Honai ဟိုနိုင်(သို့မဟုတ်) ရိုးရာအိမ် ဟိုနိုင်(ရိုးရာအိမ်)က ကျွန်တော်တို့အတွက်သိပ်အရေးကြီးတယ်. အထူးသဖြင့် ၀မ်မနာရွာသားတွေအတွက်ပေါ့. ၀မ်မနာရိုးရာအတွက် တစ်ခုခုပြောမယ်ဆိုရင် ဟိုနိုင်အိမ်မှာ ဆွေးနွေးမှာကိုဖြစ်မှာ. ဟိုနိုင်အိမ်တွေကတော့ ပုံစံအမျိုးမျိုးရှိတာပေါ့. ဒါကတော့ ပွဲတွေဘာတွေကျင်းပဖို့နဲ့စစ်ထွက်ဖို့ ပြင်ဆင်တဲ့အိမ်။ ဟကနိုင်လာ၊အီဘေလာ၊အိုမာ၊ဦ၊စီရိမ်းရား၊ဆ၀ူလာစသဖြင့် အခြားဟာတွေရှိသေးတယ်. ဟိုနိုင်အိမ်က အမျိုးမျိုးကွဲတယ်. အပြင်ကလူတွေကတော့ အိမ်တွေအားလုံးတူတယ် ထင်ကြတယ်.အဲဒါမဟုတ်ဘူး. ဟိုနိုင်အိမ်မှာ ၂ မျိုးရှိတယ်.တစ်ခုက စစ်တိုက်ဖို့အတွက်ဆောက်တဲ့ အဒက်ဟိုနိုင်အိမ်. နောက်တစ်ခုကတော့ ပွဲမျိုးစုံလုပ်ဖို့...ဆောက်တာ. ဒါကို ဘုရားနေရာ လို့ပြောကြတယ်. ဘာကြောင့်လဲဆိုတော့ ဟိုးအရင်ကထဲက ကျွန်တော်တို့တွေ ဘာမှမစားဘူး။ သစ်ဥသစ်ဖုလည်း..မစားဘူး။ လူသားပဲ စားတယ်. အဆိုအရတော့ ကျွန်တော်တို့ကလူသားစားလို့ ဟိုနိုင်ဟာ နတ်ဘုရားပိုင်နေရာဖြစ်လာတယ်တဲ့. နတ်ဘုရားပိုင်နေရာဖြစ်တာကြောင့် မိန်းမတွေက မိန်းမတွေနေတဲ့ ဟိုနိုင်အိမ်တစ်မျိုးမှာ သွားနေရတယ်. ယောက်ျားတွေကတော့ ဒီဟိုနိုင်မှာနေတာပေါ့. ငါတို့အပင်တွေက မြေသြဇာမကောင်းဘဲ အထွက်နည်းနေမယ်ဆိုရင် ဟိုနိုင်အိမ် မှာစုဝေးပြီး ဘယ်လိုဖြေရှင်းကြမလဲလို့ဆွေးနွေးကြတယ်. စီးပွားရေးဖွံဖြိုးမှုတွေနဲ့တိုးတက်မှုတွေက ကျွန်တော်တို့ကိုဘာမှသိပ်မလုပ်ပေးနိုင်လှဘူး. တို့တွေရဲ့ဟိုနိုင်ယဉ်ကျေးမှုကိုလည်း သိပ်အလေးမထားလှဘူး. အရင်တုန်းကတော့ ဘာလီယံရွာမှာအိမ်အတူဆောက်ခဲ့ကြတဲ့အင်မတန်ကောင်းတဲ့စနစ်ရှိဖူးတယ် ခုတော့လူတွေကအိမ်အတူဆောက်ဖို့ထက် ငွေသာပေးခိုင်းလိုက်ကြတော့တာပဲ ဒါဟာအရင်တုန်းကတင်မဟုတ်တော့ဘူး။ ခုဆိုလူတွေဟာ ငွေပေးဖို့ပဲအဆင်သင့် ဖြစ်နေကြတာ. ကျွန်မကတော့ ခေတ်သစ်ပုံစံအိမ်မှာ မနေချင်ပါဘူး. မြက်ခင်းအမိုးနဲ့ စစ်မှန်တဲ့ ဟိုနိုင်အိမ်တစ်လုံးကသာ ပိုကောင်းတာပါ. ဟိုနိုင်မှာနေရတာက ခေတ်သစ်အိမ်မှာနေရတာထက် ပိုကောင်းတယ်. ခေတ်သစ်အိမ်တွေကတော့ ကျွန်မအမြင် ကလေးကစားစရာလိုပါပဲ. ဟိုနိုင်အိမ် ပျက်စီးရင် အိမ်အသစ်ပြန်ဆောက်နိုင်တာပဲလေ.ခေတ်သစ်အိမ်တွေကိုမှ မကြိုက်ဘဲ. သစ်သားနဲ့မြက်တွေမရှိဘူးဆိုရင်တောင်မှ ယောက်ျားကိုပြောပြီး သူ့သူငယ်ချင်းနဲ့အတူ ဟိုနိုင်အိမ်ဆောက်ဖို့ပြောနိုင်သားပဲ.. ခေတ်သစ်အိမ်ပဲရှိပြီး ဟိုနိုင်အိမ်မရှိတာတော့ မကောင်းဘူး. ဟိုနိုင်ရှိတာပဲ ကောင်းတယ်.ခေတ်သစ်အိမ်တွေကို ကလေးကစားစရာနဲ့တူလို့ မကြိုက်ဘူးလေ. ဟိုနိုင်အိမ်က ငါ့အတွက် သိပ်အရေးပါတယ်. အကြီးအကဲသားပီပီစစ်တိုက်ဖို့ အဒက်ဟိုနိုင်အိမ်မှာနေသလို၊ပွဲလုပ်သူအနေနဲ့ရိုးရာပွဲတွေလုပ်ဖို့ ပွဲဟိုနိုင်အိမ်မှာလည်းနေတယ်. ကျွန်တော်ကဒီမှာအရာရှိဖြစ်နေလို့ ခေတ်သစ်အိမ်မှာနေဖြစ်တယ်ဆိုရင်တောင် ရွာကိုပြန်ပြီ ဟိုနိုင်မှာနေရပါတယ်. ၁၉၇၀ နဲ့ ၉၀ ကြားမှာ အစိုးရက ကျန်းမာတဲ့နေထိုင်မှုအတွက် အိမ်ပုံစံသစ်အစီအစဉ်စတင်ခဲ့တယ်. ဒါက အများနေထိုင်မှုပုံစံအတွက် လက်ခံဖို့ခက်နေတယ်. ပြီးတော့အိမ်ပုံစံသစ်က အေးတဲ့ပါပူရာရာသီဥတုအတွက် အဆင်မပြေဘူး. လတ်တလောမှာတော့အစိုးရက ရိုးရာနဲ့ခေတ်သစ်ပေါင်းထားတဲ့ ကျန်းမာတဲ့ဟိုနိုင်အိမ် ဖြစ်ဖို့လုပ်နေတယ်. ဒီဟိုနိုင်အိမ်ကသာ ရာသီဥတုအတွက်လည်းအဆင်ပြေပြီး ကျန်းမာတဲ့နေထိုင်မှုပုံစံလည်း ထိမ်းသိမ်းနိုင်မယ့်အိမ်ဖြစ်တော့မှာပါ။