WEBVTT 00:00:09.034 --> 00:00:11.641 ကျွန်တော်ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ 00:00:12.056 --> 00:00:15.374 အမြွာညီအစ်ကိုတစ်ယောက်နဲ့ အတူတူကြီးပြင်းခဲ့ပါတယ်။ 00:00:15.374 --> 00:00:19.555 အမြွာအဖြစ်ကြီးပြင်းခဲ့ရတဲ့ကျွန်တော်ဟာ အခုဆိုရင် ဘက်လိုက်ခြင်းကိုရှာဖွေတဲ့နေရာမှာ 00:00:20.053 --> 00:00:22.140 ဆရာတစ်ဆူဖြစ်နေပါပြီ။ 00:00:22.778 --> 00:00:28.500 သူ့ရဲ့ကွတ်ကီးတွေဟာကျွန်တော့်ထက်နည်းနည်းလေး ပိုကြီးနေခဲ့ရင် ကျွန်တော်မှာမေးခွန်းမေးစရာ 00:00:28.800 --> 00:00:31.271 တွေများကြီးရှိနေတယ် ဒါပေမယ့်ဆာနေလို့တော့မဟုတ်ပါဘူး 00:00:32.564 --> 00:00:35.235 (ရယ်သံများ) 00:00:35.235 --> 00:00:37.360 ကျွန်တော်စိတ်ပညာရှင်တစ်ယောက် ဖြစ်လာတော့ 00:00:37.360 --> 00:00:40.434 သူမတူတဲ့ဘက်လိုက်နည်းတစ်ခုကို စတင်သတိထားမိလာတယ် 00:00:41.146 --> 00:00:45.817 ဘယ်လိုလဲဆိုတော့-လူတွေဟာ စိတ်ထက် ကိုယ်ခန္ဓာကို ပိုပြီးတန်ဖိုးထားကြတယ်။ 00:00:46.283 --> 00:00:51.448 ကျွန်တော်ဟာစိတ်ပညာပါရဂူဘွဲ့အတွက် တက္ကသိုလ်မှာကိုးနှစ်တာပညာဆည်းပူးခဲ့တယ်။ 00:00:52.340 --> 00:00:56.554 လူတွေက ကျွန်တော်လိပ်စာကဒ်ကိုကြည့်ပြီး 00:00:56.554 --> 00:01:00.483 အိုး..စိတ်ပညာရှင်ပဲဆရာဝန်အစစ်မှမဟုတ်ဘဲ လို့ ဘယ်နှစ်ယောက်တောင်ပြောကြမလဲမသိဘူး 00:01:02.778 --> 00:01:05.454 တကယ်တော့ ကျွန်တော့်လိပ်စာကဒ်ကို ဒီလိုရေးထားသင့်တာ 00:01:05.501 --> 00:01:08.307 (ရယ်သံများ) 00:01:09.372 --> 00:01:13.621 ကျွန်တော်တို့ဟာ ကိုယ်ခန္ဓာကို စိတ်ထက် ဘက်လိုက်အသားပေးနေတာကို 00:01:13.621 --> 00:01:15.417 ကျွန်တော်နေရာတိုင်းမှာတွေ့ပါတယ် 00:01:15.691 --> 00:01:18.077 ဟိုတလောတုန်းက သူငယ်ချင်းတစ်ယောက်အိမ်ကိုရောက်တော့ 00:01:18.077 --> 00:01:20.559 သူတို့ရဲ့ငါးနှစ်အရွယ်ကလေးက အိပ်ရာဝင်ဖို့ပြင်ဆင်နေတယ် 00:01:20.559 --> 00:01:23.982 ကလေးဟာ မျက်နှာသစ်ဘေစင်ရှေ့ ခုံပေါ် မတ်တပ်ရပ်သွားတိုက်နေတုန်း 00:01:23.982 --> 00:01:27.661 ခုံပေါ်ကချော်ကျပြီး သူ့ရဲ့ခြေထောက်က ခုံနဲ့ခြစ်မိသွားတယ် 00:01:27.874 --> 00:01:30.797 ကလေးက ခဏလောက်ငိုသွားပါတယ် နောက် ပြန်ထလာတယ်။ 00:01:30.797 --> 00:01:34.743 ခုံပေါ်ပြန်တက်ပြီး အနာကပ်ပလာစတာရှိတဲ့ပုံးကိုယူတယ် 00:01:34.743 --> 00:01:37.256 အနာကပ်ပလာစတာတစ်ခုယူပြီး သူ့အနာပေါ်ကပ်လိုက်တယ် 00:01:37.573 --> 00:01:41.392 ကောင်းလေးက ဖိနပ်ကြိုးကို ချည်ချင်မှ ချည်တတ်လိမ့်မယ် 00:01:41.392 --> 00:01:45.590 ဒါပေမယ့် သူကအနာကိုအုပ်ထားရမယ်ဆိုတာ သိပါတယ် ဒါမှ အနာပိုးမဝင်မှာလေ 00:01:45.590 --> 00:01:49.425 နောက်ပြီး သင်တို့ရဲ့သွားကို ဂရုစိုက်လို့ တစ်နေ့နှစ်ကြိမ်သွားတိုက်တယ် 00:01:49.425 --> 00:01:52.605 ကျွန်တော်တို့ဟာကိုယ်ခန္ဓာကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာရယ် 00:01:52.605 --> 00:01:55.658 သွားကျန်းမာရေးအတွက်ဘယ်လိုပြုမူရမယ်ဆိုတာ သိကြပါတယ် ဟုတ်တယ်ဟုတ်? 00:01:55.658 --> 00:01:58.998 ကျွန်တော်တို့တွေဟာ ငါးနှစ်သားလောက်ကတည်းက ဒါတွေကိုသိခဲ့ကြတယ် 00:01:58.998 --> 00:02:03.905 ဒါပေမယ့်စိတ်ကျန်းမာရေးကိုဘယ်လို ထိန်းသိမ်းရမယ်ဆိုတာသိကြပါသလား။ 00:02:04.056 --> 00:02:06.178 အဖြေကတော့ ရှင်းပါတယ်။ မသိခဲ့ပါဘူး။ 00:02:06.178 --> 00:02:09.568 ကလေးတွေရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာအတွက် ကျွန်တော်တို့ဘာတွေသင်ကြားပေးလဲ။ 00:02:10.920 --> 00:02:12.402 ဘာမှမသင်ကြားပေးပါဘူး။ 00:02:12.967 --> 00:02:15.639 စိတ်ကိုဂရုစိုက်တာထက် သွားကိုဂရုစိုက်တဲ့အချိန်တွေ 00:02:15.639 --> 00:02:19.087 ပိုများနေတော့ဘာဖြစ်လဲ။ 00:02:20.385 --> 00:02:24.762 စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထက် ကိုယ်ခန္ဓာကျန်းမာရေးက 00:02:24.762 --> 00:02:27.599 ကျွန်တော်တို့အတွက်ဘာလို့ပိုအရေးကြီးနေတာလဲ။ 00:02:27.913 --> 00:02:30.703 ကျွန်တော်တို့ဟာ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေထက် 00:02:30.703 --> 00:02:33.249 စိတ်ဒဏ်ရာတွေကို ပိုခံစားရပါတယ် 00:02:33.249 --> 00:02:36.930 စိတ်ဒဏ်ရာဆိုရာမှာကျရှုံးမှု၊ငြင်းပယ်ခံရမှု အထီးကျန်မှု မျိုးတွေဖြစ်နိုင်တယ် 00:02:36.930 --> 00:02:39.804 အဲ့ဒါကိုမှ လစ်လျှူရှုမယ်ဆို သူတို့ခံစားနေရတာပိုဆိုးလာလိမ့်မယ် 00:02:40.055 --> 00:02:43.266 ဒါအပြင်သူတို့ဟာကျွန်တော်တို့၏လူနေမှုကိုပါ သိသိသာသာထိခိုက်နိုင်ပါတယ် 00:02:43.266 --> 00:02:47.750 အဲ့လိုစိတ်ဒဏ်ရာတွေကိုကုစားဖို့ အသုံးပြုနိုင်တဲ့သိပ္ပံနည်းကျရှာဖွေထားသော 00:02:47.750 --> 00:02:52.656 နည်းလမ်းတွေရှိတာတောင်မှ ကျွန်တော်တို့အသုံးပြုဖို့ဝန်လေးနေကြပါတယ်။ 00:02:53.377 --> 00:02:56.715 ကျွန်တော်တို့ဟာ ဖြစ်သင့်တာတွေလည်း ဖြစ်မလာတတ်ပါဘူး။ 00:02:56.966 --> 00:03:01.517 "အိုး..စိတ်ညစ်နေတာလား၊ခါထုတ်ပစ်လိုက်စမ်းပါ ဒါတွေကသင့်ဦးနှောက်ထဲကဖြစ်နေတာပါ" 00:03:01.517 --> 00:03:04.555 ခြေကျိုးနေတဲ့သူတစ်ယောက်ကို သင်ဒီလိုပြောဖို့စိတ်ကူးဖူးလား။ 00:03:04.555 --> 00:03:07.759 "လမ်းလျှောက်လိုက်စမ်းပါ၊ ကျိုးတယ်ဆိုတာခြေထောက်ထဲမှာဖြစ်နေတာပါ" လို့ 00:03:07.759 --> 00:03:10.008 (ရယ်သံများ) 00:03:10.008 --> 00:03:15.208 ကိုယ်ခန္ဓာနဲ့စိတ်ကျန်းမာရေးကြားဟနေတဲ့ ကွက်လပ်ကလေးကိုပြန်ဖြည့်ဖို့အချိန်တန်ပါပြီ။ 00:03:15.271 --> 00:03:18.310 ကိုယ်ခန္ဓာ နဲ့ စိတ်ကျန်းမာရေးကို တန်းတူထားဖို့အချိန်ကျပါပြီ။ 00:03:18.310 --> 00:03:20.513 အမြွာတွေလိုပေါ့ 00:03:21.349 --> 00:03:24.999 ပြောရင်းနဲ့မှ ကျွန်တော့် အမြွာညီ ကလည်း စ်တ်ပညာရှင်ပဲ 00:03:25.013 --> 00:03:28.096 ဒါဆို သူလည်းဆရာဝန်အစစ်မဟုတ်ဘူးပေါ့ 00:03:28.096 --> 00:03:29.952 (ရယ်သံများ) 00:03:29.952 --> 00:03:31.963 ကျွန်တော်တို့က တူတူသင်ယူခဲ့ရတာမဟုတ်ပါဘူး 00:03:31.963 --> 00:03:35.822 ကျွန်တော့်ဘဝမှာအခက်ခဲဆုံးလုပ်ခဲ့ရတာက 00:03:36.190 --> 00:03:39.012 စိတ်ပညာပါရဂူဘွဲ့အတွက် အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပြီး 00:03:39.012 --> 00:03:41.756 နယူးယောက်မြို့ကိုသွားရတာပါပဲ 00:03:41.756 --> 00:03:44.690 ကျွန်တော်တို့ဘဝမှာ ပထမဆုံးအကြိမ် ခွဲခွာရခြင်းဖြစ်ခဲ့တယ် 00:03:44.690 --> 00:03:48.071 အဲ့လိုခွဲခွာရခြင်းဟာ ကျွန်တော်တို့ နှစ်ယောက်လုံးအတွက်စိတ်မအီမသာဖြစ်စေတယ် 00:03:48.447 --> 00:03:51.542 ဒါပေမယ့် သူကတော့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ကျန်ခဲ့ပါတယ် 00:03:51.542 --> 00:03:54.185 ကျွန်တော်တော့တခြားနိုင်ငံမှာ တစ်ယောက်တည်း ဖြစ်လို့ 00:03:54.185 --> 00:03:56.453 ကျွန်တော်တို့ဟာတစ်ဦးကိုတစ်ဦး အရမ်းလွမ်းကြပါတယ် 00:03:56.453 --> 00:03:59.473 သို့သော် နိုင်ငံခြားဖုန်းခေါ်ဆိုခတွေက စျေးကြီးတော့ 00:03:59.473 --> 00:04:03.778 ကျွန်တော်တို့ဟာ ရက်သတ္တပတ်၁ပတ်ကို ၅မိနစ်ပဲဖုန်းပြောဖို့ တတ်နိုင်ပါတယ် 00:04:04.738 --> 00:04:06.456 ကျွန်တော်တို့မွေးနေ့ရောက်လာတော့ 00:04:06.456 --> 00:04:08.826 ပထမဆုံးအကြိမ်မွေးနေ့တူတူမကျင်းပရဘူးပေါ့ 00:04:08.826 --> 00:04:10.216 ဒါကြောင့် ပုံအောပြီးဖုန်းကို 00:04:10.216 --> 00:04:13.575 ဒီတပတ် ၁ဝမိနစ်ကြာအောင်ပြောကြမယ် ဆုံးဖြတ်ကြတယ် 00:04:13.575 --> 00:04:16.250 မနက်ခင်းကျတော့ အခန်းထဲမှာ ဟိုဟိုဒီဒီလမ်းလျှောက်နေရင်း 00:04:16.250 --> 00:04:18.043 သူဖုန်းခေါ်လာမှာကိုစောင့်နေတယ် 00:04:18.043 --> 00:04:19.771 စောင့်နေတယ်... 00:04:20.415 --> 00:04:22.045 စောင့်နေတယ်... 00:04:22.045 --> 00:04:23.985 ဒါပေမယ့်ဖုန်းမလာခဲ့ပါဘူး 00:04:23.985 --> 00:04:26.136 စံတော်ချိန်ကွာနေလို့ ကျွန်တော်ဒီလိုယူဆလိုက်တယ် 00:04:26.136 --> 00:04:28.808 "အိုကေ ဘော်ဒါတွေနဲ့ထွက်လည်နေတာ နေမှာ ပြီးရင်သူဆက်မှာပေါ့" 00:04:28.808 --> 00:04:31.456 ဖုန်းမရှိသေးလို့နေမှာပါ လို့ 00:04:31.456 --> 00:04:33.271 ဒါပေမယ့် သူ့ဆီကဖုန်းမလာပါဘူး။ 00:04:33.271 --> 00:04:38.082 ဒါနဲ့ ဆယ်လတာဝေးကွာနေခဲ့ပြီး ကျွန်တော်စတင်သတိထားမိတာလာက 00:04:38.082 --> 00:04:41.421 ကျွန်တော်လွမ်းနေသလောက် သူမလွမ်းဘူးဆိုတာပဲ 00:04:42.173 --> 00:04:44.525 မနက်မှာဖုန်းခေါ်မယ်လို့သိနေပေမယ့် 00:04:44.525 --> 00:04:49.602 အဲ့ညဟာကျွန်တော့်ဘဝအတွက်ဝမ်းအနည်းဆုံးနဲ့ အကြာဆုံးညတွေထဲကညတစ်ညဖြစ်ခဲ့တယ် 00:04:50.580 --> 00:04:52.678 နောက်နေ့မနက်အိပ်ရာနိုးလာပြီး 00:04:52.678 --> 00:04:54.874 ဖုန်းကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ 00:04:54.874 --> 00:04:57.621 မနေ့ကဟိုဟိုဒီဒီလမ်းလျှောက်ရင်း ဖုန်းကြိုးကိုတိုက်မိသွားတာ 00:04:57.621 --> 00:04:59.959 တွေ့လိုက်တယ် 00:05:00.850 --> 00:05:02.657 အိပ်ရာကနေချက်ချင်းထ 00:05:02.657 --> 00:05:04.428 ဖုန်းကြိုးကိုပြန်တပ်ပြီးမကြာပါဘူး 00:05:04.428 --> 00:05:06.012 ၁စက္ကန့်ကြာတော့ ဖုန်းမြည်လာတယ် 00:05:06.012 --> 00:05:09.331 ကျွန်တော့်ညီဆီကဖုန်းပေါ့ ဟုတ်တယ် ဒီကောင်မူးများမူးနေလားမသိဘူး 00:05:09.331 --> 00:05:11.528 (ရယ်သံများ) 00:05:11.528 --> 00:05:14.968 သူ့ဘဝအတွက်လည်း ဝမ်းအနည်းဆုံးနဲ့ အကြာဆုံးသောညဖြစ်ခဲ့တာပဲ။ 00:05:14.968 --> 00:05:17.560 ဘာဖြစ်ခဲ့တယ်ဆိုတာကျွန်တော်ပြောပြဖို့ ကြိုးစားနေတုန်းသူက 00:05:17.560 --> 00:05:20.650 "ငါဖုန်းမခေါ်မှန်းသိရင် မင်းကဘာလို့ ငါ့ဆီကိုဖုန်းမဆက်လာတာလဲ 00:05:20.718 --> 00:05:24.892 ငါနားမလည်ဘူး" လို့ပြောတယ် 00:05:25.399 --> 00:05:27.031 သူမှန်တယ်လေ 00:05:27.031 --> 00:05:29.038 ကျွန်တော်ဘာလို့သူဆီ ဖုန်းမဆက်ခဲ့မိပါလိမ့်? 00:05:29.397 --> 00:05:34.518 ကျွန်တော့်အတွက်အဖြေမရှိခဲ့ပါဘူး။သို့သော် ဒီနေ့တော့ဖြေနိုင်ပါပြီ၊ ရိုးရိုးလေးပါပဲ။ 00:05:35.298 --> 00:05:37.411 အထီးကျန်ဆန်မှု 00:05:38.082 --> 00:05:41.926 အထီးကျန်ဆန်တာကနက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတစ်ခုအဖြစ်ဖန်တီးပါတယ် 00:05:42.069 --> 00:05:44.225 အဲ့ဒဏ်ရာက အသိအမြင်တွေဝေ၀ါးစေတယ် 00:05:44.225 --> 00:05:46.652 အတွေးအခေါ်တွေ ရောထွေးစေတယ် 00:05:46.652 --> 00:05:48.002 အထီးကျန်ဆန်တာဟာ ပတ်ဝန်းကျင်က 00:05:48.002 --> 00:05:51.892 တကယ်ဂရုစိုက်ပေမယ့်ငါတို့ကိုဂရုမစိုက်ဘူး လို့ငါတို့စိတ်ကိုအယုံသွင်းပါတယ် 00:05:51.892 --> 00:05:54.476 အထီးကျန်ဆန်တာက သင့်နှလုံးသားကိုခံနိုင်တာထက်ပိုပြီး 00:05:54.476 --> 00:05:58.613 နာကျင်လာရတဲ့အခါ ငြင်းဆန်မှုတွေ စိတ်နှလုံးပူဆွေးမှုတွေက 00:05:58.613 --> 00:06:02.268 သင့်ကိုလွမ်းခြုံလိုက်တော့ လူတွေနဲ့ဆက်ဆံရမှာကိုကြောက်လာစေတယ် 00:06:02.473 --> 00:06:05.538 ကျွန်တော်ဟာတကယ်ကို အထီးကျန်ဆန်ခဲ့ရတယ်ဆိုပေမယ့် 00:06:05.538 --> 00:06:08.203 အချိန်တိုင်းလူတွေက ကျွန်တော့်အနားမှာရှိပေးနေကြတယ် 00:06:08.203 --> 00:06:10.345 ဒါကြောင့် လူတွေနဲ့ထိတွေရမှာမကြောက်တော့ဘူးပေါ့ 00:06:10.345 --> 00:06:14.051 သို့သော် အထီးကျန်ဆန်မှုကို ကိုယ့်ဘာသာကိုယ် အဓိပ္ပာယ်ဖွင့်ကြည့်တော့ 00:06:14.657 --> 00:06:17.932 အထီးကျန်တာဟာ သင်က သင့်ရဲ့ပတ်ဝန်းကျင်ကို 00:06:17.932 --> 00:06:21.415 ခံစားချက်အရ သို့ လူမှုရေးအရ အဆက်အသွယ်ဖြတ်တောက်တာပါပဲ 00:06:21.415 --> 00:06:23.226 ကျွန်တော်လည်းလုပ်ခဲ့တယ် 00:06:23.689 --> 00:06:26.322 အထီးကျန်ဆန်မှုအတွက် သုတေသနစာတမ်းတွေအများကြီးရှိပါတယ် 00:06:26.322 --> 00:06:28.822 နောက်ပြီးအားလုံးက ကြောက်စရာကောင်းနေတယ် 00:06:29.863 --> 00:06:34.128 အထီးကျန်ဆန်တာကစိတ်မအီမသာရုံလေးမဟုတ်ဘူးနော် သင့်အသက်ကိုပါနုတ်သွားနိုင်တယ် 00:06:34.139 --> 00:06:35.463 ကျွန်တော် စနေတာမဟုတ်ဘူးနော် 00:06:35.463 --> 00:06:38.687 နာတာရှည်အထီးကျန်ဆန်နေသူက စောစောသေဖို့ 00:06:38.687 --> 00:06:40.792 ၁၄ရာနှုန်းပိုများပါတယ် 00:06:41.102 --> 00:06:42.913 တစ်ဆယ့်လေးရာခိုင်နှုန်းပါ 00:06:43.074 --> 00:06:46.756 အထီးကျန်ဆန်မှုဟာ သွေးကိုတိုးစေတယ် သွေးတွင်းအဆီဓာတ်တွေများစေပါတယ် 00:06:46.876 --> 00:06:50.559 ကိုယ်ခန္ဓာရဲ့ခုခံစွမ်းအားစနစ်ကိုတောင် ဖိနှိပ်ကာ 00:06:50.615 --> 00:06:54.672 ရောဂါဘယပေါင်းစုံကို လက်ယက်ခေါ်ပေးနေသေးတယ် 00:06:54.672 --> 00:06:58.167 တကယ်တော့ အားလုံးပေါင်းပြီးနိဂုံးချုပ်ပြောရရင် 00:06:58.167 --> 00:07:01.990 နာတာရှည်အထီးကျန်ဆန်နေသူဟာ သူ့ရဲ့ရေရှည်ကျန်းမာရေးအတွက်ကော 00:07:01.990 --> 00:07:06.488 အသက်ရှည်ဖို့အတွက်ပါ စီးကရက်သောက်တာလောက်နီးနီးအန္တရာယ်များပါတယ် 00:07:06.991 --> 00:07:11.061 အခုဆိုဆေးလိပ်ဗူးတွေမှာ သင့်ကိုသေစေနိုင်တယ် လို့သတိပေးစာတွေကပ်ထားပါတယ် 00:07:11.103 --> 00:07:13.290 ဒါပေမယ့် အထီးကျန်ဆန်မှုမှာတော့မကပ်ထားဘူး 00:07:13.290 --> 00:07:15.232 ဒါမို့ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ 00:07:15.232 --> 00:07:18.564 ကျန်းမာရေးကို ဦးစားပေးဖို့အရေးကြီးတာပေါ့ 00:07:18.564 --> 00:07:21.444 စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ ကျွန်တော်တို့လေ့ကျင့်ရပါတယ် 00:07:21.896 --> 00:07:24.611 ဘာကြောင့်လဲဆိုတော့ စိတ်ဒဏ်ရာကိုကျွန်တော်တို့မကုသနိုင်ဘူးလေ 00:07:24.611 --> 00:07:26.733 အကယ်၍သင်စိတ်ဒဏ်ရာရတာ သင်လုံးဝမသိခဲ့ဘူးဆိုရင် 00:07:26.733 --> 00:07:28.806 ခံစားချက်ပိုင်းဆိုင်ရာနာကျင်မှုကို သတိရပါ 00:07:28.806 --> 00:07:31.303 အထီးကျန်ဆန်မှုဟာ ကျွန်တော်တို့ရဲ့အတွေးအမြင်တွေကို 00:07:31.303 --> 00:07:34.178 ကောက်ကွေးစေရုံတင်မကဘူး ကျွန်တော်တို့ကိုပါအမှားတွေလုပ်မိစေတယ် 00:07:34.185 --> 00:07:35.713 (ရှုံးနိမ့်မှု) 00:07:35.713 --> 00:07:38.128 ရှုံးနိမ့်မှုကလည်းအလားတူပါပဲ။ 00:07:38.128 --> 00:07:42.110 ကျွန်တော်ကလေးထိန်းကျောင်းတစ်ခုကို သွားလည်တော့ကလေးသုံးယောက်ဟာ 00:07:42.110 --> 00:07:44.782 တူညီတဲ့ပလပ်စတစ်ရုပ်လေးတွေနဲ့ ကစားနေတာတွေ့ခဲ့တယ် 00:07:45.186 --> 00:07:49.494 အနီရောင်ခလုပ်လေးကိုတွန်းလိုက်ရင် ချစ်စရာခွေးရုပ်လေးထွက်လာတယ် 00:07:49.905 --> 00:07:54.535 မိန်းကလေးတစ်ယောက်က ခရမ်းရောင်ခလုပ်ကို ဆွဲလိုက်တွန်းလိုက်လုပ်နေတယ် 00:07:54.535 --> 00:07:57.358 ပြီးတော့ထိုင်ချလိုက်ပြီး အောက်နှုတ်ခမ်းတုန်တုန်နဲ့ 00:07:57.358 --> 00:07:59.450 အရုပ်ကိုကြည့်နေတယ် 00:07:59.450 --> 00:08:02.346 သူ့ဘေးနားကကောင်လေးကတော့ သူ့ရဲ့ဖြစ်ပျက်ပုံကိုကြည့်နေပြီး 00:08:02.346 --> 00:08:04.786 သူ့အရုပ်ပေါ်က ခလုပ်တွေကိုနှိပ်ကြည့်မနေတော့ဘဲ 00:08:04.786 --> 00:08:06.839 မျက်ရည်ပေါက်ပေါက် ကျအောင် ငိုပါတော့တယ် 00:08:07.132 --> 00:08:10.778 အဲ့အချိန်မှာ နောက်ကောင်မလေးတစ်ယောက်က အနီရောင်ခလုပ်ကို တွန်းမမိမချင်း 00:08:10.778 --> 00:08:12.747 သူနားလည်သမျှကြိုးစားနေပါတယ် 00:08:12.747 --> 00:08:17.429 ချစ်စရာခွေးရုပ်လေးထွက်လာတော့ ပျော်ရွှင်စွာအော်ဟစ်ပါလေရော 00:08:17.429 --> 00:08:20.619 ဒါကြောင့် တူညီတဲ့ပလပ်စတစ်ရုပ်တွေနဲ့ ကလေး၃ယောက်ဟာ 00:08:20.619 --> 00:08:23.609 ရှုံးနိမ့်မှုကို ကွဲပြားစွာတုံ့ပြန်ကြပါတယ် 00:08:24.227 --> 00:08:28.468 ပထမကလေးနှစ်ယောက်ဟာ အနီရောင်ခလုပ်ကို အောင်မြင်စွာတွန်းနိုင်စွမ်းရှိပါတယ် 00:08:29.016 --> 00:08:32.176 ဒီလိုအောင်မြင်မှုမရအောင် တစ်ခုတည်းသောတားဆီးထားတဲ့အရာကတော့ 00:08:32.176 --> 00:08:36.473 အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးလေလို့ သူတို့ကိုလှည့်စားထားတဲ့စိတ် ပါပဲ 00:08:36.473 --> 00:08:40.599 လူကြီးတွေလည်းဒီလိုပါပဲ အချိန်တိုင်းလှည့်စားခံနေရပါတယ် 00:08:40.970 --> 00:08:45.453 တကယ်တော့ကျွန်တော်တို့မှာ စိတ်အနှောက်အယှက် ဖြစ်စရာတွေ ပြဿနာတွေပေါ်လာတိုင်း 00:08:45.828 --> 00:08:50.024 ထကြွလာတတ်တဲ့ မကောင်းတဲ့စိတ်ခံစားချက်နဲ့ ယုံကြည်မှုတွေရှိနေပါတယ် 00:08:50.024 --> 00:08:53.168 သင်ဟာရှုံနိမ့်မှုကို ဘယ်လိုတုံ့ပြန်လဲဆိုတာ သတိထားမိပါသလား။ 00:08:53.418 --> 00:08:54.890 သတိထားမိသင့်ပါတယ်။ 00:08:54.890 --> 00:08:57.483 ဘာလို့လဲဆိုတော့ သင့်ကိုမလုပ်နိုင်လောက်ပါဘူးလို့ 00:08:57.483 --> 00:08:59.290 သင့်စိတ်ကိုအယုံသွင်းရင် 00:08:59.290 --> 00:09:00.770 သင်ယုံမိမှာမလို့ပဲ။ 00:09:00.770 --> 00:09:04.130 ရှုံးနိမ့်ခဲ့တဲ့ကလေးနှစ်ယောက်လိုပဲ သင်လည်းအားကိုးရာမဲ့ဖြစ်သွားလိမ့်မယ် 00:09:04.130 --> 00:09:07.894 နောက် သင်ကြိုးစားနေတာကိုရပ်ချင်ရပ်လိုက်မယ် (သို့)မကြိုးစားတော့ပဲနေချင်နေလိုက်မယ် 00:09:07.894 --> 00:09:11.617 ဒါဆို သင်ဟာမအောင်မြင်နိုင်တော့ပါဘူးလို့ သင့်ကိုယ်သင် ပိုထင်လာလိမ့်မယ် 00:09:11.617 --> 00:09:13.328 ဒါကြောင့် လူတွေဟာ သူတို့တကယ်ရှိရမယ့် 00:09:13.328 --> 00:09:15.865 စွမ်းရည်ထက်နိမ့်ပြီး လုပ်ဆောင်နေကြတာပါ 00:09:15.865 --> 00:09:19.349 ဘာလို့လဲဆိုတော့ ဘဝတစ်လျှောက် တစ်နေရာမှာ တခါတရံ ရှုံးနိမ့်မှုတစ်ခုဟာ 00:09:19.349 --> 00:09:21.889 သူတို့ကိုမအောင်မြင်နိုင်ဘူးလို့ သူတို့ကိုအယုံသွင်းတယ် 00:09:21.893 --> 00:09:23.483 နောက်ပြီး သူတို့က ယုံလိုက်ကြတယ် 00:09:23.483 --> 00:09:26.016 ကျွန်တော်တို့ဟာတစုံတခုကို လက်ခံယုံကြည်လိုက်ပြီဆိုရင် 00:09:26.016 --> 00:09:28.626 ကျွန်တော်တို့စိတ်ကို ပြန်ပြင်ဖို့အတော်ခဲယဉ်းသွားပါပြီ 00:09:28.626 --> 00:09:30.626 ကျွန်တော်ဒီသင်ခန်းစာကို ခက်ခဲစွာသင်ယူခဲ့ရတာ 00:09:30.626 --> 00:09:32.901 ကျွန်တော်နဲ့ကျွန်တော့်ညီ ဆယ်ကျော်သက်အရွယ်တုန်းက 00:09:32.901 --> 00:09:36.510 ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ ညအမှောင်ထဲကားမောင်းကြတော့ 00:09:36.510 --> 00:09:38.262 ရဲကားကကျွန်တော်တို့ကားကိုတားတယ် 00:09:38.262 --> 00:09:41.544 ဒီနယ်မြေမှာ လုယက်မှုတွေရှိတော့ သံသယဖြစ်ဖွယ်တွေရှာပါတယ် 00:09:41.544 --> 00:09:43.050 ရဲအရာရှိက ကားအနားကပ်လာပြီး 00:09:43.050 --> 00:09:45.595 သူ့ဓာတ်မီးက ကားမောင်းသူကိုထိုးလိုက်တယ် 00:09:45.595 --> 00:09:49.134 ကားရှေ့ခန်းမှာကျွန်တော့်ညီထိုင်တယ် နောက်မှာကျွန်တော်ပေါ့ 00:09:49.134 --> 00:09:51.736 ရဲအရာရှိက မျက်ဆန်ပြူးကြီးနဲ့ကြည့်ပြီး ဒီလိုပြောလိုက်တယ် 00:09:51.736 --> 00:09:54.375 မင်းမျက်နှာကိုငါအရင်က ဘယ်နေရာမှာတွေ့ဖူးတာပါလိမ့်? 00:09:54.375 --> 00:09:56.463 (ရယ်သံများ) 00:09:56.463 --> 00:09:59.615 ကျွန်တော်က ရှေ့ခုံမှာလေ လို့ပြောလိုက်တယ် 00:10:00.439 --> 00:10:03.157 (ရယ်သံများ) 00:10:03.157 --> 00:10:05.510 ဒါပေမဲ့ အဲ့လိုပြောလိုက်တာသူ့ဖို့ အဓိပ္ပါယ်မရှိစေဘဲ 00:10:05.510 --> 00:10:07.629 ကျွန်တော့်ကိုဆေးကြောင်နေတယ်လို့ သူထင်သွားတယ် 00:10:07.629 --> 00:10:09.010 (ရယ်သံများ) 00:10:09.010 --> 00:10:11.413 ဒါနဲ့ကားထဲကကျွန်တော့်ကိုဆွဲထုတ်ပြီး ရှာဖွေပါတော့တယ် 00:10:11.413 --> 00:10:13.603 ရဲကားနားခေါ်သွားပြီး 00:10:13.603 --> 00:10:16.913 ကျွန်တော့်မှာရဲမှုခင်းလုံးဝမရှိကြောင်း အတည်ပြုပြီးမှ 00:10:16.913 --> 00:10:20.841 ကျွန်တော့်အမြွာညီကားရှေ့မှာထိုင်နေတာ သူ့ကိုပြလိုက်တယ် 00:10:20.931 --> 00:10:24.761 ကျွန်တော်တို့ကားမောင်းထွက်သွား ပြီးတာတောင်မှ သူ့မျက်နှာကိုကြည့်လိုက်ရင် 00:10:24.761 --> 00:10:28.254 ကျွန်တော်တစ်ခုခုခိုးပြီး ထွက်ပြေးသွားတယ်လို့သူ့စိတ်ထဲထင်နေတုန်းပဲ 00:10:29.625 --> 00:10:33.575 ကျွန်တော်တို့ရဲ့စိတ်ကတစ်ခါယုံမိပြီးသွားရင် ပြန်ပြင်ဖို့တော်တော်ခက်သွားပါတယ် 00:10:33.575 --> 00:10:38.525 ရှုံးနိမ့်ပြီးလို့ စိတ်ဓာတ်ကျတာတွေ လက်လျှော့လိုက်တာတွေဟာ သဘာဝကျလွန်းပါတယ် 00:10:38.714 --> 00:10:42.451 ဒါပေမဲ့ သင့်ကိုမအောင်မြင်နိုင်တော့ဘူးလို့ အယုံသွင်းတာကိုငြင်းဆန်နိုင်ပါတယ် 00:10:43.161 --> 00:10:46.037 အားကိုးရာမဲ့နေတဲ့ခံစားချက်ကို သင်ကိုယ်တိုင်ဖယ်ရှားရလိမ့်မယ် 00:10:46.037 --> 00:10:49.039 အခြေအနေပေါ်မူတည်ပြီး ကျွန်တော်တို့စိတ်ကို ထိန်းချုပ်ရပါလိမ့်မယ် 00:10:49.073 --> 00:10:53.132 အဲ့လိုဆန့်ကျင်ဖက်သဘောဆောင်တဲ့စက်ဝန်းတွေကို မဖြစ်တည်ပင်ကကျွန်တော်တို့ဖြတ်ထားဖို့လိုတယ် 00:10:53.134 --> 00:10:55.228 (စိတ်ပိုင်းဆိုင်ရာယိုစိမ့်မှု ရပ်တန့်ပစ်ပါ) 00:10:55.228 --> 00:10:57.371 ကျွန်တော်တို့ရဲ့စိတ်နဲ့ခံစားချက်တွေဟာ 00:10:57.371 --> 00:11:01.059 ကျွန်တော်တို့ထင်သလို့ ကျွန်တော်တို့အပေါ်သစ္စာရှိတာမဟုတ်ပါဘူး 00:11:01.059 --> 00:11:03.863 သူတို့ဟာ စိတ်ဂနာမငြိမ်တဲ့သူငယ်ချင်းတွေနဲ့ တူတယ် 00:11:03.863 --> 00:11:09.027 တစ်မိနစ်လောက် အားပေးထောက်ခံနေပေမယ့် နောက်မိနစ်မှာစိတ်မချမ်းမြေ့စရာတွေဖြစ်စေတယ် 00:11:09.027 --> 00:11:11.015 ကျွန်တော်ဟာ အိမ်ထောင်သက်အနှစ်၂ဝလောက်ရှိတဲ့ 00:11:11.015 --> 00:11:14.836 ဆိုးဆိုးဝါးဝါး အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီး တစ်ယောက်နဲ့အလုပ်တူတူလုပ်ဖူးတယ် 00:11:14.836 --> 00:11:17.383 သူမဟာ အွန်လိုင်းပေါ်မှာတွေ့တဲ့ အမျိုးသားတစ်ယောက်နဲ့ 00:11:17.383 --> 00:11:21.580 ပထမအကြိမ်တွေ့ဆုံဖို့အဆင်သင့်ဖြစ်နေပါပြီ သူဟာအောင်မြင်ပြီးကြည့်ကောင်းတဲ့သူတစ်ယောက် 00:11:21.580 --> 00:11:24.706 အရေးအကြီးဆုံးက သူမအတွက်အမှန်အကန်လို့ထင်ခဲ့တယ် 00:11:25.052 --> 00:11:28.078 ဒါမို့သူမစိတ်တွေလုပ်ရှားနေတယ် အ၀တ်အစားတစ်စုံတောင်အသစ်ဝယ်လိုက်တယ် 00:11:28.078 --> 00:11:31.878 သူတို့နှစ်ယောက်ဂုဏ်သရေရှိတဲ့နယူးယောက်က ဘားတစ်ခုမှာဆုံကြရင် အဖျော်ယမကာသောက်ကြတယ် 00:11:31.878 --> 00:11:35.795 ဆုံကြပြီး ၁ဝမိနစ်လောက်နေတော့ အဲ့အမျိုးသားဟာ မတ်တပ်ထရပ်ကာ 00:11:35.795 --> 00:11:38.903 ကျွန်တော် ခင်ဗျားကိုစိတ်မဝင်စားဘူး လို့ပြောပြီးထွက်သွားတယ် 00:11:38.903 --> 00:11:40.867 (ငြင်းပယ်ခြင်း) 00:11:40.867 --> 00:11:43.523 ငြင်းပယ်ခြင်းဟာသိပ်ကိုနာကျင်လွန်းလှပါတယ် 00:11:44.110 --> 00:11:46.442 ဒီအမျိုးသမီးဟာမလှုပ်နိုင်အောင် နာကျင်ခဲ့ရပါတယ် 00:11:46.442 --> 00:11:48.662 သူလုပ်နိုင်ခဲ့တာက သူ့သူငယ်ချင်းဆီဖုန်းဆက်ဖို့ပဲ 00:11:48.662 --> 00:11:53.176 အဲ့မှာ သူငယ်ချင်းကပြောတယ် "ဟုတ်ပြီ မင်းကဘာကိုမျှော်လင့်နေတာလဲ 00:11:53.176 --> 00:11:56.722 မင်းမှာတင်ပါးကြီးကြီးရှိတယ် မင်းမှာစိတ်ဝင်စားစရာစကားပြောဖို့မရှိဘူး 00:11:56.722 --> 00:11:59.683 ဘာလို့ချောမောခန့်ညားတဲ့ အမျိုးသားတစ်ယောက်က 00:11:59.683 --> 00:12:02.296 နင့်လို အရှုံးသမားတစ်ယောက်အနေနဲ့ ချိန်းရတာလဲ 00:12:03.743 --> 00:12:07.239 သိပ်ကိုကြမ်းကြုတ်တဲ့သူငယ်ချင်းပဲဆိုပြီး အံသြမှင်သက်သွားတယ်မလား။ဟုတ်တယ်။ 00:12:07.239 --> 00:12:09.747 သို့သော် အကယ်၍ အဲ့လိုပြောတာတွေက သူငယ်ချင်းမဟုတ်ဘူးလို့ကျွန်တော်ပြောရင် 00:12:09.747 --> 00:12:12.651 ခင်ဗျားတို့အဲ့လောက်ကြီးအံ့သြမှင်သက် နေတော့မှာမဟုတ်ဘူး 00:12:12.651 --> 00:12:15.528 အဲ့အမျိုးသမီးကကိုယ်ဘာသာပြန်ပြောတာမျိုးပေါ့ 00:12:15.528 --> 00:12:18.153 အဲ့လိုပဲ ကျွန်တော်တို့တွေကတစ်စုံတစ်ခုကို လုပ်လိုက်ကြတယ် 00:12:18.153 --> 00:12:20.200 အထူးသဖြင့် ငြင်းပယ်ခြင်းခံရပြီးတဲ့အခါပေါ့ 00:12:20.200 --> 00:12:23.603 ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမှားတွေ ချို့ယွင်းချက်တွေ 00:12:23.603 --> 00:12:25.951 ဖြစ်ချင်ခဲ့တာတွေ မဖြစ်ချင်ခဲ့တာတွေ ကို စတွေးတယ်၊ 00:12:25.951 --> 00:12:27.438 ကိုယ့်အမည်နာမတွေရေရွတ်တော့တယ် 00:12:27.438 --> 00:12:29.809 ကြမ်းကြမ်းတမ်းတမ်းမဟုတ်တောင် အဲ့လိုလုပ်ကြတယ် 00:12:29.839 --> 00:12:34.419 ကျွန်တော်တို့လုပ်တာတွေကစိတ်ဝင်စားစရာပဲ ဘာလို့လဲဆိုတော့အတွင်းစိတ်ကထိခိုက်နေလို့ပဲ 00:12:34.953 --> 00:12:38.381 ဒါကိုမှ ဘာလို့ ထပ်ထပ်ပြီး ဖျက်ဆီးချင်ရတာလဲ။ NOTE Paragraph 00:12:38.381 --> 00:12:41.017 ကျနော်တို့ဟာ ကိုယ်ခန္ဓာဒဏ်ရာကို ပိုဆိုးအောင် တမင်လုပ်လေ့မရှိဘူး၊ 00:12:41.017 --> 00:12:43.523 ဓားတစ်ချောင်းယူပြီး ဘယ်လောက် နက်အောင် လုပ်လို့ရမလဲ 00:12:43.523 --> 00:12:47.409 ဆိုပြီး ကိုယ့်လက်မောင်းကို လှီးဖြတ်မှာ မဟုတ်ပါဘူး 00:12:47.409 --> 00:12:50.943 စိတ်ဒဏ်ရာတွေကိုကျတော့ အချိန်တိုင်း ကျွန်တော်တို့ အဲ့လိုပြုမူကြတယ် 00:12:50.943 --> 00:12:54.168 ဘာလို့လဲ။ ဘာလို့လဲဆို စိတ်ကျန်းမာရေးဆိုင်ရာအားနည်းနေလို့ပါ 00:12:54.168 --> 00:12:57.619 ဘာလို့လဲဆို ကျွန်တော်တို့ဟာ စိတ်ကျန်းမာရေးကိုဦးစားမပေးလို့ပဲ 00:12:57.619 --> 00:12:59.396 လေ့လာမှုပေါင်းဒါဇင်နဲ့ချီပြီးသိလာရတာက 00:12:59.396 --> 00:13:01.379 ကိုယ့်ဘာသာကိုယ်ယုံကြည်မှုနည်းလေလေ 00:13:01.379 --> 00:13:04.473 စိတ်ဖိစီးမှုတွေပူပန်သောကတွေများများလာပါတယ် 00:13:04.473 --> 00:13:07.630 အဲ့ဒါကြောင့်ကျဆုံးမှုတွေ ငြင်းပယ်မှုတွေကိုပိုခံစားရစေပါတယ် 00:13:07.630 --> 00:13:10.348 နောက်ပြီးပြန်ကောင်းဖို့အချိန်တွေအများကြီး ကြာပါလိမ့်မယ် 00:13:10.348 --> 00:13:13.434 ဒါကြောင့်ကျွန်တော်တို့ငြင်းပယ်ခံရပြီဆိုရင် ပထမဆုံးလုပ်သင့်တာကတော့ 00:13:13.434 --> 00:13:15.911 ကိုယ့်ရဲ့ယုံကြည်မှုကိုအားပေးဖို့ပါပဲ 00:13:15.911 --> 00:13:19.001 ငြင်းပယ်မှုတွေတိုက်ပွဲမဝင်ဘဲ အားပျော့သွားအောင်လုပ်လိုက်ပါ 00:13:20.005 --> 00:13:22.456 သင်စိတ်ပိုင်းဆိုင်ရာ နာကျင်နေတဲ့အခါ 00:13:22.456 --> 00:13:25.296 သူငယ်ချင်းကောင်းတစ်ယောက်ဆီက သင်မျှော်လင့်နေတဲ့ 00:13:25.296 --> 00:13:28.211 မေတ္တာအကြင်နာအတိုင်း သင့်ကိုသင် ပေးလိုက်ပါ 00:13:28.211 --> 00:13:30.357 (သင့်တန်ဖိုးသင်ကာကွယ်ပါ) 00:13:30.357 --> 00:13:34.042 ကျွန်တော်တို့ဆီမှာစိတ်ပိုင်းဆိုင်ရာ အကျင့်ဆိုးတွေရှိနေတတ်ပါတယ် ပြောင်းလဲပစ်ပါ 00:13:34.128 --> 00:13:38.380 အဆိုးဆုံးနဲ့ အဖြစ်များဆုံးသော အကျင့်ဆိုးတစ်ခုကတော့ စားမြုံပြန်ခြင်းပါပဲ 00:13:39.108 --> 00:13:41.499 စားမြုံပြန်တယ်ဆိုတာ အေးဆေးစဉ်းစားတွေးတောတာပေါ့ 00:13:41.499 --> 00:13:43.640 သင့်သူဌေးက သင့်ကိုအော်ငေါက်လိုက်တဲ့အခါ 00:13:43.640 --> 00:13:46.522 (သို့)သင့်ဆရာကသင့်ကိုအခန်းထဲ အသုံးမကျသူလို့ထင်အောင်လုပ်တဲ့အခါ 00:13:46.522 --> 00:13:49.113 (သို့)သင့်သူငယ်ချင်းနဲ့ အကြီးအကျယ်ရန်ဖြစ်တဲ့အခါ 00:13:49.113 --> 00:13:52.929 အဲ့ဒီဖြစ်စဉ်တွေကို ပြန်တွေးတောစဉ်းစားနေတာ ကိုရပ်တန့်ဖို့ 00:13:52.929 --> 00:13:55.072 ရက်အတော်ကြာ တခါတလေ ရက်သတ္တပတ်တွေထိကြာတတ်ပါတယ် 00:13:55.072 --> 00:13:58.394 အဲ့လိုစိတ်ရှုပ်စရာကောင်းတဲ့ဖြစ်စဉ်တွေကို စားမြုံပြန်နေတာဟာ 00:13:58.394 --> 00:14:01.865 အလွယ်တကူအကျင့်တစ်ခုဖြစ်လာနိုင်ပါတယ် နောက်ပြီးသိပ်ကိုရင်းနှီးမှုများပါတယ် 00:14:01.865 --> 00:14:03.941 ဘာလို့လဲဆိုတော့ သင့်အချိန်တွေအများကြီးကို 00:14:03.941 --> 00:14:06.815 စိတ်ပျက်စရာကောင်းတဲ့မကောင်းတဲ့ အတွေးတွေပေါ်အာရုံထားလို့ပဲ 00:14:06.815 --> 00:14:10.552 အဲ့တော့ သင့်ကိုသိသာတဲ့အန္တရာယ်တွေ ဖြစ်လာပါတယ် 00:14:10.580 --> 00:14:13.631 စိတ်ဓာတ်ကျစေတာတွေ အရက်သမားဖြစ်လာတာတွေ 00:14:13.631 --> 00:14:17.081 အစားအသောက်ပျက်လာတာ နှလုံးရောဂါလိုမျိုးတောင်မှဖြစ်လာနိုင်တယ် 00:14:17.081 --> 00:14:20.337 ပြဿနာက စားမြုံပြန်ဖို့ဆော်သြတာဟာ 00:14:20.337 --> 00:14:24.429 သိပ်ပြင်းထန်ပြီး သိပ်အရေးကြီးတဲ့ အကျင်းဆိုးမို့ ဟန့်တားဖို့ခက်ခဲပါတယ် 00:14:25.115 --> 00:14:27.179 ကျွန်တော်ဟာဒါကိုအချက်တစ်ခုအနေနဲ့ သိခဲ့ပါတယ် 00:14:27.179 --> 00:14:31.300 တစ်နှစ်စွန်းစွန်းလောက်တုန်းက ကိုယ့်ဘာသာကိုယ် အဲ့အကျင့်ကိုဖန်တီးခဲ့တယ် 00:14:31.300 --> 00:14:34.128 ကျွန်တော့်အမြွာညီမှာ 00:14:34.128 --> 00:14:37.451 အဆင့် ၃အဆင့် သွေးကင်ဆာရှိနေတာသိလိုက်ရတယ် 00:14:37.451 --> 00:14:39.786 ကင်ဆာကအတော်အပျံ့မြန်တာပဲ 00:14:39.786 --> 00:14:43.037 ဒါနဲ့သူ့ခန္ဓာတစ်ခုလုံးအကျိတ်တွေထွက်လာပါရော 00:14:43.631 --> 00:14:47.355 နောက်သူ့ကိုကင်ဆာဆေးတွေစပေးပါတော့တယ် 00:14:48.494 --> 00:14:52.577 သူအဲ့လိုဖြစ်နေတာကို ကျွန်တော်မတွေးဘဲမနေနိုင်ဘူး 00:14:52.762 --> 00:14:56.054 သူတစ်ခါလေးတောင်မှစောတကမတက်တောင်မှပဲ သူဘယ်လောက်ခံစားနေရမလဲလို့လည်း 00:14:57.255 --> 00:15:00.785 ကျွန်တော်မတွေးဘဲမနေနိုင်ပြန်ဘူး 00:15:01.072 --> 00:15:03.820 သူ့ဆီမှာအံ့သြစရာကောင်းလောက်တဲ့ သဘောထားကောင်းရှိနေခဲ့တယ် 00:15:03.820 --> 00:15:06.918 သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက သြချရလောက်တယ် 00:15:06.918 --> 00:15:11.345 ကျွန်တော်ကရုပ်ပိုင်းဆိုင်ရာကျန်းမာပေမယ့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတော့သုံစားမရဘူး 00:15:12.014 --> 00:15:13.563 ဒါပေမယ့်ဘာလုပ်ရမလဲဆိုတာ သိပါတယ် 00:15:13.563 --> 00:15:16.933 လေ့လာမှုတွေအရ ၂မိနစ်စာအာရုံအပြောင်းအလဲလေးကတောင်မှ 00:15:16.933 --> 00:15:20.867 ဒီအချိန်တွေမှာစားမြုံပြန်တာကို ချေဖျက်ဖို့လုံလောက်ပါတယ် 00:15:21.055 --> 00:15:24.305 ဒါကြောင့်ကျွန်တော်စိုးရိမ်ပူပန် သောကရောက်ပြီးအတွေးဆိုးတွေဝင်လာရင် 00:15:24.305 --> 00:15:28.664 အခြားတစ်ခုကိုအာရုံစိုက်ဖို့ဖိအားပေးခဲ့တယ် အတွေးဆိုးတွေမရှိတော့တဲ့အချိန်အထိပေါ့ 00:15:28.698 --> 00:15:33.263 တစ်ပါတ်အတွင်းကျွန်တော်အတွေးတွေ ပြောင်းသွားခဲ့တယ် 00:15:33.263 --> 00:15:36.251 နောက်ပြီးအကောင်းမြင်တတ်လာပြီး မျှော်လင့်ချက်ထားတတ်လာတယ် 00:15:36.693 --> 00:15:38.505 (အတွေးဆိုးတွေကိုတိုက်ထုတ်ပစ်လိုက်ပါ) 00:15:38.505 --> 00:15:42.649 ကျွန်တော့်ညီကိုကင်ဆာဆေးပေးပြီး ၉ပတ်ကြာတော့ ကွန်ပြူတာဓာတ်မှန်ရိုက်တယ် 00:15:42.744 --> 00:15:45.880 သူ့အဖြေတွေရလာတော့ ကျွန်တော်သူ့ဘေးမှာရှိနေတယ် 00:15:45.880 --> 00:15:48.497 အကျိတ်တွေပြုတ်ပြုတ်ပြုန်းကုန်ပါပြီ 00:15:48.497 --> 00:15:51.654 သူနောက်ထပ် ကင်ဆာဆေး၃ခါစာခံယူရဦးမယ်ဆိုပေမယ့် 00:15:51.654 --> 00:15:53.731 သူနေပြန်ကောင်းလာပြီးဆိုတာသိလိုက်ရတယ် 00:15:54.306 --> 00:15:57.716 ဒီဓာတ်ပုံလေးကလွန်ခဲ့တဲ့ ၂ပတ်ကရိုက်ထားတာပါ 00:16:00.682 --> 00:16:03.587 သင်အထီးကျန်ဆန်နေတာကို အရေးယူလိုက်တာ 00:16:03.595 --> 00:16:06.595 ရှုံးနိမ့်မှုအတွက်တုန့်ပြန်မှုတွေ အမျိုးမျိုးပြောင်းလိုက်တာ 00:16:06.595 --> 00:16:09.157 သင့်တန်ဖိုးကို သင်ကာကွယ်တာ 00:16:09.157 --> 00:16:11.649 အတွေးဆိုးအတွေးညစ်တွေကို တိုက်ထုတ်ပစ်တာတွေဟာ 00:16:11.649 --> 00:16:14.957 သင့်ရဲ့စိတ်ဒဏ်ရာတွေကို မပျောက်ကင်းစေနိုင်ပါဘူး 00:16:14.957 --> 00:16:18.174 စိတ်ဓာတ်ကြံ့ခိုင်အောင်တည်ဆောက်ပါ မွေးမြူပါ 00:16:19.673 --> 00:16:23.704 လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်ကလူတွေဟာ တကိုယ်ရည်သန့်ရှင်းကိုလုပ်ဆောင်လာကြတယ် 00:16:23.768 --> 00:16:28.423 လူ့သက်တမ်းရှည်နှုန်းလည်း ဆယ်စုနှစ်အတွင်း 00:16:28.423 --> 00:16:30.584 ၅ဝရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့တယ် 00:16:30.584 --> 00:16:34.468 အကယ်၍ကျွန်တော်တို့သာစိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးကိုစတင်လေ့ကျင်မယ်ဆိုရင် 00:16:34.468 --> 00:16:38.272 ကျွန်တော်တို့ ပျော်ရွှင်မှုတွေကလည်း တဟုန်ထိုးတိုးတက်လာမှာယုံကြည်ပါတယ် 00:16:38.841 --> 00:16:42.182 အကယ်၍သာလူတိုင်း စိတ်ပိုင်းဆိုင်ရာကျန်းမာနေကြမယ်ဆိုရင် 00:16:42.182 --> 00:16:44.476 ကမ္ဘာကြီးကဘယ်လိုဖြစ်နေမလဲလို့ စိတ်ကူးကြည့်ဖူးလား။ 00:16:44.476 --> 00:16:48.427 အထီးကျန်ဆန်မှုတွေနည်းလာရင် စိတ်ဓာတ်ကျတာတွေနည်းလာရင် 00:16:48.427 --> 00:16:51.099 လူတွေကရှုံးနိမ့်မှုကိုဘယ်လိုကျော်လွှားရမယ် ဆိုတာသိလာကြရင် 00:16:51.099 --> 00:16:54.413 သူတို့ဘဝကို သူတို့ကျေနပ်ပြီး ပိုအားပေးလာကြရင် 00:16:54.413 --> 00:16:57.652 သူတို့ဘဝတွေဟာပိုပျော်လာပြီး ပြီးပြည့်စုံလာရင် 00:16:57.652 --> 00:17:00.826 အဲ့လိုကမ္ဘာမျိုးက ကျွန်တော်နေချင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ 00:17:02.226 --> 00:17:06.021 ကျွန်တော့်ညီလည်းဒီလိုကမ္ဘာလေးမှာ နေချင်မှာပါပဲ 00:17:06.021 --> 00:17:10.654 သင်ဗဟုသုတတွေရပြီး ရိုးရှင်းတဲ့အကျင့်အချို့ကိုပြင်မယ်ဆိုရင် 00:17:10.654 --> 00:17:14.352 ကျွန်တော်တို့အားလုံး နေနိုင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ 00:17:15.071 --> 00:17:16.813 အားလုံးကိုကျေးဇူးတင်ပါတယ် 00:17:16.813 --> 00:17:19.568 (လက်ခုပ်သံများ)