မိတ်ဆွေတွေကတော့ ရာသီဥတုဆိုးရတဲ့ကြားမှာ ဟယ်လီကော်ပတာပျံတော့ တအားကြောက်ကြတာပေါ့ ကျွန်မအတွက်ကျ ဒါက စိန်ခေါ်စရာ တွန်းအားတစ်ခုပါပဲ ပါပူရာကို ပြန်မလာခင်တုန်းက ကျွန်မမှာ အိပ်မက်တစ်ခှုရှိခဲ့တယ် ငါပြန်လာတဲ့အချိန်မှာဒီနယ်တစ်ခုလုံးကို တာဝန်ယူနိုင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်၇မယ်လို့လေ... အခုတော့ ဒီအိပ်မက်က တကယ်ဖြစ်လာခဲ့ပါပြီ။ ဒီမှာရှိတဲ့Baliem Mission Centre မှာကျွန်မ အလုပ်လုပ်ပါတယ် အဖွဲ့အစည်းတည်ဆောက်ပုံအရ ကျွန်မကဒီမှာ ဆေးပညာဆိုင်ရာ မန်နေဂျာဖြစ်ပြီး ၂ လတစ်ကြီမ် အချိန်ဇယားအလိုက် လုပ်ဆောင်ရပါတယ် BMC ကပိုင်တဲ့ နေရာအချို့ကိုတော့ကျွန်မတို့ သွားလည်နိုင်ပါတယ် ပထမဆုံးကတော့ မြောက်ဘက်ပေါ့ အဒါက Kaimana မှာရှိတယ် အဲဒီနေရာမှာEsrotnaba ကန်ရှိတယ်လေ ဒီနေရာကဆေးပညာဆိုင်ရာ အကူအညီပေးနိုငဖို့ သိပ်အချက်အချာကျတဲ့နေရာပေါ့။တောင်ပိုင်းကတော့ Korowai ပေါ့. Helivida နဲ့လည်းကျွန်မတို့ပူးပေါင်းလုပ်ဆောင်ပါတယ် Helivida ဆိုတာက ဒိနေရာတစ်ခုလုံးကိုစောင့်ရှောက်ပေးတဲ့ ဖောင်ဒေးရှင်းပေါ့ တစ်ခ့တုန်းက ကျွန်မ လေယာဉ်မှူး Erwin ,လေယာဉ်မှူး Helivida တို့နဲ့ အတူသွားဖူးတယ် နေ့လည် ၁၂ နာရီလောက်မှာ ပျံသန်းခဲ့ပြီး ရွာလေးတစ်ရွာမှာ အရေးပေါ်ကုသမှု လိုတဲ့အတွက်ကြောင့်လေ အဲဒီ၇ွာက Oksibil နဲ့ Boven Digul တို့ အနီးအနားမှာရှိတာ Wamenna ကနေ ၂နာရီ မိနစ် ၂၀ လောက်သွားယူ၇တယ်။ Boven Digul ကိုသွားဖို့ဆိုရင် Kurima, Iberoma, Tama တို့အနီးက တောင်တန်းများပြီး လေလည်း အင်မတန်တိုက်တဲ့နေရာတွေကို ဖြတ်ပျံသန်းဖို့လိုတယ်. ရုတ်တရက်ဆိုသလိုပဲ တိမ်တွေပေါ်လာပြီး တောင်တန်းနယ်မြေတ၀ိုက်ကို ကွယ်ချပစ်လိုက်တာ..ကျွန်မတို့ဘာမှ မမြင်ရတော့ဘူး။ ဒါနဲ့ သိပ်ပြီး အမြင့် ပျံဖို့ မဖြစ်နိုင်တော့ဘူး။ ဒီတော့ ကျွန်မတို့ Baliem မြစ်အတိုင်းလိုက်တယ်။ဒါပေမယ့် မိုးကသည်းပါလေရော။ ကျွန်မက ဆိတ်ဆိတ်နေမိတုန်း လေယာဉ်မှူးကပြောလာတယ် ဒေါက်တာ စိတ်မပူနဲ့။ ဒီလို မိုးသည်းပေးလို့ ဘုရားကို ကျေးဇူးတင် တဲံ့။ ဒီအဓိပ္ပါယ်က တိမ်တွေဟာ ကျွန်မတို့ရှေ့မှာ ဆက်မရှိနိုင်တော့ဘူး ဆိုတာပဲ။ ဘုရားသခင်က ကောင်းကင်ပေါ်ကနေ ကျွန်မတို့ရှေ့က အခက်အခဲကို ဆေးကြောပြီးဖြစ်နေတယ် ဟုတ်ပါရဲ့။ စိတ်ထဲမှာ ဖိစီးနေတာတွေ ချက်ချင်းဆိုသလို ပျောက်သွားတယ်။ ဆေးရုံမှာနေ့တိုင်းအလုပ်လုပ်ပြီး Helivida က အရေးပေါ်ခေါ်ရင်တော့ ကျွန်မအဲဒီကိုသွားပါတယ်။ ကျွန်မက ဒီမှာ အသင့်အနေအထားနဲ့ အမြဲရှိနေဖို့လိုတယ်. ရာသီဥတု ဆိုးဆိုးကောင်းကောင်း အရေးပေါ်ဖုန်းလာတာနဲ့ ကျွန်မသွားတယ် လေယာဉ်မှူးအဆင့်သင့်ဖြစ်ပြီဆိုရင် ခက်ခဲတဲ့နေရာက လူနာများကို ကုသဖို့ ကျွန်မအဆင်သင့်ဖြစ်ဖို့လိုပြီ။ အမေ..ဟောဒါက ကျွန်မအမေလေ. မီယာ့အဖေနဲ့ ကျွန်မက သူနာပြုတွေရယ်ပါ လူနာတွေကို ကူတယ် ဒီလို ဝေးလံခေါင်သီတဲ့အရပ်က လူနာတွေပေါ့ ခေါင်တဲ့ဒေသမှာတောင်မှ ရွာသူရွာသားတွေက ကျွန်မတို့လာမှာ ကြောက်ကြတယ် ဒါပေမယ့် ကျွန်မနဲ့ သူကတော့ ဒီကလူတွေအတွက် စိတ်နှလုံးကိုမြုပ်နှံလျက်ပါ. ကျွန်မရဲ့ဒီစိတ်ထားကို မိဘတွေဆီက အမွေရခဲ့တာပါ. ကျွန်မငယ်စဉ်ကထဲက အဖေ့က အိမ်မှာ ခွဲစိတ်မှုတွေလုပ်ဖို့ တောင်းဆိုခံရတယ် ဖေဖေက တစ်စက်မှတောင်မနားဘဲ ညကမနက်အထိ ခရီးသွားရတာပါ ဆရာဝန်ဆီင်္ကနေ ခွဲစိတ်ဖို့လိုတဲ့လူနာရှိရင် ဆရာဝန်ကသူ့ကို ခေါ်ပြီး ဆရာဝန်လက်ထောက်အဖြစ်ခရီးစထွက်တော့တာပဲ အဲဒီခွဲစိတ်မှုတွေအပြင် MAF (Mission Aviation Fellowship)က ပေ၇ာဂျက်တွေလည်း ရံဖန်ရံခါရှိပါသေးတယ်. သူခရီးထွက်သွားပြီး ကျွန်မတို့ကို ရက်အတန်ကြာထားခဲ့လေ့ရှိတယ်။ ဒီအဖွဲ့အစည်းဒီမှာရှိနေလို့ ကျုပ်က ပရောဂျက်ကို ဦးဆောင်နိုင်တယ်. လူနာတွေကို အခြေခံ ရောဂါကာကွယ်ဆေးတွေပေးပါတယ်။ ကျုပ်..ဒီမှာပဲ နေပြီး ဒီမှာပဲ အလုပ်လုပ်တယ် ဒါကတော့ အလုပ်လုပ်တဲ့ ဆေးဝါးစင်တာ. တော်တော်ကြာခဲ့ပြီဆိုတော့ ဓါတ်ပုံက အဖြူအမည်းပဲရှိတော့တယ်။ Karumbaga ကနေ Bokondini ကို လာခဲ့ရတာ တကယ့် စိတ်လှုပ်ရှားစရာခရီးတစ်ခုပေါ့။ နည်းနည်းတော့ ဝေးတာပေါ့လေ. ဒါကြောင့်မီယာ့ကိုထည့်ဖို့ နိုကမ်တောင်း (ကလေးထည့်တောင်း)လိုခဲ့တာပေါ့. ဒါပေမယ့် သူမက အဲဒီတုန်းက သိပ်သေးနေတယ်. တကယ်လို့များ သူမ ရေဆာရင် သူမကို အောက်ချပြီး နို့နည်းနည်းတိုက်ပါတယ်. ပြီး လမ်းဆက်လျှောက်တာပေါ့. မီယာလေးကို တောင်းထဲထည့် လွယ်ပိုးပြီး တောင်တွေတတောင်ပြီးတစ်တောင်တက်ခဲ့ကြတယ် သူကလေးကို ပခုံးနဲ့သာ ချီပိုးသွားရင်တော့ တကယ်ခက်မှာပါ တောင်တက်ရတဲ့အခါ ပိုတောင်ခက်သေး.လမ်းတစ်လျှောက်ကလည်း သစ်ပင်တွေအပြည့်လေ။ သစ်ကိုင်းအတော်များများနဲ့ ခေါင်းတိုက်မိခဲ့တာကလား။..အခက်အခဲတွေက အများကြီးပေါ့။ ဒါကြောင့် သိပ်တော့ မြန်မြန် မလျှောက်နိုင်ဘူး ဒါပေမယ့် Noken တောင်းနဲ့ဆိုတော့ နည်းနည်းတော့လျှောက်နိုင်တယ်. တောင်ပေါ်တက်တဲ့အချိန် လက်နှစ်ဘက်လွတ်နေတော့ ပင်စည်လေးဖြစ်ဖြစ် ကျုပ်တို့ ဖမ်းကိုင်နိုင်ထားနိုင်တယ်လေ။ကဲ..လွယ်သွားပြီမှတ်လား. ၂၀၀၉ ..Wamena မှာလုပ်တုန်းက..အဲဒီတုန်းက ကျွန်မအရေးပေါ်ဆေးရုံအတွက်လည်းစအလုပ်လုပ်နေပြီ..အဲဒီတုန်းက စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ခု ပြောစရာရှိတယ်. မျိုးနွယ်စုမတူကြားထဲမှာ ရုတ်တရက်ဆိုသလို တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်.ုပြီးတော့ ဒဏ်ရာရလူနာအများစုကို Wamena မှာရှိတဲ့ အရေးပေါ်ဆေးရုံကို ပြောင်းရွှေ့ပေးခဲ့တယ် အဲဒီအချိန်မှာ ဆီနီယာ အစ်မတစ်ယောက် အခန်းထဲဝင်လာပြီး ကျွန်မခေါင်းကို ဒီလိုလာထိတယ်. ဟုတ်တယ် ။သူဘာပြောချင်သလဲဆိုတာကို ကျွန်မသိတယ်။ နားလည်တယ်။ သူမက ကျွန်မခေါင်းကို ခုလိုသာသာလေးထိသွားရုံပဲ။ ဒီအဓိပ္ပ္ပါယ်က သူဟာ ကျွန်မကို သူရဲ့ နိုကမ်တောင်းနဲ့ သယ်ပေးခဲ့ဖူးတယ်. သူ့ခေါင်းမှာ တောင်းကြိုးချည်ပြီး တချိန်တုန်းက ကျွန်မကို လွယ်ပိုးပေးခဲ့ဖူးတာပေါ့။ ဘုရားသခင်ရဲ့ဂရုဏာရိပ်လို့ ကျွန်မသတ်မှတ်ခဲ့တဲ့ညီအစ်ကို မောင်နှမတွေရဲ့ မေတ္တာ...အကြင်နာတွေကို ပြန်လည်ပေးဆပ်ရမယ့် အချိန်ရောက်လာပါပြီ. ပိုက်ဆံက ဘယ်တော့မှလောက်တယ် မရှိဘူး. သူတို့ဆီက ကျွန်မရထားတဲ့ ကြင်နာမှုနဲ့မေတ္ပ္ပ္တ္တ္တာကိုပဲ ပြန်လည်ပေးဆပ်သင့်တာပေါ့. အခုတော့ ဒီနေရာက လူအားလုံးကို ကျွန်မရဲ့ အကြင်နာနဲ့ ပြန်လည်ပေးဆပ်နေပါပြီ်။ ဆေးကုသတာကို ကိုယ်ပိုင်စီးပွားရေးအဖြစ် ကျွန်မမလုပ်လိုဘူး။ လူနာတွေဆီက ပိုက်ဆံယူဖို့ ကျွန်မကောင်းကျိုး ကျွန်မကြည့်ဖို့....အိုး..နိုး..မဖြစ်နိုင်ဘူး။ ကျွန်မအတွက်တော့ ဆရာဝန် ဆိုတာ ကုစားပေးသူပါပဲ။