစ်ယောက်ရှိတယ်ဆိုရင်
  • 10:11 - 10:14
    မိန်းမဟာ အိမ်မှုကိစ္စကို ယောက်ျားလုပ်တာရဲ့နှစ်ဆလုပ်ပါတယ်
  • 10:14 - 10:16
    ပြီးတော့ မိန်းမက ကလေးထိန်းတဲ့အလုပ်ကို
  • 10:16 - 10:19
    ယောက်ျားလုပ်တာရဲ့ သုံးဆလုပ်ပါတယ်
  • 10:19 - 10:21
    ဒီတော့ မိန်းမက အလုပ်နှစ်မျိုး သုံးမျိုးလောက်ရှိနေပြီး
  • 10:21 - 10:23
    ယောက်ျားကတော့ တစ်ခုပဲရှိပါတယ်
  • 10:23 - 10:26
    တစ်ယောက်ယောက်အိမ်မှာပိုနေဖို့လိုလာတဲ့အခါ ဘယ်သူအလုပ်ထွက်မယ်လို့ထင်ပါသလဲရှင်
  • 10:26 - 10:28
    ဒါရဲ့ အကြောင်းရင်းတွေက တော်တော်လေးရှုပ်ထွေးပါတယ်
  • 10:28 - 10:30
    အဲဒီအကြောင်းရင်းတွေထိ ပြောဖို့တော့ ကျွန်မအချိန်မရပါဘူးရှင့်
  • 10:30 - 10:32
    တနင်္ဂနွေ ဘောလုံးပွဲကြည့်တာနဲ့
  • 10:32 - 10:34
    ယေဘုယျအပျင်းရောဂါက အကြောင်းရင်းလို့တော့ ကျွန်မမထင်ပါဘူး
  • 10:34 - 10:36
    ကျွန်မကတော့ အကြောင်းရင်းကဒီထက်ပိုပြီးရှုပ်ထွေးတယ်လို့ထင်ပါတယ်
  • 10:36 - 10:38
    လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်မတို့က
  • 10:38 - 10:40
    မိန်းကလေးတွေထက်ပိုပြီး ယောက်ျားလေးတွေအပေါ်မှာ
  • 10:40 - 10:42
    အောင်မြင်ဖို့ဖိအားပေးကြတယ်လို့ ကျွန်မထင်ပါတယ်
  • 10:42 - 10:44
    အလုပ်ရှိတဲ့မိန်းမတွေကို ကူညီဖို့အတွက်
  • 10:44 - 10:46
    အိမ်မှာ အလုပ်လုပ်ကြတဲ့အမျိုးသားတွေကိုသိပါတယ်
  • 10:46 - 10:48
    ဒါက မလွယ်ပါဘူး
  • 10:48 - 10:50
    ကျွန်မ အမေတွေသမီးတွေ ကစားကြတာမျိုးတွေဆီရောက်လို့
  • 10:50 - 10:52
    ကလေးအဖေတစ်ယောက်ကိုတွေ့ရင်
  • 10:52 - 10:54
    တခြားကလေးအမေတွေက
  • 10:54 - 10:56
    သူနဲ့မကစားကြတာကို သတိထားမိတယ်ရှင့်
  • 10:56 - 10:58
    ဒါကပြဿနာပါပဲ
  • 10:58 - 11:01
    ဘာလို့လဲဆိုတော့ အိမ်မှုကိစ္စကို အရေးကြီးတဲ့အလုပ်တစ်ခုဖြစ်အောင်လုပ်ဖို့တာကြောင့်ပါ
  • 11:01 - 11:04
    ဘာလို့လဲဆိုတော့ ကျား မ မရွေး လူတိုင်းအတွက်
  • 11:04 - 11:06
    အိမ်ထဲမှာ အလုပ်လုပ်ရတာဟာ ကမ္ဘာပေါ်မှာအခက်ဆုံးကိစ္စတစ်ခုဖြစ်လို့ပါ
  • 11:06 - 11:09
    အားလုံးကို နည်းနည်းလောက် ညီညီမျှမျှဖြစ်သွားအောင် အမျိုးသမီးတွေကို
  • 11:09 - 11:11
    လုပ်ငန်းခွင်မှာဆက်လက်နေခွင့်ပေးမယ်ဆိုရင်ပေါ့ (လက်ခုပ်သံများ)
  • 11:11 - 11:13
    လေ့လာချက်တွေကဖော်ပြတာကတော့ သာတူညီသောဝင်ငွေနဲ့
  • 11:13 - 11:15
    သာတူညီသောတာဝန်ယူမှု ရှိတဲ့အိမ်ထောင်စုတွေက ကွာရှင်းတာက
  • 11:15 - 11:17
    ကွာရှင်းနှုန်းရဲ့ တစ်ဝက်သာ ပဲရှိပါတယ်
  • 11:17 - 11:20
    ဒါက ရှိသမျှလူအားလုံးအတွက်လုံလောက်တဲ့ လှုံ့ဆော်တိုက်တွန်းမှုမဟုတ်သေးဘူးဆိုရင်လည်း
  • 11:20 - 11:22
    အဲဒီအိမ်ထောင်စုတွေမှာ ပိုပြီးတော့
  • 11:22 - 11:24
    ဒါကို စင်ပေါ်မှာ ကျွန်မဘယ်လိုပြောရပါ့မလဲ
  • 11:24 - 11:27
    သူတို့တွေက မောင်နှံရေးရာကိစ္စမှာလည်း ပိုပြီးတော့ နားလည်မှုရှိကြတယ်တဲ့ရှင့်
  • 11:27 - 11:29
    ( လက်ခုပ်ဩဘာများ)
  • 11:29 - 11:31
    အတွေးအမြင်နံပါတ်သုံး:
  • 11:31 - 11:33
    တကယ်မထွက်ခင် မထွက်ပါနဲ့
  • 11:33 - 11:35
    အမျိုးသမီးလုပ်တတ်တဲ့ လုပ်ရပ်တွေမှာ
  • 11:35 - 11:37
    တကယ်ကိုဆန့်ကျင်ဘက်ဝိရောဓိဖြစ်မှုရှိနေတယ်လို့ ကျွန်မထင်ပါတယ်
  • 11:37 - 11:39
    ဒီလိုဖြစ်တာကို ကျွန်မအနေနဲ့တစ်လျှောက်လုံးမြင်နေရပါမယ်
  • 11:39 - 11:42
    လုပ်ငန်းခွင်မှာဆက်နေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ကိုပဲ
  • 11:42 - 11:44
    တကယ်ကိုအလုပ်ထွက်တဲ့ဆီကို ဦးတည်သွားတတ်ပါတယ်
  • 11:44 - 11:46
    ဖြစ်တတ်က ဒီလိုပါ ကျွန်မတို့အားလုံးအလုပ်များကြပါတယ်
  • 11:46 - 11:48
    လူတိုင်းအလုပ်များကြပါတယ် အမျိုးသမီးတစ်ဦးကလည်းအလုပ်များပါတယ်
  • 11:48 - 11:51
    သူကနေ ကလေးတစ်ယောက်ယူဖို့စစဉ်းစားလာပါတယ်
  • 11:51 - 11:54
    သူကနေ ကလေးတစ်ယောက်ယူဖို့စစဉ်းစားလာတာနဲ့ တစ်ပြိုင်နက်
  • 11:54 - 11:56
    သူက အဲဒီကလေးအတွက် နေရာပေးဖို့ စပြီး စဉ်းစားလာပါတော့တယ်
  • 11:56 - 11:59
    "ငါလုပ်နေတဲ့ အခြားအရာတွေအားလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင် ဒါကိုဘယ်လိုလုပ်ရပါ့မလဲ" ပေါ့
  • 12:00 - 12:02
    တကယ်ကို အဲဒီအခိုက်အတန့်ကနေစတင်လို့
  • 12:02 - 12:05
    သူမအနေနဲ့ လက်မထောင်တော့ပါဘူး
  • 12:05 - 12:08
    ရာထူးတိုးမမျှော်တော့ပါဘူး စီမံကိန်းအသစ်တစ်ခုကို တာဝန်မယူတော့ပါဘူး
  • 12:08 - 12:10
    "ကျွန်မလုပ်ချင်ပါတယ်" လို့မပြောတော့ပါဘူး
  • 12:10 - 12:12
    သူက နောက်ကိုဆုတ်နေတတ်လာပါတယ်
  • 12:12 - 12:14
    ပြဿနာကတော့
  • 12:14 - 12:17
    အဲဒီနေ့မှာ အဲဒီနေ့မှာ သူကိုယ်ဝန်ရှိတယ်ပဲထားပါတော့
  • 12:17 - 12:20
    ကိုးလကိုယ်ဝန်ဆောင် မီးဖွားခွင့်သုံးလ
  • 12:20 - 12:22
    ပုံမှန်အနေအထားပြန်ရောက်ဖို့ ခြောက်လ
  • 12:22 - 12:24
    မြန်မြန်ဆန်ဆန်ကုန်သွားတဲ့ နှစ်နှစ်
  • 12:24 - 12:26
    ကျွန်မမြင်ဖူးသလိုကတော့ ပိုပြီးမကြာခဏဆိုသလိုကို
  • 12:26 - 12:28
    အမျိုးသမီးတွေက ဒီကိစ္စကိုသိပ်ကို အစောကြီးစစဉ်းစားကြပါတယ်
  • 12:28 - 12:30
    သူတို့ဘယ်တော့စေ့စပ်မယ် ဘယ်တော့လက်ထပ်မယ်
  • 12:30 - 12:33
    အချိန်ကြာကြီးလိုတဲ့ ဘယ်တော့ကလေးယူဖို့စစဉ်းစားကြမယ်ဆိုတာမျိုးတွေပေါ့
  • 12:33 - 12:35
    ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးတစ်ဦးက ကျွန်မဆီရောက်လာပါတယ်
  • 12:35 - 12:37
    ကျွန်မကသူကိုကြည့်လိုက်မိသလိုရှိတော့ -- သူက နည်းနည်းငယ်တဲ့ပုံပါရှင်
  • 12:37 - 12:40
    ကျွန်မက "ဒီတော့ ရှင်နဲ့ရှင်အမျိုးသားတို့က ကလေးယူဖို့စဉ်းစားနေတာပေါ့" လို့မေးလိုက်ပါတယ်
  • 12:40 - 12:43
    သူကပြောလိုက်တာက "အိုမဟုတ်ပါဘူး ကျွန်မကအိမ်ထောင်မရှိပါဘူး" တဲ့
  • 12:43 - 12:45
    သူက ရည်းစားတောင်မရှိပါဘူး
  • 12:45 - 12:47
    ကျွန်မက "ရှင် ကဒီကိစ္စကို အရမ်းကို အစောကြီးစဉ်းစားနေတာပဲရှင့်"
  • 12:47 - 12:49
    လို့ကျွန်မကပြောလိုက်ပါတယ်
  • 12:49 - 12:52
    ပြောချင်တာက မသိမသာ နောက်ဆုတ်လာလိုက်တဲ့အချိန်မှာ
  • 12:52 - 12:55
    ဘာဖြစ်လာသလဲဆိုတာပါ
  • 12:55 - 12:57
    ဒါမျိုးကို လူတိုင်းကြုံဖူးကြပါတယ်
  • 12:57 - 13:00
    ကျွန်မဒီမှာပြောချင်တာက အိမ်မှာ ကလေးရှိလာပြီဆိုတာနဲ့
  • 13:00 - 13:02
    ကိုယ့်အလုပ်ဟာ ပြန်သွားချင်လောက်အောင် ကောင်းနေဖို့လိုပါတယ်
  • 13:02 - 13:04
    အကြောင်းက ကလေးကိုအိမ်မှာ ထားခဲ့ဖို့ဆိုတာ မလွယ်လို့ပါ
  • 13:04 - 13:06
    ကိုယ့်အလုပ်ဟာ စိန်ခေါ်မှုတွေရှိနေဖို့လိုပါတယ်
  • 13:06 - 13:08
    လုပ်ရတာထိုက်တန်ဖို့လိုပါတယ်
  • 13:08 - 13:11
    ကိုယ်က အပြောင်းအလဲဖြစ်အောင်လုပ်နိုင်တယ်လို့ ခံစားမိဖို့လိုပါတယ်
  • 13:11 - 13:14
    လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရှင်က ရာထူးတိုးမယူခဲ့ဘဲ
  • 13:14 - 13:16
    ရှင့်ဘေးက ယောက်ျားတစ်ယောက်ယောက်က ယူခဲ့မယ်ဆိုရင်
  • 13:16 - 13:18
    လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ရှင်ဟာ အခွင့်အလမ်းသစ်တွေ
  • 13:18 - 13:20
    ရှာဖွေတာကိုရပ်လိုက်မယ်ဆိုရင်
  • 13:20 - 13:22
    ရှင်ငြီးငွေ့လာပါလိမ့်မယ်
  • 13:22 - 13:25
    ဘာလို့လဲဆိုတော့ အောင်မြင်တိုးတက်ဖို့အတွက် ရှင့်ခြေဖဝါးကိုခြေနင်းခုံမှာ အမြဲထားခဲ့ရမှာပါ
  • 13:25 - 13:27
    တကယ်မထွက်ခင် မထွက်လိုက်ပါနဲ့
  • 13:27 - 13:29
    ဆက်နေပါ
  • 13:29 - 13:31
    ရှင့်ခြေဖဝါးကိုခြေနင်းခုံမှာ အမြဲထားပါ
  • 13:31 - 13:33
    ကလေးအတွက် အနားယူဖို့
  • 13:33 - 13:35
    အလုပ်ထွက်မယ့်အချိန် မရောက်မချင်းပေါ့
  • 13:35 - 13:37
    အဲဒီနောက်မှသာ ဆုံးဖြတ်ချက်ချပါ
  • 13:37 - 13:40
    အချိန်မတိုင်ခင် သိပ်အစောကြီးမှာ ကြိုပြီးဆုံးဖြတ်ချက်မချပါနဲ့
  • 13:40 - 13:43
    အထူးသဖြင့် ကိုယ့်ဆုံးဖြတ်တာကို ကိုယ်ဘာသာကိုယ်သတိမမူမိချိန်မှာပေါ့
  • 13:44 - 13:46
    ဝမ်းနည်းဖို့ကောင်းစွာပဲ ကျွန်မရဲ့မျိုးဆက်မှာတော့
  • 13:46 - 13:48
    ထိပ်ပိုင်းက ကိန်းဂဏန်းတွေကို ပြောင်းနိုင်မှာမဟုတ်ပါဘူး
  • 13:48 - 13:50
    ကိန်းဂဏန်းတွေက လုံးဝကို မပြောင်းလဲပါဘူး
  • 13:50 - 13:53
    ကျွန်မတို့မျိုးဆက်မှာ လူဦးရေရဲ့ တစ်ဝက်က
  • 13:53 - 13:56
    ဘယ်လုပ်ငန်းတစ်ခုရဲ့ ထိပ်ပိုင်းမှာရှိတဲ့
  • 13:56 - 13:58
    လူတွေရဲ့တစ်ဝက်ကအမျိုးသမီးတွေဖြစ်လာမှာမဟုတ်ပါဘူး
  • 13:58 - 14:01
    ဒါပေမဲ့ အနာဂတ်မျိုးဆက်တွေကတော့ ဒီလိုဖြစ်လာနိုင်တယ်လို့ ကျွန်မကတော့မျှော်လင့်ချက်အပြည့်အဝရှိပါတယ်
  • 14:02 - 14:04
    ကျွန်မထင်တယ်ရှင့် ကမ္ဘာပေါ်က တိုင်းပြည်တွေရဲ့တစ်ဝက်နဲ့
  • 14:04 - 14:06
    ကုမ္ပဏီတွေရဲ့ တစ်ဝက်ကို အမျိုးသမီးတွေအုပ်ချုပ်မယ်ဆိုရင်
  • 14:06 - 14:09
    ပိုကောင်းတဲ့ကမ္ဘာလောကတစ်ခုဖြစ်လာပါလိမ့်မယ်
  • 14:09 - 14:12
    အမျိုးသမီးသန့်စင်ခန်းတွေ ဘယ်မှာရှိတယ်ဆိုတာ လူတွေသိလာမှာမို့လို့ဆိုရုံတင်မဟုတ်ပါဘူးရှင့်
  • 14:12 - 14:15
    သိလာရင်အရမ်း ကောင်းမှာဆိုပေမဲ့လည်းပေါ့
  • 14:15 - 14:17
    ကျွန်မကတော့ ဒီလိုဆိုရင် ပိုကောင်းတဲ့ကမ္ဘာတစ်ခုဖြစ်လာမယ်လို့ထင်ပါတယ်
  • 14:17 - 14:19
    ကျွန်မမှာ ကလေးနှစ်ယောက်ရှိပါတယ်
  • 14:19 - 14:22
    ငါးနှစ်အရွယ် သားတစ်ယောက်နဲ့ နှစ်နှစ်အရွယ်သမီးလေး တစ်ယောက်ပါ
  • 14:22 - 14:24
    ကျွန်မက ကျွန်မသားကို လုပ်ငန်းခွင်မှာဖြစ်စေ အိမ်တွင်ဖြစ်စေ
  • 14:24 - 14:27
    အပြည့်အဝပါဝင်ဆောင်ရွက်ဖို့ ရွေးချယ်ခွင့်ရစေချင်ပြီး
  • 14:27 - 14:29
    ကျွန်မသမီးလေးကိုတော့ အောင်မြင်ဖို့သာမက
  • 14:29 - 14:31
    သူရဲ့အောင်မြင်မှုတွေအတွက် နှစ်သက်သဘောကျခံရနိုင်ဖို့
  • 14:31 - 14:33
    ရွေးချယ်ခွင့် ရစေချင်ပါတယ်ရှင့်
  • 14:33 - 14:35
    ကျေးဇူးတင်ပါတယ်ရှင်
  • 14:35 - 14:37
    (လက်ခုပ်သံများ)
Title:
အဘယ်ကြောင့် အမျိုးသမီးခေါင်းဆောင်တွေ မရှိသလောက်နည်းရသလဲ
Speaker:
ရှရယ်ဆန်ဘာ့ဂ်
Description:

ဖေ့ဘွတ်ခ် လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် (COO ) ဖြစ်သူ ရှရယ်ဆန်ဘာ့ဂ် က အမျိုးသမီးများသည် အမျိုးသားထက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၏ထိပ်ပိုင်းကို ရောက်သည့်ရာခိုင်နှုန်း ပိုနည်းရသည့်အကြောင်းရင်းကို လေ့လာ၍ အမျိုးသမီးထုတို့ အုပ်ချုပ်ရေးရာထူး ကိုရည်မှန်းနိုင်ရေးအတွက် အင်အားရှိလှသော အကြံ သုံးခုကိုပြောပြလေသည်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
14:37
  • Really fascinating talk and beautiful translation ! Everything word do count !

Burmese subtitles

Revisions