ဝမ်မနာ(သို့မဟုတ်)အမည်မဲ့ရွာ
ဝမ် ဆိုတာ ၀က် ကိုဆိုလိုတာ.
အနာ ကတော့…ယဉ်ပါးတယ် အိမ်မွေးတယ်ပေါ့
ဒတ်ခ်ျတွေဒီနေရာကို ပထမဆုံးလာတဲ့အချိန်မှာ ဖာသာအန်ဒါရဲ့ မိန်းမကို လယ်ထဲ စတွေ့ခဲ့တယ်
သူမက ၀က်ပေါက်စလေးတစ်ကောင်ချီထားတာပေါ့.
သူမလက်ထဲမှာလေ.
ဒတ်ခ်ျတွေက ဒါဘာအကောင်လဲလို့ မေးတော့
ဒီကလူတွေက အိမ်မွေးဝက်( ၀မ်မနာ)လို့ ပြန်ဖြေကြတယ်.
ဒီမှာတင် ဒတ်ခ်ျတွေက ‘ ဒါဆိုလည်း ဒီနယ်ကို အိမ်မွေးဝက် လို့ ခေါ်တာပေါ့’လို့ပြန်ပြောတယ်
ဒီမှာတော့ လူတွေနဲ့ ၀က်တွေက ခွဲခြားလို့မရဘူး။
ဝက်နဲ့လူဟာ အတူတူပဲမဟုတ်လား။
ဒီတော့ ၀မ် က ၀မ် ပေါ့။သူတို့ဟာ ၀က်တွေလေ။
ဒါပေမယ့် ၀က်တွေနဲ့ လူတွေက ဒီမှာ အမြဲရောယှက်နေတာ..
ရိုးရာမှာကိုက လူတွေက ၀က်တွေကို အများဆုံးသုံးတယ်.
လူ့ဘ၀စက်ဝန်းအတွင်းမှာ မိခင်သားအိမ်ထဲမှာ သန္ဓေသားအဖြစ်ရှိစဉ်ကထဲက
မသေခင်အထိ ၀က်တွေကို သုံးသွားတာပဲ.
လက်ထပ်ချိန်၊သေချိန်၊ရိုးရာအခမ်းအနားလုပ်ချိန်၊ဖျားချိန်၊နာချိန်..စသဖြင့်ဝက်တွေပါတယ်.
လူတွေဖျားပြီဆို ၀က်တွေကို သတ်ကြတာပဲ.
အစစအရာရာမှာ ၀က်တွေသုံးတယ်ပေါ့..
ဒါပေမယ့် ၁၉၉၅ လောက်ကစပြီး ၀က်တွေသေလာတယ်.
အဲဒီအချိန်မှာ ၀က်တော်တော်များများ စသေလာတယ်.
ကျွန်တော့်မှာ ၀က် ၂၇ ကောင်ရှိတယ်.
၂၀ သေသွားတယ်။အခု ၇ ကောင်ပဲကျန်တယ်.
ဝက်တွေမှာ ကွန်ဒိုယု ရောဂါ ဖြစ်နေတာသိတဲ့ချိန်မှာ ကျွန်တော်တို့ မျှော်လင့်ချက်မဲ့သွားတယ်.
အားလုံး ၀က်ကောင်ရေ ၄၀ လောက်သေတယ်.
ဒီနေရာကို တွေ့လား၊ ဘာမှမရှိတော့ဘူး။ အကုန်သေကုန်ပြီ.
ကျွန်တော့်မှာ ၀က်တစ်ကောင်ပဲ ကျန်တော့တယ်.သူ ၀က်ကလေးတွေ အများကြီးမွေးနိုင်အောင်ကျွေးမွေးတယ်.
ဝက်ကလေးတွေရရင် အိမ်နီးချင်းတွေကို ပေးတယ်.ဒီတော့ ခု နည်းနည်းတော့ ကျန်တယ်.
သူတို့လေးတွေကတော့ မွေးခါစ ၀က်ကလေးတွေပေါ့.
ဗိုင်းရပ်စ်ကြောင့် ဒီရောဂါဖြစ်တာ
ဝက်တွေကို ဗိုင်းရပ်စ်ကူးရင် ၀က်မစင်ကတဆင့် ၃ဆ ကူးစက်တော့တာပါပဲ.
မစင်ကတဆင့် ဆလီဗာမှာရှိတဲ့နေရာတိုင်း တခြား တိရစာန်တွေကိုပါ ဗိုင်းရပ်စ်ကူးတော့တာပါပဲ.
ကူးချိန်က အတော်မြန်တယ်.
မွေးထားတဲ့ တိရစ္ဆ္ဆာန်လေးတွေကို ကယ်ဖို့ အတော်ကြိုးစားရတယ်.
အစိုးရဆီက ဆေးဝါးတစ်ချို့ရဖို့ ကျွန်တော် ဆုတောင်းတယ်.
သူတို့က ဆေးထိုးကုဖို့ ဆေးပုလင်းသေးသေးလေးပေးတယ်.
ဒီတော့ ၀က်ကလေးတွေအပါအ၀င် ကျွန်တော့်တိရစ္ဆ္ဆာန်တွေအားလုံးကို ဆေးထိုးလိုက်တယ်.
ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ဖို့အတွက် ပထမဆုံးလုပ်ရမှာက ၀က်တွေကို ကာကွယ်ဆေးထိုးဖို့ပဲ.
ဒုတိယအဆင့်ကတော့ တိရစ္ဆ္ဆာန်တွေအားလုံးကို တစ်ကန့်င်္စီ ထားရမှာပါ.
ဒီတော့ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပါပြီ.တစ်ကောင်ရောဂါဖြစ်နေရင်တောင် တခြားအကောင်ကို မကူးနိုင်တော့ဘူး။
တတိယအဆင့်က တကယ်လို့များ တစ်ကန့်ထဲထားတဲ့ ကောင်က ဒီရောဂါဖြစ်မယ်ဆိုရင်ပေါ့.
ရောဂါပြန့်ပွားခြင်းကို ဆေးဖြန်းခြင်းနဲ့ လျှော့ချနိုင်ပါတယ်.
ကျွန်တော် ဆေးထိုးအပ် ၀ယ်လာတယ်.ဆေးဆိုင်က ကိုယ့်ဟာကိုယ်ဝယ်ခဲ့တာပါ.
အစိုးရဆေးခန်းကို ကျွန်တော်တို့ တိရစ္ဆ္ဆာန်တွေသွားပြရင် ဆေးထိုးပေးတယ်.ဒါပေမယ့် ငွေတော့ပေးရတယ်.
အစိုးရက ကျွန်တော်တို့ကို ဆေးဝါးအခမဲ့ ကူညီမယ် လို့မျှော်လင့်ခဲ့တယ်.
ဒီလိုနဲ့ အစိုးရဆေးခန်းမကြာခဏသွားပြီးနောက် ကိုယ့်ဟာကိုယ်ပဲ နီးစပ်ရာမှာ အပ်ဝယ်၊ဆေးထိုးလုပ်လိုက်တော့တယ်.
ဒါပေမယ့် ၀က်တွေက သေတုန်းပဲ.
ဒီတော့ နောက်တစ်ခု ထပ်ကြိုးစားကြတယ်.
ပင်နီဆလင်နဲ့ တခြားဆေးတွေကို ဆေးဆိုင်က၀ယ်ပြီး တိရစ္ဆာန်တွေကို ထိုးပေးတယ်.
ဒီ့နောက် ၀က်တွေ ပြန်ကောင်းလာကြတယ်.
ဒီတော့ အစိုးရရဲ့အကူတာဟာ ကျွန်တော်တို့ တိရစ္ဆ္စ္စ္စ္ဆ္စ္စ္စ္စ္စာန်တွေအတွက် အဆင်မပြေဘူးလို့ ထင်တယ်.
အများစုက ကာကွယ်ဆေးထိုးမယ်ဆိုရင်ကျွန်တော်တို့ ဒီရောဂါကို ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်.
အစိုးရကတော့ ဒီတိရစ္ဆ္စ္စ္စ္ဆ္စ္စ္စ္စ္စာန်တွေကို ဘယ်သူပိုင်တယ်စတဲ့ survey လုပ်ဖို့တောင် ရွာကို မလာခဲ့ဖူးဘူး.
သူတို့ ဘယ်တော့မှ မလာခဲ့ပါဘူး.
ဒါကြောင့်လည်း ရောဂါနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ သူတို့မှာ မရှိတာပေါ့.
သူတို့က ဒါနဲ့ပတ်သတ်ပြီး စတင်ဆွေးနွေးမယ်ဆိုရင် ကျွန်တော်တို့ ကူနိုင်တယ်လေ.သူတို့ကမှ ရွာကို မလာတာ.
ဒီတော့ ဒီရောဂါနဲ့ ပတ်သတ်ပြီး သူတို့ တကယ်မသိဘူးပေါ့.
တိရစ္ဆာန်တစ်ကောင်ဖျားပြီဆို လူတွေက ရိုးရာနည်းနဲ့ အရင်ကုတယ်.ခေတ်သစ်ဆေးဝါး
ကို မလုပ်ကြဘူး.
အများစုလုပ်တတ်တာကတော့ လူမှာပေးတဲ့ antibiotic ဆေးကို ၀က်တွေကို တိုက်လိုက်တာပဲ.
ဒါ တကယ် အလုပ်ဖြစ်သလား။ သူက ရောဂါကို ပိုပြန့်ပွားစေတာ.
ဒါကြောင့် အစိုးရဟာ ကျွန်တော်တို့အပေါ် နည်းနည်းပဲအာရုံရှိတယ်လို့ထင်တယ်.