(စ န္တရားသံ) Steven:ကျွန်တော်တို့ Washington, D.C.က National Gallery ထဲမှာပါ ကျွန်တော်တို့ ကြည့်နေတာက Franรงois Boucher ရဲ့ Venus Consoling Love ပဲ ဒီပန်းချီကားက ၁၇၅၁ခုနှစ်လောက်ကလက်ရာ ဖြစ်တယ် ကြည်နူးနှစ်လိုဖွယ်ကောင်းတယ်။ ဒီဟာကိုကြည့်ကြည့် Beth: ဟုတ်ပါတယ်။ ငါတို့ပန်းချီ ရဲ့အလယ်မှာ Venus ဒေါင့်ဖြတ်ပုံစံစောင်းပြီး နေနေတာကို တွေ့ရတယ် Steven: ဒီပုံကဘာကိုသတိရစေလဲဆိုတော့ ပန်းချီက Beth: ၁၇၊ ၁၈ရာစုက ခေတ်စားခဲ့တဲ့အနုပညာလက်ရာပဲ Beth: ဟုတ်တယ်၊ ကိုယ်အလှပြထားတဲ့ လှပတဲ့ Venus က သူမရဲ့ဘယ်ဘက်လက်ကို ခန္ဓာကိုယ်ပေါ်ကဖြတ်ပြီး Cupid ရဲ့မြှားတွေကို ယူဖို့ကြိုးစားနေတယ်။ အဲ့တော့သူ မ... Steven: သူစလို့မရတော့ဘူး Beth: စနောက်လိုက်တာကလူတွေကိုချစ်တတ်သွားစေတယ် Steven: သူကိုင်ဆောင်ထားတဲ့ မြှားက စိတ်ဆန္ဒကိုထက်သန်စေတဲ့အရာပဲ Beth: ဒီမှာစိမ်းနုရောင်လေးတွေ၊အပြာလေးတွေ ပန်းရောင်အခွေအလိပ်ပုံစံလေးတွေ Steven: ပုံပြင်ထဲကလို စိတ်ကူးယဉ်ဆန်ဆန် အိပ်မက်နေရာလေးလို ဖန်တီးထားတယ် ရှုခင်းကိုကြည့်ပါဦး အဲဒါက ဝေးသွားလိုက် နီးသွားလိုက် ပျောက်သွားလိုက်နဲ့ ဒီသစ်ပင်ကြီးဆိုအလယ်နားမှာရှိတယ်၊ အဲဒါကညာဘက်အနောက်နားလေးမှာရှိတယ် သစ်ပင်က အဝေးကြီးလိုထင်ရပေမယ့် သူတို့ တကယ် ကွာခြားနေတာမဟုတ်ဘူး Beth: တကယ်ကွာအောင် ဆွဲထားတာမဟုတ်ဘူး Steven: တကယ်မဟုတ်ပါဘူး Beth: သဘာဝအလှ နဲ့ရှုခင်းအလှကို ပုံပေါ်အောင် ဖန်တီးထားတာပဲ Steven: ဒီပန်းချီ မှာ ခွင့်လွှတ်တဲ့ခံစားချက် ချစ်ခြင်းမေတ္တာရဲ့ ရသ ကို ပေါ်လွင်အောင် ဖော်ပြထားတယ် Beth: ပြီးတော့ ဒီဟာက Madame de Pompadour က တာဝန်ပေးအပ်ခဲ့တာမဟုတ်လား Steven: သူမက ဘုရင့်မိဖုရားတစ်ပါးပဲ လူတွေကတော့ သူမက Venus အစား လုပ်ခဲ့တယ်လို့ ပြောကြတယ် ငါထင်တာကတော့... Beth: အဲဒါက သူမက စံထားရမယ့်အမျိုးသမီး ဖြစ်လို့ပဲ Steven: ဟုတ်ပါတယ် မှန်နိုင်ပါတယ် ဒါပေမယ့် တော်တော်များများ ပြောကြတာက ခဏတာလူစိတ်ဝင်စားဖို့ဆိုပြီး ပြီးတော့ ဒီပန်းချီ က ပြင်သစ်တော်လှန်ရေးမတိုင်ခင် ကာလ ကဆိုတော့ အဲအချိန်တုန်းက ပန်းချီ တွေက ခံစားချက်တွေ ခွင့်လွှတ်မှုတွေ ကိုယ်ခန္ဓာအလှတွေ နဲ့ဆက်နွှယ်မှုရှိတဲ့အချိန်လေ (စ န္တရားသံ)