ငါတို့ လူသားတွေဟာ ကိုယ့်ဘေးပတ်ဝန်းကျင်ကို ကြည့်ရုံနှင့်
ဝတ္တုပစ္စည်းအမျိုးမျိုးရှိတာကို
နှစ်ပေါင်းထောင်ချီပြီးတော့ သိထားပြီးသားပါ။
အဲ့ဒီအမျိုးမျိုးသောပစ္စည်းတွေဟာ
ဂုဏ်သတ္တိတွေ ကွဲပြားကြတယ်။
ဂုဏ်သတ္တိ မတူယုံတင်မကဘူး၊
တစ်ခုက သူ့နည်းသူ့ဟန်နှင့် အလင်းပြန်ချင်ပြန်မယ်
(သို့) မပြန်ချင်မပြန်ဘူး။
ဒါမှမဟုတ်၊ အရောင်တစ်ခုခု ရှိမယ် (သို့) အပူချိန် တစ်ခုခုရှိမယ်။
အရည် (သို့) အငွေ့
(သို့) အစိုင်အခဲတစ်ခု ဖြစ်နေနိုင်တယ်။
ဒါပေမယ့် ငါတို့ဟာ သူတို့ တချို့အခြေအနေတွေမှာ
တစ်ခုနဲ့တစ်ခု တုံ့ပြန်ပုံကို စတင်လေ့လာကြတယ်။
နောက်ပြီး ဒါတွေဟာ ပစ္စည်းအချို့ရဲ့
ဓာတ်ပုံတွေဖြစ်တယ်။
ဒီဟာက ဂရက်ဖိုက် (graphite) ပုံသဏ္ဍာန် ရှိနေတဲ့
ကာဗွန် (carbon) ဖြစ်တယ်။
ဒါကတော့ ခဲ ၊ ဒါကတော့ ရွှေ ဖြစ်တယ်။
ပြီးတော့ ကျွန်တော် ဒီမှာပြထားတဲ့ဓာတ်ပုံတွေအားလုံးကို
ဒီ website ကနေရထားတာပါ။
ဒါတွေအားလုံးဟာ အစိုင်အခဲပုံသဏ္ဍာန်တွေပါ။
ဒါပေမဲ့ သူတို့ထဲမှာ
လေတစ်မျိုးမျိုး၊
လေမှုန်တစ်မျိုးမျိုး ရှိတာကို ကျွန်တော်တို့ သိထားတယ်။
ဒါ့အပြင်၊ သင်မြင်နေရသည့် လေမှုန်အမျိုးအစားဟာ
ကာဗွန် (carbon) လား၊ အောက်ဆီဂျင် (oxygen) လား၊
(သို့) နိုက်ဒရိုဂျင် (nitrogen) လား ဆိုတာပေါ်မူတည်ပြီး
သူ့မှာ ဂုဏ်သတ္တိတွေ အမျိုးမျိုးရှိနေပုံရတယ်။
(သို့) အပူချိန် လုံလုံလောက်လောက် မြှင့်တင်ပေးနိုင်ရင် အရည်ဖြစ်နိုင်တဲ့
တစ်ချို့ ပစ္စည်းတွေလဲရှိတယ်။
ရွှေတို့၊ ခဲတို့ကို အပူချိန်လုံလောက်အောင် မြှင့်တင်ပေးလိုက်ရင်
သင်ဟာ အရည်တောင်ရနိုင်သေးတယ်။
ဒါမှမဟုတ် သင်ဟာအကယ်၍များ
ဒီကာဗွန် (carbon) ကိုမီးရှို့မယ်ဆိုရင်
သူရဲ့ တည်ဆောက်ပုံကို ပျက်စေပြီး
လေထုထဲကိုလွှတ်နိုင်မည့် အငွေ့သဏ္ဍာန်နဲ့တောင်
ရနိုင်သေးတယ်။
ဒီအချက်တွေ အားလုံးဟာ
လူတွေ နှစ်ပေါင်းထောင်နဲ့ချီပြီး လေ့လာတွေ့ရှိထားတာတွေပါ။
အဲ့ဒါက တစ်လျှောက်လုံး ထင် ကြေးပေးနေတဲ့မေးခွန်းကို
သဘာဝကျသည့် မေးခွန်းတစ်ခုအဖြစ်ပြောင်းလဲသွားစေတယ်။
(ဒါပေမယ့်) အခုတော့ ငါတို့ဒီဟာကို နည်းနည်း ကောင်းကောင်း ဖြေနိုင်လာပြီး
အဲ့မေးခွန်းကတော့ အကယ်၍ ဒီကာဗွန် (carbon) ကို
သေးသထက်သေးသော အပိုင်းအစဖြစ်အောင် ကွဲပျက်စေမယ်ဆိုရင်
ကာဗွန်ရဲ့ ဂုဏ်သတ္တိ ဆက်ရှိနေဦးမည့်
အသေးဆုံးသောဖွဲ့စည်းမှု
ရှိနိုင်သလား။
ပြီးတော့ အဲဒါကို ထပ်ပြီးကွဲပျက်စေခဲ့ရင်
ကာဗွန်ရဲ့ဂုဏ်သတ္တိတွေ ကုန်သွားမှာလား။
အဖြေက...အသေးဆုံးသောဖွဲ့စည်းမှုဆိုတာ ရှိတယ်။
အခေါ်အဝေါ်သိရအောင်
ကျနော်တို့အဲ့ဒီပစ္စည်းတွေ၊
(အဲ့ဒီ့သန့်စင်ပစ္စည်းတွေကို)
အပူချိန်တစ်ခုခုမှာ ဂုဏ်သတ္တိတစ်ချို့ရှိ ပြီး
တစ်နည်းနည်းဖြင့် တုံ့ပြန်သည့် ပစ္စည်းတွေကို
ကျနော်တို့ အဲလီမင့် (Element) လို့ခေါ်တယ်။
ကာဗွန်ဟာ အဲလီမင့် တစ်ခု၊ ခဲဟာ အဲလီမင့်တစ်ခု၊
ရွှေဟာ အဲလီမင့် တစ်ခု ဖြစ်တယ်။
ရေကို အဲလီမင့် လို့ လည်းပြောလို့ရတယ်
သမိုင်းမှာ လူတွေက ရေကို အဲလီမင့် လို့ပဲ ဆိုခဲ့ကြတယ်။
ဒါပေမယ့် အခုတော့ ရေဟာ ပိုပြီး အခြေခံကျသည့် အဲလီမင့်တွေနှင့် ဖွဲ့စည်းထားတာကို သိကြပြီ။
ရေဟာ အောက်ဆီဂျင် နှင့် ဟိုက်ဒရိုဂျင် ပေါင်းစပ်ထားတာဖြစ်တယ်။
ပြီးတော့ အဲလီမင့် အားလုံးကို
element periodic ဇယားမှာ ဖော်ပြထားတယ်။
"C" က ကာဗွန်ကို ကိုယ်စားပြုတယ်။
(ကျွန်တော် လူသားတွေနဲ့ဆက်နွယ်မှုရှိတဲ့ ဟာတွေပဲ
အခု ပြောသွားမယ်)
(ဒါပေမယ့်) အချိန်နှင့်အမျှ ဒါတွေအားလုံးနှင့် ရင်းနှီးလာမှာပါ။
ဒါက အောက်ဆီဂျင်၊ ဒါက နိုက်ဒရိုဂျင်၊ ဒါက စီလီကွန်၊
ဒီ Au ဆိုတာက ရွှေ။ ဒါက ခဲ။
ပြီးတော့ element တွေရဲ့ အခြေခံ ဖွဲ့စည်းမှု (basic unit) က
အက်တမ် (atom) ဖြစ်တယ်။
ဒီတော့ အကယ်၍ ဆက်ဆက်ပြီး
သေးသထက်သေးသည့် အပိုင်းအစတွေကို ရှာမယ်ဆိုရင်
တဖြည်းဖြည်းနဲ့ ကာဗွန်အက်တမ် ကိုရလိမ့်မယ်။
ဒီမှာ အဲ့ဒီလိုပဲ လုပ်ရင်
တဖြည်းဖြည်းနဲ့ ရွှေအက်တမ်ကို ရလာမယ်။
ဒီမှာလည်း အဲ့ဒီလိုပဲ လုပ်ရင်
တဖြည်းဖြည်းနှင့် ဒီ့ထက်သေးသည့်
ခဲအက်တမ် လို့ ခေါ်ရမည့်
(ပိုကောင်းသည့်စကားမရှိလို့) အမှုန် (particle) ရလာမယ်။
အဲ့ဒါကို ဒီ့ထက်ပိုပြီးသေးအောင် ကွဲပျက်စေလို့ မရတော့ပေမယ့်
။ ခဲရဲ့ ဂုဏ်သတ္တိတွေ ရှိနေသေးလို့
အဲဒါကို ခဲလို့ပဲ ခေါ်သေးတယ်။
သဘောတစ်ခု ပြောမယ်။
ကျွန်တော် တကယ်ကို စဉ်းစားရခက်တဲ့ဟာ ဖြစ်တယ်။
အဲ့တာက အက်တမ်တွေဟာ မယုံနိုင်အောင်ကို သေးတာပါ။
တစ်ကယ်ပါ ... စဉ်းစားလို့မရအောင် သေးတယ်။
ဥပမာအားဖြင့် ကာဗွန်။
ကျွန်တော့် ဆံပင်ဟာလည်း ကာဗွန် နဲ့ လုပ်ထားတာ။
တစ်ကယ်ဆို ကျွန်တော့်ကိုယ်ခန္ဓာအများစုက ကာဗွန်နှင့် လုပ်ထားတာ။
တကယ်ဆို သက်ရှိတော်တော်များများဟာ ကာဗွန် နဲ့လုပ်ထားတာ။
အဲ့ဒါကြောင့် ကျွန်တော့ဆံပင်ကို ကြည့်မယ်ဆိုရင်၊ ကျွန်တော့်ဆံပင်ဟာ ကာဗွန် ပဲဖြစ်တယ်။
ကျွန်တော့်ဆံပင်က အများအားဖြင့် ကာဗွန် ပါ။
တစ်ကယ်လို့ ကျွန်တော့်ရဲ့ဆံပင်ကို ဒီနားမှာကြည့်မယ်ဆိုရင်
ကျွန်တော့်ဆံပင်ကမဝါဘူး။
ဒါပေမယ့် နောက်ခံ အမဲရောင်နဲ့လိုက်တယ်။
ကျွန်တော့ဆံပင်က အမဲရောင်ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော် ဒါလုပ်ရင်၊
ဖန်သားပြင်ပေါ်မှာ အဲဒါကို သင် မြင်ရမှာမဟုတ်ဘူး။
အကယ်၍ သင် ကျွန်တော့် ဆံပင်ကို ဒီကယူခဲ့ရင် ...
ကျွန်တော့်ဆံပင်ဟာ ကာဗွန်ဘယ်နှစ်ခုစာလဲလို့ ကျွန်တော် မေးမယ်။
တကယ်လို့ ကျွန်တော့ဆံပင်ရဲ့ အရှည်မဟုတ်၊ ကန့်လန့်ဖြတ်
အလုံးအကျယ်ကို တိုင်းပြီးတော့ ပြောမယ်
အဲဒါ ကာဗွန်ဘယ်နှစ်ခုစာ ကျယ်လဲလို့။
သင်ခန့်မှန်းမိမယ်... အို Sal က
အရမ်းသေးတယ်ဆိုတာ ပြောပြီးပြီပဲ။
ဒီတော့ ကာဗွန်အက်တမ် တစ်ထောင်စာ ရှိမယ်။
(သို့) တစ်သောင်း၊ (သို့) တစ်သိန်း၊
ကျွန်တော် မဟုတ်ဘူး လို့ ပြောမယ်။
ဒီမှာ ကာဗွန်အက်တမ် တစ်သန်းရှိတယ်။
ကာဗွန်အက်တမ် အခုတစ်သန်းကို
(ပုံမှန်)လူရဲ့ ဆံပင်လုံးအကျယ်မှာ သီလို့ရတယ်။
သိတဲ့အတိုင်း အဲဒါ အကြမ်းဖျင်း ပြောတာ။
တစ်သန်းကွက်တိတော့မဟုတ်ပါဘူး။
ဒါပေမဲ့ အက်တမ်တစ်ခုဟာ ဘယ်လောက်
သေးတယ်ဆိုတဲ့သဘော သိအောင်လို့ ပါ။
ခေါင်းကဆံပင်တစ်ချောင်းဆွဲနုတ်ပြီး
အခုတစ်သန်းလောက်ဟာတွေကို
ဆံပင်ကန့်လန့်ဖြတ်မှာ တစ်ခုဘေးတစ်ခု
(အရှည်မဟုတ်ဘဲ၊ အကျယ်မှာ)
ထားတာကို တွေးကြည့်လိုက် စမ်းပါ။
ဆံပင်ရဲ့အလုံးအကျယ်ကိုမြင်ရဖို့တောင်ခက်တယ်။
အဲ့ဒီ့မှာ ကာဗွန်အက်တမ်ပေါင်း တစ်သန်း
စီနိုင်တယ်။
အဲဒါကိုက အတော့်ကို လွန်လှပြီ။
ကျွန်တော်တို့ သိတာ က၊
ကာဗွန်ရဲ့ အခြေခံအကျဆုံး ဖွဲ့စည်းမှု၊
အဲလီမင့်တို့ရဲ့ အခြေခံအကျဆုံးဖွဲ့စည်းမှု ဆိုတာရှိတယ် လို့ပါ။
ကောင်းတာတစ်ခုက အဲဒီအခြခံအကျဆုံးဖွဲ့စည်းမှုတွေဟာ
တစ်ခုနှင့်တစ်ခု ဆက်နွယ်နေတာပါပဲ။
ကာဗွန်အက်တမ်ဟာ ပိုပြီးအခြေခံကျသည့်
အမှုန်တွေနဲ့ လုပ်ထားတာပါ။
ရွှေအက်တမ်ဟာပို ပိုပြီးအခြေခံကျသည့်
အမှုန်တွေနဲ့ လုပ်ထားတာပါ။
သူတို့ဟာ
အဲ့ဒီ့အခြေခံကျတဲ့အမှုန်အမွှားတွေရဲ့ နေရာထားသိုမှု နှင့်ဆိုင်နေပြန်တယ်။
တစ်ကယ်လို့သင်ဟာအခြေခံ
အမှုန်အမွှားအရေအတွက်ကိုပြောင်းခဲ့မယ်ဆိုရင်
အဲ့ဒီ အဲလီမင့်ရဲ့ ဂုဏ်သတ္တိတွေကို တောက်ပြောင်သွားစေလိမ့်မယ်။
ဘယ်လိုတုံ့ပြန်တာ၊
(သို့) အဲ့ဒီ အဲလီမင့် ကိုယ်တိုင်ကိုတောင် ပြောင်းသွားစေနိုင်တယ်။၊
နည်းနည်းပိုရှင်းသွားအောင်
အဲဒီ အခြေခံအဲလီမင့်တွေအကြောင်း ဆက်ပြောကြရအောင်။
ဒီတော့... ပရိုတွန် (proton) ရှိတယ်။
ပရိုတွန်ကို သတ်မှတ်ပေးပုံက၊
အက်တမ်ရဲ့ နူကလီးယပ်ထဲမှာ ပရိုတွန် ဘယ်နှစ်ခု ပါသလဲဆိုတာက
(နူးကလီးယပ် အကြောင်းမကြာခင်ပြောပါ့မယ်)
အဲလီးမင့်ကို သတ်မှတ်တာပဲ။
ကဲ ... ဒီတော့ ဒါက အဲလီးမင့် ကိုသတ်မှတ်တဲ့ဟာ။
သင် ဒီ periodic ဇယားကို ကြည့်မယ်ဆိုရင်
သူတို့တွေဟာ အက်တမ် နံပါတ် အလိုက်ရေးထားတာ။
အက်တမ် နံပါတ် ဆိုတာက
အဲလီးမင့် မှာရှိသည့် ပရိုတွန် အရေအတွက်ပါပဲ။
ဒီတော့ အဓိပ္ပါယ်အရ ဟိုက်ဒရိုဂျင် မှာ ပရိုတွန် တစ်ခုရှိတယ်။
ဟီလီယမ် မှာ ၂ခု၊ ကာဗွန် မှာ ၆ခု၊
ပရိုတွန် ၇ ခု ပါသည့်ကာဗွန် မရှိနိုင်ဘူး။
တစ်ကယ်လို့ရှိခဲ့ရင် အဲ့ဒါ နိုင်ဒရိုဂျင် ဖြစ်သွားပြီ။
ကာဗွန် မဟုတ်တော့ဘူး။
အောက်ဆီဂျင်က ပရိုတွန် ၈ ခုရှိတယ်။
တကယ်လို့ ပရိုတွန်နောက်တစ်ခု ထပ်ထည့်မယ်ဆိုရင်
အဲဒါ အောက်ဆီဂျင် မဟုတ်တော့ဘူး။
ဖလော်ရင်း (Fluorine) ဖြစ်သွားပြီ။ အဲလီးမင့်ကို သတ်မှတ်တာ။
အဲလီးမင့်ကို သတ်မှတ်တာ။
ပြီးတော့ အက်တမ်နံပါတ် ဆိုတာ ပရိုတွန် အရေအတွက်
ပရိုတွန် အရေအတွက် ... ပြီးတော့ မှတ်ထားပါ
အဲ့တာက periodic ဇယား မှာရှိတဲ့ အဲလီးမင့် တိုင်းအတွက်
ဒီအပေါ်မှာရေးထားတဲ့နံပါတ်
ပရိုတွန် အရေအတွက်ဟာ
အက်တမ်နံပါတ်နှင့် အတူတူပဲ။
အက်တမ်နံပါတ်နှင့် အတူတူပဲ။
အဲဒီနံပါတ် ကို ဒီအပေါ်မှာထား တာက
အဲ့ဒီ အဲလီးမင့်ရဲ့ သဘာဝဂုဏ်သတ္တိ ဖြစ်နေလို့ပဲ။
အက်တမ်ရဲ့ တခြားပါဝင်ပစ္စည်း ၂ ခုက
(ကျွန်တော်တို့ဒီလိုခေါ်နိုင်တယ်လို့ထင်တာပဲ)
ဘာလဲဆိုတော့ အီလက်ထရွန် နှင့် နူထရွန် တို့ပါ။
ခေါင်းထဲမှာ စပြီး ဆင်နိုင်သည့် model ကတော့
(ဒီ model ကို chemistry ကိုသင်တာနဲ့အမျှ တွေ့ပါလိမ့်မယ်)
model ဟာ နည်းနည်းပိုပြီး ဒြပ်မဲ့ ဖြစ်လာလိမ့်မယ်။
ပြီးတော့ နားလည်ဖို့ အရမ်းလည်း ခက်လာလိမ့်မယ်။
ဒါကို တွေးကြည့်ပုံ တစ်နည်းက
ပရိုတွန် နှင့် နူထရွန် တို့ဟာ
အက်တမ်ရဲ့ အလည်ခေါင်မှာ ရှိတယ်...လို့ပါ။
သူတို့တွေဟာ အက်တမ်ရဲ့ နူကလီးယပ် ပဲဖြစ်တယ်။
ဒီတော့ ဥပမာပေးရလျှင် ကာဗွန်မှာ ပရိုတွန် ၆ ခုရှိတာ သိတယ်။
ဒီတော့ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆။
ကာဗွန် တစ်မျိုးဖြစ်သည့် ကာဗွန် ၁၂ ဆိုလျှင်
နူထရွန် ၆ခုရှိတယ်။
နူထရွန် အရေအတွက်ခြင်း ကွာသည့်
ကာဗွန် အမျိုးမျိုး ရှိကြတယ်။
ဒီတော့ နူထရွန်တွေ ပြောင်းနိုင်တယ်၊
အီလက်ထရွန်တွေ ပြောင်းနိုင်တယ်။
ဒါပေမယ့် ဒီအဲလီးမင့်ပဲ ရှိဦးမယ်။
ပရိုတွန်တွေကတော့ မပြောင်းနိုင်ဘူး။
ပရိုတွန်တွေပြောင်းလဲလိုက်ရင်၊ အဲလီးမင့် မတူတော့ဘူး။
ကျွန်တော် ကာဗွန် ၁၂ ရဲ့ နူကလီးယပ်ကို ဆွဲမယ်။
ဒီတော့ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ ။
ဟော့ဒီဟာက ကာဗွန် ၁၂ ရဲ့ နူကလီးယပ် ပဲ။
နောက်ပြီး တစ်ခါတစ်ရံ သူ့ကို ဒီလိုရေးတယ်။
တစ်ခါတစ်လေ
ပရိုတွန် အရေအတွက်ကိုတောင် ရေးကြတယ်။
ဒါကို ကာဗွန် ၁၂ လို့ရေးသည့် အကြောင်းက
(သိတဲ့အတိုင်း၊ ကျွန်တော် နူထရွန် ၆ ခုကို ထည့်မရေထားဘူး)
ဒါဟာ စုစုပေါင်း...
(ဒါကို စုစုပေါင်းအရေအတွက်လို့မြင်လို့ရတယ်)
(ဒါက ကြေညာပုံ တစ်နည်းပေါ့)
(နောက်ပိုင်းမှာ ပိုသဲကွဲ လာလိမ့်မယ်)
ဒါဟာ စုစုပေါင်း...
နူကလီးယပ် ထဲက ပရိုတွန် နှင့် နူထရွန် အရေအတွက်ပဲ။
ပြီးတော့ သတ်မှတ်ချက်အရ ဒီကာဗွန်ရဲ့ အက်တမ်နံပါတ် က ၆။
(ဒါပေမယ့်) ကျွန်တော်တို့ ဒီမှာ ပြန်ရေးလို့ရတယ်၊
ကိုယ့်ကိုကိုယ် သတိပြန်ပေးတဲ့ အနေနဲ့၊၊
ဒီတော့ ကာဗွန်အက်တမ် ရဲ့အလယ်မှာ နူကလီးယပ် ရှိတယ်။
ပြီးတော့ ကာဗွန် ၁၂ မှာ ပရိုတွန် ၆ ခု၊ နူထရွန် ၆ ခုရှိမယ်။
နောက်ကာဗွန်တစ်မျိုးဖြစ်တဲ့ ကာဗွန် ၁၄ မှာ
ပရိုတွန် က ၆ခု ပဲ၊ (ဒါပေမယ့်) သူ့မှာ နူထရွန် ၈ ခုရှိတယ်။
ဒါကြောင့် နူထရွန် အရေအတွက် ပြောင်းနိုင်တယ်။
ဒါပေမယ့် ဒီဟာက ကာဗွန် ၁၂ ပဲဖြစ်တယ်။
ပြီးတော့ တစ်ကယ်လို့ ကာဗွန် ၁၂ ဟာ neutral ဖြစ်တယ်ဆိုရင်၊
(neutral ရဲ့အဓိပ္ပါယ်ကို ကျွန်တော်ရှင်းပြပါ့မယ်)
တစ်ကယ်လို့ သူဟာ neutral ဖြစ်လျှင် အီလက်ထရွန်လည်း ၆ခုပဲ ရှိမယ်။
အဲဒီ အီလက်ထရွန် ၆ ခုကို ဆွဲမယ်။
၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ ။
ပြီးတော့ နောက်တစ်နည်း၊ ဒါက first order နည်းနှင့်
နူထရွန် နှင့် နူကလီးယပ်တို့ရဲ့ ဆက်နွယ်မှုကို
စဉ်းစားတဲ့နည်းလမ်းက
အီလက်ထရွန်တွေဟာ
နူကလီးယပ်ရဲ့ ပတ်ပတ်လည်မှာ
ရွေ့လျားနေပုံ ကိုမြင်ကြည့်တာပါ။
တွေးကြည့်နိုင်သည့် model တစ်ခုကတော့
သူတို့ကို နူကလီးယပ်ရဲ့ပတ်ပတ်လည်မှာ
လမ်းကြောင်းတွေနှင့်ပတ်နေတာကိုပါ။
ဒါပေမယ့် အဲ့ဒါက သိပ်မမှန်လှဘူး။
ဂြိုဟ်တွေ နေကို ပတ်နေတာမျိုး
ပတ်တာ မဟုတ်ဘူး။
(ဒါပေမယ့်) အဲ့ဒီလိုစဉ်းစားပုံက အစကောင်းတော့ ဖြစ်ပါတယ်။
နောက်တစ်မျိုးက သူတို့ဟာ နူကလီးယပ်ရဲ့
ပတ်လည်မှာ ဟိုခုန်ဒီခုန်၊ ခုန်နေတာ၊
(သို့) နူကလီးယပ် ရဲ့ပတ်လည်မှာ လျှင်မြန်စွာ ရွေ့လျှား နေကြတာ..ပါ။
ဘာလို့လဲဆိုရင်
ဒီအဆင့်မှာ အရမ်း ရှုပ်လာ ပြီ
အီလက်ထရွန် တွေ ဘာလုပ်နေသလဲ နားလည်ဖို့
ကျနော်တို့ quantum physics အကြောင်း ပြောရတော့မယ်။
ခေါင်းထဲ စိတ်နှင့် အရင်ဆုံး ပုံဖော်နိုင်တာ က
(အဲ့ဒီ အက်တမ်)၊ အဲ့ဒီ ကာဗွန် ၁၂ အက်တမ်ရဲ့ အလယ်ခေါင်မှာ
ဒီ နူကလီးယပ် ရှိတာ ကိုပါ။
ဒီ နူကလီးယပ် ဟောဒီနေရာမှာ ရှိတယ်။
ပြီးတော့ ဒီအီလက်ထရွန်တွေဟာ
နူကလီးယပ်ရဲ့ ပတ်လည်မှာ ခုန်နေကြတယ်။
ဘာလို့ အဲ့ဒီ အီလက်ထရွန်တွေဟာ
ဒီ နူကလီးယပ် နဲ့ ဝေးရာကို ခွာမသွားတာ၊
ဘာကြောင့် သူတို့ ဒီ နူကလီးယပ် ကို ကပ်နေတာ၊
ပြီးတော့ သူတို့က ဒီ အက်တမ် ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်နေတာ၊
တို့ဟာ ပရိုတွန်မှာ အဖိုဂုဏ်သတ္တိ ရှိ ပြီး၊
အီလက်ထရွန် ကတော့ အမဂုဏ်သတ္တိရှိလို့ပါ။
ပြီးတော့ အဲ့ဒါဟာ ဒီအခြေခံအမှုန်တို့ရဲ့
ဂုဏ်သတ္တိတွေထဲက တစ်ခုပဲဖြစ်တယ်။
charge ဆိုတာနာမည်အပြင် အခြေခံကျကျ
ဘာဖြစ်မလဲဆိုတာ စ စဉ်းစားကြည့်ရင်
နက်နဲစပြုလာပြီ။
ဒါပေမယ့်ကျွန်တော်တို့သိတာ တစ်ခုက
(လျှပ်စစ်သံလိုက်ဓါတ်စွမ်းအင် အကြောင်းပြောရင်)
မတူတဲ့ charge တွေက တစ်ခုနဲ့တစ်ခုဆွဲငင်ကြတယ်။
အကောင်းဆုံးစဉ်းစားပုံကတော့
ပရိုတွန် နှင့် အီလက်ထရွန်
သူတို့မှာမတူညီတဲ့ charge တွေရှိတာမို့
သူတို့တစ်ခုနဲ့တစ်ခုဆွဲငင်ကြတယ်။
နူထရွန် ကဓာတ်မဲ့တယ်။
ဒါကြောင့် သူတို့ဟာ နူကလီးယပ်ထဲမှာ ဒီတိုင်းပဲ ထိုင်နေကြတယ်။
တစ်ချို့ အဲလီမင့် တွေရဲ့ အက်တမ် တွေ မှာ
သူတို့က အက်တမ်ရဲ့ဂုဏ်သတ္တိကို အထိုက်အလျောက် သက်ရောက်မှုရှိပါတယ်။
(ဒါပေမယ့် ) အီလက်ထရွန်တွေ ရှိရသည့် အကြောင်းက
သူတို့ဘာသာလျှောက်ပျံဖို့တင်မကဘူး
သူတို့ဟာဆွဲငင်ခံနေရလို့ပဲ။
သူတို့ဟာ နူကလီးယပ်ဆီကို ဆွဲငင်ခံနေရတယ်။
ပြီးတော့ သူတို့ဆီမှာ မယုံနိုင်အောင် မြင့်တဲ့ မြန်နှုန်း ရှိတယ်။
တစ်ကယ်တော့ ခက်တယ်...
ကျွန်တော်တို့ ဒီတစ်ခါထပ်ပြီး
အီလက်ထရွန်တွေ
ဘာလုပ်နေလဲဆိုတာကို စပြောပြီဆိုရင်
သိပ်ဆန်းတဲ့ ရူပဗေဒပိုင်းကို ရောက်သွားပြန်တယ်။
(ဒါပေမယ့် တော်လောက်ပါပြီ)
ကျွန်တော့်အထင် သင်ပြောနိုင်တာက
အီလက်ထရွန်တွေဟာ နူကလီးယပ်ထဲကို မဝင်သွားအောင်
ခုန်နေတယ် ...ဆိုတာပါ။
ဒါကတော့ စဉ်းစားတဲ့ နည်းတစ်မျိုးပေါ့။
ပြီးတော့ ဒီက ကာဗွန် ၁၂ ကို သူရဲ့ ပရိုတွန် အရေအတွက်နှင့် သတ်မှတ်တယ်ဆိုတာကို
ကျွန်တော် ပြောခဲ့တယ်။
အောက်ဆီဂျင် ဆိုရင် ပရိုတွန် ၈ခု ရှိ တာက ပြတယ်။
(ဒါပေမယ့်) ထပ်ပြောရလျှင်၊ အီလက်ထရွန် တစ်ခုနဲ့တစ်ခု ဆက်ဆံမှု ရှိတယ်။
တစ်ခြား အက်တမ် တွေက ယူသွားလို့ရတယ်။
အဲဒီ အချက်ပေါ်မှာ ကျွန်တော်တို့ ရဲ့
ဓါတုဗေဒ နားလည်မှု တော်တော်များများဟာ တည်နေတယ်။
အက်တမ်တစ်ခုမှာ (သို့) တချို့ အဲလီးမင့် တစ်ခုခုမှာ အီလက်ထရွန်ဘယ်နှစ်ခု ရှိတာ ပေါ်
မူတည်နေတယ်။
ဒီ အီလက်ထရွန်တွေ ဘယ်လိုတည်ရှိနေလဲ၊
ပြီးတော့ တစ်ခြားအဲလီးမင့်တွေရဲ့ အီလက်ထရွန်တွေကရော ဘယ်လို တည်နေလဲ၊
ဒါမှမဟုတ်ရင်လဲ ဒီ အဲလီးမင့်တစ်ခုတည်းရဲ့ တခြား အက်တမ်တွေဘယ်တည်နေလဲ။
အဲလီးမင့်တစ်ခုရဲ့အက်တမ်တစ်ခုဟာ
အဲဒီအဲလီးမင့်ရဲ့ တစ်ခြားအက်တမ်တွေနှင့် တုန့်ပြန်ပုံ၊
(သို့) အဲလီးမင့်တစ်ခုခုရဲ့ အက်တမ်တစ်ခုနှင့် တုံ့ပြန်ပုံ။
(သို့) ပေါင်းစည်းပုံ (သို့) မပေါင်းစည်းပုံ၊ ဆွဲဆောင်ပုံ၊ (သို့) တွန်းခွာပုံ
(သို့) တစ်ခြား အဲလီးမင့်ရဲ့ တစ်ခြားအက်တမ်နှင့် တွန်းခွာပုံ။
ဥပမာအားဖြင့်
(ဒီဟာကိုနောက်ပိုင်းမှာ ကျွန်တော်တို့ အများကြီး လေ့လာဦးမှာပါ)
တစ်နေရာရာက အက်တမ်တစ်ခုဟာ
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်
ကာဗွန်တစ်ခုရဲ့ အီလက်ထရွန်ကို ကိုဆွဲယူလိုက်လို့ရနိုင်လား။
ပြီးတော့ တစ်ချို့အဲလီးမင့်တွေရဲ့ တစ်ချို့သော ဓာတ်မဲ့အက်တမ်တွေဟာ
အီလက်ထရွန်ကို ပိုကြိုက်သလား ဆိုတာကို ပြောဦးမယ်။
ဒီတစ်ခု ... ထားပါတော့ဒီထဲကတစ်ခုဟာ
အီလက်ထရွန်ကို ကာဗွန်ကနေ ဆွဲယူလိုက်ပြီး၊
အဲ့ဒီ ကာဗွန် မှာ
အီလက်ထရွန်အရေအတွက်က ပရိုတွန်ထက်ပိုပြီးနည်းသွားမယ်။
ဒါဆို ကျွန်တော်တို့မှာ အီလက်ထရွန် ၅ခု၊ ပရိုတွန် ၆ခု ရှိသွားပြီး၊
positive charge ရသွားမယ်။
ဒါဆို ဒီကာဗွန် ၁၂ မှာ၊ ပထမ တခု ကျွန်တော် လုပ်တဲ့ဟာ
ပရိုတွန် ၆ခု၊ အီလက်ထရွန် ၆ခု၊ charge တွေကြေသွားတယ်။
တစ်ကယ်လို့ အီလက်ထရွန် ၁ခု ဆုံးရှုံးခဲ့လျှင်၊ ၅ခုပဲကျန်မယ်။
ဒါဆို ကျွန်တော်တို့မှာ positive charge ရသွားမယ်။
ဒီအကြောင်းတွေကို
chemistry playlist မှာအများကြီးဆက်ပြောမှာပါ။
ဒါတွေဟာ အခုကို စိတ်ဝင်စားစရော စကောင်းနေပြီဆိုပြီး
ခင်ဗျားတို့ သ ဘောကျလိမ့်မယ်လို့ မျော်လင့်မိတယ်။
ကျွန်တော်တို့ အက်တမ်လို့ခေါ်တဲ့အခြေခံကျတဲ့ဖွဲ့စည်းမှုကို
ပြောခဲ့ပါပြီ။
ဒီထက်ပိုပြီးတောင် ကောင်းတဲ့ဟာက
ဒီအခြေခံကျတဲ့ဖွဲ့စည်းမှုဟာ
ဒီ့ထက်ပိုပြီးအခြေခံကျတဲ့ဖွဲ့စည်းမှုတွေနဲ့ဆောက်လုပ်ထားတာပဲ။
ပြီးတော့ဒီအရာတွေအားလုံးကို အက်တမ်ရဲ့ဂုဏ်သတ္တိကိုပြောင်းဖို့အတွက်
ရွှေ့လို့၊ ပြောင်းလို့ ရနေတာပါပဲ။
(သို့) အဲလီးမင့် တစ်ခုရဲ့ အက်တမ်ကနေ
နောက် အဲလီမင့်တစ်ခုရဲ့ အက်တမ်ဆီကိုတောင် သွားနိုင်တာပါ။