မကြားသေးတဲ့အပတ်က အရှိန်မရပ်သေးတဲ့ အကြမ်းဖက်မှု နှင့် ပစ်ခတ်တိုက်ခတ်မှုတွေဟာ အပစ်မဲ့ ပြည်သူတွေ၊ မိန်းမတွေနဲ့ခလေးတွေကို အသက်ဆုံးရှုံးစေခဲ့ပါတယ်။ နှစ်ဖက်ချင်းအပြန်အလှန်တင်းမာမှုတွေဟာ အကြမ်းဖက်မှုတွေကို အရှိန်မြင့်စေခဲ့ပါတယ်။ ဒါကြောင့်ဒီနေ့ ဆူဒန်ပြည်သူတွေ(တောင်ပိုင်းနဲ့မြောက်ပိုင်း)ကို တိုက်ရိုက်ပြောချင်တာပါ။ မင်းတို့ရဲ့ဘ၀မှာ ဒီသာမာန်ထက်တင်းမာမှုတွေကို သည်းခံနိုင်ခဲ့ပါတယ်။ သေပျောက်ဆုံးသွားခဲ့တဲ့မင်းတို့ရဲ့မိသားစုတွေ သူငယ်ချင်းတွေရဲ့အတွေးအာရုံတွေကိုမင်းတို့ရဲ့နှလုံးသားဆီကိုယူ ဆောင်ကောင်းယူဆောင်နိုင်ပါတယ်။ ဒါပေမယ့် မကြာသေးတဲ့နှစ်က ကြီးမားတဲ့ဆန့်ကျင်မှုကြီးတွေက မေ့ပျောက်လို့မရတဲ့ တိုးတက်မှုတွေနဲ့အတူ အတိတ်ကအကြမ်းဖက်မှုတွေကိုချိုးဖောက်ပြီး ငြိမ်းချမ်းတဲ့အနာဂတ်နဲ့အတွေးသစ်အမြင်သစ်တွေဆီကိုတည် ဆောက်နို်င်ခဲ့ပါပြီး။ အခုတိုးတက်မှုတွေအားလုံးဟာ ပြသနာတစ်ရပ် ကိုဖြေနိုင်တဲ့စွန့်စားမှုပါပဲ။ ဒါကြောင့် မင်းတို့ကိုငါပေးမယ့်သတင်းဟာလည်းရိုးရိုးလေးပါပဲ။ အဲဒါဟာဒီလိုဖြစ်ဖို့မဟုတ်ပါ။ ပြသနာတစ်ရပ်ဟာရှောင်လွဲလို့မရပါဘူးဆိုတာပါပဲ။ မင်းတို့မှာဆက်ရွေးချယ်စရာတွေရှိပါတယ်။ မင်းတို့မှာနောက်ကြောင်းပြန်လှန့်နိုင်တဲ့အကြမ်းဖက်မှုမှ ရှောင်ရှားဖို့အခွင့်အရေးရှိပါတယ်။ ဘယ်လိုလဲဆိုတော့ ဒီအကြမ်းဖက်မှုတွေက အခြေအနေတွေဆိုးရွားစေတာ၊ ခိုလှုံရာမဲ့ပြည်သူတွေပိုများလာတာ၊ပိုမိုပြီးကျပ်တည်းလာတာ၊ပိုမိုပြီး အသေအပျောက်များလာတာ၊ ပိုမိုပြီးမင်းတို့ရဲ့အနာဂတ်တွေကိုဖျက်ဆီးလိုက်တာပါ။ ငါတို့ မင်းတို့ကိုဘယ်လို့ဖြစ်စေချင်တယ်ဆိုတာငါတို့သိပါတယ်။ ဆူဒန်အစိုးရအနေနဲ့လည်း အပစ်အခတ်တွေကိုရပ်တန့်သွားအောင်လုပ်ဆောင်ရမှာပါ။ ဗုံးဆက်လက်ဖောက်ခွဲမှုအပါအ၀င်ဖြစ်ပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေကိုလည်း အကူအညီပေးရေးတွေနဲ့ကာကွယ်ရေးတွေကိုအာမခံပေးရမှပါ။ ပြီးတော့တောင်ပိုင်းဆူဒန်မှရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကိုအကူအညီပေးနေတာတွေ ကိုရပ်ဆိုင်းရမှာပါ အလားတူတောင်ဆူဒန်အစိုးရအနေနှင့်လည်း တောင်ပိုင်းကလက်နက်ကိုင်တွေကိုအကူအညီပေးရေးရပ်ဆိုင်းဖို့နဲ့ နယ်စပ်တစ်လျောက်အပစ်အခတ်ငြိမ်းချမ်းသွားဖို့လုပ်ဆောင်ရမှာပါ။ တောင်ဆူဒန်နဲ့ဆူဒန်သမတတွေက စားပွဲပေါ်တွေ့ဆုံဆွေးနွေးဖို့နဲ့ပြသနာအဖြေရှာကြဖို့ ပြီးတော့ဒီပြသနာတွေပြေလည်အောင်ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့ပါ။ တိုက်ပွဲတိုက်ခိုက်နေတဲ့ တောင်ပိုင်း ကော်ဒိုဖန်နဲ့ဘလူးနိုင်းက လူတွေကလည်း မှတ်ထားရမှာက စစ်နည်းနဲ့အဖြေမရှာကြဖို့ပါ။ အောင်မြင်တဲ့နည်းတစ်ခုတော့ မင်းတို့အကြားတွေ့ဆုံဆွေးနွေးမှုတွေကိုအဖြေပြန်ရှာဖို့ပါ။