ကီရွမ်မှာတော့ လယ်သမားတွေက ကွမ်းပင်စိုက်ကြပေမယ့် ရောင်းရခက်တယ်.
ဝမ်မနာမှာတော့ အများစုကကွမ်းဝါးတာကြိုက်ကြပေမယ့် ကွမ်းသီးမရှိဘူး.
ဒီအခြေအနေမှာ ကွမ်းပင်ရှိတဲ့ ကီရမ်က မာမာမားမား(ပါပူရမ်အမျိုးသမီးများ)နဲ့ ချိတ်မိဖို့ အခွင့်အရေးရတယ်.
မာမာမားမားတွေနဲ့အတူ ကွမ်းသီးတွေကို ၀မ်မနာလမ်းတွေပေါ်မှာ ရောင်းကြတယ်.
ကွမ်းသီးလေး ရောင်းခွင့်ပေးပါ။
ဒါတွေကို ဘူတိုနိစ် ကုန်သည်တွေဆီက ၀ယ်တယ်.
ဒါပေမယ့် အမြတ်မရပါဘူး.
ဒီ ပီနန်(ကွမ်းသီး)ဘယ်လောက်လဲ..ရူပီ ၅၀၀၀ ပါ.
တခါတလေတော့ ဘူတိုနိစ်ကုန်သည်ဆီက ၀ယ်တယ်.၁ ကီလိုဂရမ်ကို ရူပီ ၇ သောင်းပေးရတယ်.
ပြီးခဲ့တဲ့ရက်အတည်းငယ်ကတော့ ရူပီ ၆၅၀၀၀ ဖြစ်သွားတယ်.
ဒါကို ၀ယ်ပြီးတာနဲ့ မနက်ကနေ ညအထိ ဒီနေရာမှာ ဖြန့်ခင်းရောင်းတယ်.
ညဆိုရင် ည ၈ နာင်္ရီကနေ ၉ အထိ ရောင်းတယ်.
တခါတလေ ရောင်းမကုန်ရင်တော့ အိမ်ပြန်သယ်သွားတာပေါ့.
ကွမ်းသီးတွေက စတိုးဆိုင်တွေမှာလည်း ရောင်းတော့လေ..သူတို့ကို ယှဉ်ရောင်းဖို့ ခက်တာပေါ့.
ဒီစတိုးမှာဆိုရင် ရေနံဆီ၊ ဟင်းချက်ဆီနဲ့ တခြားဟာတွေ ရောင်းတယ်.
ဒီတော့ ကျွန်မတို့ မာမာမားမား(ပါပူရမ်အမျိုးသမီး)တွေ ဘာလုပ်ကိုင်စားရမလဲ.
ကျွန်မတို့ သူတို့နဲ့ အတိုက်အခံ မဖြစ်လိုပါဘူး။
ဒါပေမယ့် ပါပူရမ်အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ဘယ်လိုရယူမလဲ.
စလုပ်ဖို့သူတို့မှာ ပိုက်ဆံမရှိရင် ကျွန်မတို့ကူတယ်.
ဒီတော့ သူတို့က ၀ယ်ဖို့အတွက် ဖြန့်ချိရေးအေးဂျင့်တွေ ဖြစ်လာတယ်.
ကွမ်းပင်ရှိတဲ့ မာမာမားမား တွေဟာလည်း ကွမ်းသီးရဖို့အတွက် အေးဂျင့်တွေဖြစ်လာတယ်.
ကောင်းတဲ့ ယှဉ်ပြိုင်ခြင်းပါပဲ.
အခက်အခဲတွေရင်ဆိုင်ရပေမယ့် YTHP က Father က ကျွန်မတို့လုပ်ငန်းကို ကူညီပေးတယ်.
သူက သိပ်ကြင်နာတယ်.သူ့အကူအညီဟာ ကျွန်မတို့အတွက် အင်မတန်အားဖြစ်တယ်.
ဒီတော့ ဒီစီးပွားရေးဟာ ကျွန်မတို့ ဘ၀တွေကို ပိုမိုကောင်းစေ၊ပျော်စေမယ် လို့ မျှော်လင့်တယ်.
YTHP(Yayasan Teratai Hati Papua) က ကျွန်မတို့ကို ကူညီနေတာပါ.
ဒီအကူအညီက ကျွန်မတို့အတွက် အင်မတန် ထိရောက်တယ်.
ကျွန်မတို့တွေ ကွမ်းသီးကို ရောင်းနိုင်ပေမယ့် အရင်နဲ့တော့ မတူဘူး။
YTHP က ကွမ်းသီး (၂ )ကီလိုဂရမ်ဝယ်နိုင်အောင် အထောက်အပံ့ပေးတယ်.
ကျွန်မတို့ (၃)ကီလိုဂရမ်လောက် ၀ယ်နိုင်ပါတယ်.ကျွန်မတို့ပေါ်ပဲမူတည်တာပါ..၂ ကီလိုဂရမ်အထက် ထပ်လိုချင်ရင် ကိုယ့်ဟာကိုယ်ပိုက်ဆံပေးဝယ်နိုင်တယ်.
ကွမ်းသီးကတော့ ဈေးကြီးနိုင်ပေမယ့် အဲဒီဈေးအတက်အကျက ပြသနာမဟုတ်တော့ဘူး။
ကျွန်မတို့ ဈေးနဲ့ ကျွန်မတို့ရောင်းတယ်.သတ်မှတ်ဈေးနဲ့ပေါ့.
(၁)ကီလိုဂရမ် ယူတယ်.အကုန်ရောင်းနိုင်ရင် ရူပီ ၁၄၀,၀၀၀ …၁၅၀,၀၀၀ လောက်ရတယ်.
အဲဒိတော့ ရူပီ ၇၀,၀၀၀ ပြန်ပေးနိုင်တာပေါ့.
အစိုးရကိုတော့ ကျွန်မတို့ကို ကြည့်ပါဦးလို့ တောင်းဆိုဖူးပါတယ်.
ပါပူရမ်အမျိုးသမီးတွေက ပစ္ဆ္စ္စည်းသေးသေးလေးတွေကိုပဲ ရောင်းနိုင်ကြတာပါ.
ကုန်သည်ကြီးတွေကို ကွမ်းသီးတွေရောင်းနိုင်မယ့် အခွင့်အရေး မပေးလိုက်ပါနဲ့.
ကွမ်းသီးထက် အခြားကုန်တွေရောင်းဖို့သာ ကုန်သည်ကြီးတွေကို အခွင့်ပေးသင့်ပါတယ်.
စတိုးဆိုင်အပြင် စားပွဲသေးလေးပေါ်မှာ ကြက်သွန်၊ကွမ်းသီးတို့ကို တင်မရောင်းပါနဲ့။ အဲဒီအခွင့်အရေးကို ပါပူရမ်အမျိုးသမီးတွေကို ပေးပါဦး။
ပါပူရမ်တွေကသာ ဒီပစ္ဆ္စ္စ္စ္ဆ္စ္စ္စ္စည်းလေးတွေကို ရောင်းသင့်တာပါ..စတိုးဆိုင်တွေမဟုတ်ပါဘူး။
ကျွန်မတို့ကို သနားပါဦး…