11.5 နဲ့ 11.7 ကို ကိန်းမျဉ်းနဲ့ နှိုင်းယှဉ်ပါ။ ဒါဆို ကိန်းမျဉ်းလေးတစ်ခုဆွဲလိုက်ရအောင်။ ပြီးတော့ ကျွန််တော်က 11 နဲ့ 12 ကိုအာရုံစိုက်ပါမယ်။ ဘာလို့လဲဆိုတော့ သူတို့နှစ်ခုကြားထဲမှာ ကျွန်တော်တို့လိုချင်တဲ့ ဂဏန်းနှစ်ခုရှိနေလို့ပါ။ အဲဒါကတော့ 11နဲ့ 12 ကြားထဲက ဒသမကိန်းတွေပါ။ ဒီမှာဒါက 11.ဒါကတော့ 12 ပါ။ ကျွန်တော် ဆယ်ပုံ ပုံလိုက်ပါမယ်။ ဒါက အလယ်တည့်တည့်ပေါ့။ ဒါက 11 နဲ့ 10 ပုံပုံ 5 ပုံပါ ဒါမှမဟုတ် 11.5 ပါ။ ကယ်၊ ကျွန်တော်ပထမအပိုင်းကိုလုပ်ပြီးသွားပြီ။ ကျွန်တော် 11.5 ကိုရှာပြီးသွားပြီ။11 နဲ့ 12 ကွက်တိအလယ်မှာပါ။ ဒါက 11 နဲ့ 10 ပုံပုံ 5 ပုံပါ။ ဒါပေမယ့် ကျွန်တော်ကျန်တာတွေကိုရှာရမယ်။ ကျန်တာလေးတွေကို ပုံလိုက်ဦးမယ်။ ဒါဆို ဒါက ဆယ်ပုံ တစ်ပုံ၊ဆယ်ပုံ နှစ်ပုံ၊ဆယ်ပုံ သုံးပုံ၊ဆယ်ပုံ လေးပုံ၊ဆယ်ပုံ ငါးပုံ၊ ဆယ်ပုံ ခြောက်ပုံ၊ဆယ်ပုံ ခုနှစ်ပုံ၊ဆယ်ပုံ ရှစ်ပုံ၊ဆယ်ပုံ ကိုးပုံ၊ဆယ်ပုံပုံ ဆယ်ပုံ 12 ပေါ့။ ဒါကအချိုးတကျကြီးတော့ မဟုတ်ဘူး။လက်နဲ့ရာပြီးဆွဲထားတာပါ။ ဒါဆို 11.7 ကဘယ်နားမှာရှိမလဲ? ဒါကတော့ 11.5 ပါ။ ဒါက 11.6။ ဒါက 11.7။ 11 နဲ့ ဆယ်ပုံပုံ 7 ပုံပါ။ ဆယ်ပုံ တစ်ပုံ၊ဆယ်ပုံ နှစ်ပုံ၊ဆယ်ပုံ သုံးပုံ၊ဆယ်ပုံ လေးပုံ၊ဆယ်ပုံ ငါးပုံ၊ဆယ်ပုံ ခြောက်ပုံ ၊ဆယ်ပုံ ခုနှစ်ပုံ။ ဒါက 11.7 ပါ။ ကျွန်တော်တို့ကိန်းမျဉ်းပုံစံအရ ညာဘက်ကိုသွားလေ တိုးသွားလေပါ။11.7 က11.5 ရဲ့ ညာဘက်မှာရှိတယ်။ ဒီတော့ 11.5 ထက်အသိသာကြီး ကြီးနေတာပေါ့။11.7 > 11.5 တကယ်တော့ ဒါကိုရှာဖို့အတွက် ကိန်းမျဉ်းဆွဲဖို့မလိုပါဘူး။ ဒီနှစ်ခုလုံးက 11နဲ့ ဆယ်ပုံပုံ 5ပုံ နဲ့ 11နဲ့ ဆယ်ပုံပုံ 7ပုံ ဖြစ်ကြတယ်။ ဒါဆိုသေချာတာပေါ့ ဒီဟာကပိုကြီးတယ်။ နှစ်ခုလုံးမှာ 11 ပါတယ်၊ ဒါပေမယ့် သူ့မှာ ဆယ်ပုံ 7 ပုံဖြစ်ပြီးတော့ သူ့မှာ ဆယ်ပုံ 5 ပုံဖြစ်ပါတယ်။