အပူတော်တော်ကြီးနေပြီ. နားတောင်ပူနေတယ်.. သူဘာမှ မစားနိုင်ဘူး.အစားစားချင်စိတ်လည်းမရှိတော့ဘူး.. သူ့မိဘတွေကတော့ ဒါသန်ကောင်ကြောင့်လို့ ထင်နေတယ်.. ဒါကတော့ ဂျော့ဘီဂျိုကာရွာ ပါ.. ရွာသားတွေက ဆေးရှာဖို့ ဘီကာကို ထွက်သွားကြပြီ.. ဒီတော့ ဒီနေရာက ကျတ်တီးဖြစ်လာတယ်. ဒါ အုတ်ဂူတွေလေ. ဂျော့ဘီဂျိုကာရွာမှာ ဖြစ်ခဲ့တဲ့ ထူးခြားတဲ့ရောဂါအတွက် အတော်များများသေခဲ့ရတယ်. ပြည်တွင်း NGO တစ်ခု၏မှတ်တမ်းအရ ကရွန်မျိုးနွယ်စုဝင်(၉၅)ယောက်ကျော်သည် အမည်မသိ ရောဂါအတွက် သေဆုံးခဲ့ရသည်။ ကရွန်မျိုးနွယ်စုများသည် အနောက်ပါပူရာ၏တန်မ်ဘရောတောင်၊ ကွာရူနယ်၏ (၈)ရွာမြောက်တွင် နေထိုင်ကြသည်။ တန်မ်ဘရောတောင် ဒီမှာ ငါအလုပ်လုပ်တယ်... တန်မ်ဘရော ရဲ့ ခေါင်တဲ့ဒေသမှာ ဘုရားသခင် အမှုတော်ထမ်းတယ်ပေါ့.. since 1981. ၁၉၈၁ ကထဲက ပေါ့လေ.. ဒီမှာ ငါရှိစဉ်အတွင်းမှာ အခြေချနေလို့ရတာတွေအပြင် ရွာတွေအများကြီး တည်ခဲ့တယ်... ဘီကာ၊အော်ဗီဖော၊စူရာ၊ဆီဘတ်၊ဘတ်ဒီ၊ခရစ်စနို၊စူရာ၊ခရာဖော့စု...(၇)ရွာမက..(၈)ရွာလောက်ရှိမယ်.. ဟုတ်တယ်... ဂျော့ဘီဂျိုကာရွာ မှာဖြစ်ခဲ့တဲ့ ရောဂါကြောင့်... ကရွန်မျိုးနွယ်တွေ ရုတ်တရက်သေကုန်ကြတယ်.. ကျန်းမာရေးဠာနကို ကျွန်တော်တို့ အကြိမ်များစွာ သွားတယ်. ဒါပေမယ့် သူတို့က ဆေးလည်းမကုပေးသလို ဂရုလည်းမစိုက်ဘူး. အစီရင်ခံစာတွေကလည်း သူတို့အပေါ်လျစ်လျူရှုလျက်ပဲ. ဒီမှာ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်ရင်.. ဒီနေရာကလူတွေ(သို့မဟုတ်)တခြားရွာကလူ ဖျားမယ်ဆိုရင် အဲဒီဖျားနာသူတွေကို တခြားတစ်ရွာရွှေ့ကြတယ် Usually to Werur. ၀ီရာ ကို သွားတာများတယ်. သူတို့မှာ ကျန်းမာရေးဆိုင်ရာဆိုလို့ ဆေးခန်းလေးတောင်မရှိဘူး။ လူတစ်ယောက်ဖျားတာနဲ့ ၀ီရာကို ပို့လိုက်တာချည်းပဲ.. ငါ့အိမ်ကို ရောက်လာတာပေါ့. မင်း ဘယ်က လာတာလဲ။ မင်းရွာကနေ ဒီနေရာရောက်အောင်လမ်းလျှောက်လာတာလား။ ဟုတ်တယ်.လမ်းလျှောက်လာတာ။ က၀ါကနေ (၄)ရက်..မာရီယန်ကနေ သုံးလေးငါးရက်လာရတယ်။ တစ်ချို့ကတော့ အဖျားပျောက်ပြီး သူတို့ရွာ သူတို့ပြန်တယ်. တစ်ချို့ကတော့ ဒီ ၀ီရာရွာမှာပဲ သေတယ်.. ဒါကြောင့် ကျွန်တော်က ဒီဆေးဝါးအချို့ကို သူတို့အတွက် ၀ယ်တာ.. သူတို့ကို ကယ်ဖို့ ကျွန်တော့်ချက်ခ်ျကျောင်းတော်ကတဆင့် အကူအညီတောင်းနေရတာပဲ။ အစိုးရဠာနဆိုင်ရာကျန်းမာရေးအရာရှိများသည် ၂၀၁၂ ခုနှစ်အတွင်း တကြိမ်သာ လာရောက်စစ်ဆေးဖူးသည်။ အဲဒီထဲကစပြီး ကျန်းမာရေးဠာနရဲ့ စောင့်ရှောက်မှုကို ကျွန်တော်တို့စောင့်နေတော့တာ.. အနောက်ပါပူရာနယ်ပိုင်းရော စောင့်ကြတာပေါ့.. သူတို့က ပြန်လာမယ် ကတိပေးသွားလို့ ကျွန်တော်တို့စောင့်နေတာ.. ခုထိ စောင့်နေကြတုန်းပါပဲ.. ဒီမှာ ဆေးဝါးစင်တာအနည်းငယ် ဆောက်လိုတယ် လို့ သူတို့ပြောသွားတယ်။တစ်ခုက ဘတ်တီမှာ..တစ်ခုကဒီမှာပေါ့။ ဆေးဝါးစင်တာ နည်းနည်းလောက်နဲ့တော့ ဒီမှာ မပြီးသင့်ဘူး.. ဆေးဝန်ထမ်းတစ်ဖွဲ့လုံးပါ ပံ့ပိုးပေးရမှာပါ...